Monday, August 17, 2009

အရသာ




စက္ခု နဲ့ ကိလေသာ ပေါင်းစပ်
အချစ်တစ်ခွက် ဖြစ်လာတယ် ….

ဝေးကွာခြင်း နဲ့ သတိရခြင်း ပေါင်းစပ်
အလွမ်းတစ်ခွက် ဖြစ်လာတယ် ….

ဒုက္ခ နဲ့ သုခ ပေါင်းစပ်
အိမ်ထောင်တစ်ခွက် ဖြစ်လာတယ် …

အရသာသိချင်လျှင်
ကိုယ်တိုင်စားကြည့်ပါ ….


P . S ... >>> လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကရေးခဲ့တဲ့ကဗျာလေးပါ ... ဘလော့မလုပ်ခင်ကပေါ့ ... ဘလော့မှာ
လည်း မတင်ရသေးလို့ အခုပြန်တင်လိုက်တာပါ ...




ဖြိုးငယ်


8 comments:

Apprenticeship on August 17, 2009 at 7:48 AM said...

အတိတ်နဲ့ အနာဂတ်ပေါင်းတော့ ဘာဖစ်တွားရဲဟင်း :P

ဧရာဝတီသား on August 17, 2009 at 7:55 AM said...

အချစ်တစ်ခွက် မြည်းကြည့်
ခါးလွန်းလို့ ပြန်အန်ထွက်တယ်၊
အလွမ်းတစ်ခွက် အဖြစ်။

အိမ်ထောင်တစ်ခွက် မြည်းကြည့်
ခါး ပေမယ့် အန်မရတယ်၊
မျိုလိုက်ရတယ် ဘ၀ဆုံးထိ။

ကဗျာလာဖတ် သွားပါးတယ်၊ နောက်တီးနောက်တောက် ရေးရတာ အကျင့်ပါနေလို့ လက်ဆော့သွား ပါတယ်ဗျာ။
ခင်မင်လျက်

အိုင်လွယ်ပန် on August 17, 2009 at 9:20 AM said...

ကဗျာ ဖတ်သွားတယ်ကိုဖြိုးငယ် .......

သက်ထွန်းညိမ်း on August 17, 2009 at 11:32 AM said...

မျက်စိမမြင်တဲ့လူနဲ့
နားမကြားသူပေါင်းစပ်
လူကောင်းတစ်ယောက်ဖြစ်လာတယ်
အဟဲဟဲ

နောက်တာနော်လူကြီးး)

ကိုတိုး on August 18, 2009 at 1:01 AM said...

ကဗျာလေးကိုလာရောက်ခံစားသွားတယ်ဗျာ ရေးထားတာလေးတော်တော်ကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေဗျာ။

Unknown on August 18, 2009 at 5:58 AM said...

စက္ခုနဲ့ကိလေသာ ပေါင်းစပ်
အချစ်တစ်ခွက်ဖြစ်လာတယ်

အချစ်ဆိုတာ...
လှလှပပ ထုပ်ပိုးထားတဲ့
ဒုက္ခတစ်စုံ..
အားပေးနေတယ်ကိုကြီး....။

ရွှေပြည်သူ (ShwePyiThu) on August 18, 2009 at 9:11 AM said...

ပေါင်းစပ်မှုလေးတွေ ရေးပြသွားတာ သိပ်ကောင်းတယ် ဖြိုးငယ်ရေ...။ ဟုတ်တယ် အဲဒီအရသာ အချိုအခါးတွေက ကိုယ်တိုင်စားကြည့်မှ သိကြမှာ...း)

မီးငယ် on August 18, 2009 at 7:40 PM said...

ဟုတ်တယ် အကို ဝေးကွာခြင်းနဲ့ သတိရခြင်း ပေါင်းစပ်တော့ အလွမ်းဆိုတာ ဖြစ်လာတယ်..
အိမ်ပြန်ချင်တယ် အကိုရယ်.... အိမ်ကိုလွမ်းတယ်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template