လူ့သက်တမ်း ကို သုံးချိုး ချိုးပြီး
သုံးတိုးလိုက်တဲ့ နေ့တစ်နေ့ ......
တိမ်ယံမှာ ရောင်နီသွန်း
နေခြည်တွေ ပထဝီပေါ်ညွန်းရင်ဖြင့်
ကဗျာတွေယွန်းတဲ့ လက်ပိုင်ရှင်က
မှတ်တိုင်တစ်ခု စိုက်တော့မယ်
ကမ္ဘာစွန်း တစ်ဖက်စီက
မေတ္တာခွန်း တစ်သက်မှီ
အသက်တည် အဝင်အထွက်ညီသမျှ
ဘေးဘယာ ဝေးကွာလို့
ထွေးစရာ လေးကလျှာနဲ့
နှေးမကြာ အကြောင်းဖက်
ရွှေလက်ရယ် ခိုင်ခိုင်ဆက်ဖို့
တောင်းဆုတွေ ခြွေလျှက်ပါ အစ်ကို...
ဆက်လျှောက်ရမယ့် လမ်းစိုင်မှာ
ပန်းတိုင် မရောက်မချင်း
ကဗျာတွေ ခင်းခင်းပြီးလျှောက်
အနုပညာလမ်းကြီး ဖောက်နိုင်ပါစေ ....
အစ်ကိုဖွင့်ထားတဲ့ ပြခန်းမှာ
ကဗျာပန်းတွေနဲ့ဝေလို့
လာလှမ်းသမျှလူတွေ မွှေး
ကမ္ဘာတစ်ခြမ်းမကဝေးရင်တောင်
ပြန်လှမ်းကို မေ့နေလောက်စေရဲ့ ....
အစ်ကိုရေးတဲ့ အဇ္ဈတ္တရဲ့ တေး
နှလုံးသွေးတွေ ဆူပွက်
ကဗျာစပ်တဲ့ လက်တွေက
ရင်ဘတ်အထိ ထိုးဖောက်
တစ်မိုးသောက်လို့ တစ်နေဝင်လည်း
ဖတ်လိုက်တိုင်း အပြစ်ကင်းစင်တယ်လေ ....
အစ်ကိုရေ ...
မွေးတစ်နေ့ သေတစ်နေ့ ဆိုပေမဲ့
အဲဒီ နှစ်နေ့အကြားမှာ ကျွန်တော်တို့တွေ့ခဲ့ကြတယ် ...
ရူးရူးမူးမူး ..
ကဗျာတွေ အတူတူခူးလို့
ရင်ဘတ်တွေ တူးကြည့်ကြဖူးတယ် .....
ဒီလိုနဲ့
ကျွန်တော်တို့လည်း ညီအကို ဖွဲ့ခဲ့ဖူးတယ်
ကဗျာတွေသောက်ပြီးတော့ပေါ့ ...
အစ်ကိုရေ ...
မိုးသောက်လို့ ရောင်နီထိုး
သုံးချိုး ကို သုံးတိုးလိုက်ပေမဲ့
အစ်ကိုစီတဲ့ ကဗျာချပ်တွေကို
မပြတ်တမ်း ထပ်ဆက်ရင်း
လောကကြီးကို နှုတ်ဆက်လိုက်ပါဦးဗျာ ...
P . S ==> ကိုမျိုးဦးဥာဏ် ( အဇ္ဈတ္တပြခန်း ) အတွက် မွေးနေ့ကဗျာပါ ...
ဖြိုးငယ်