Saturday, August 25, 2007

အဓိပ္ပါယ်မဲ့


ကိုးမရှိတဲ့ န၀င်း
တံခွန်မရှိတဲ့ ဘုရား
လမရှိတဲ့ ည
ဘယ်ဟာကလှမလဲ
ငါ့ဘ၀လည်းဒီလိုပဲလေ...

ငါက...သုည
သူများနောက်ကလိုက်မှ
အဖိုးတန်သတဲ့
ဆိုးလိုက်တဲ့ကံ....

မနက်ဖြန်မှာလည်း
ခပ်မှန်မှန်အသက်ရှူရင်း
သူများတွေအတွက်..ငါ
အသက်ဆက်ရှင်နေဦးမယ်...


ဖြိုးငယ်

0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template