အပိုတွေမဆိုပါ
လိုနေတာမင်း
နှလုံးသားရဲ့ပြတင်းပေါက်မှာ
အလင်းရောက်ဖို့
မင်းတစ်ယောက်တော့လိုပါတယ်
ပျင်းခြောက်ခြောက်နံနက်ခင်းဟာ
ပျော်ရွှင်ခြင်းတွေပျောက်နေတယ်
နှင်းပြောက်တွေနဲ့
နင်းလျှောက်တဲ့လမ်းမှာလည်း
မင်းတစ်ယောက်လိုပါတယ်
အလင်းမဲ့ညခင်းမှာလည်း
လမင်းကသာခြင်းကင်း
ကြယ်စင်ရဲ့သီချင်းကိုရော
မင်းကြားနိုင်ပါ့မလား
ငါ့လွမ်းချင်းကိုဖြေဖျောက်ဖို့
မင်းတစ်ယောက်လိုပါတယ်..
ဖြိုးငယ်
Wednesday, November 21, 2007
Friday, November 16, 2007
သက်သေ
သစ်ရွက်တွေကြွေလိုက်
မိုးတွေစွေလိုက်
နှင်းတွေဝေလိုက်နဲ့
တိတ်တိတ်လေးလည်ပတ်
ရာသီရဲ့စက်ဝိုင်းချပ်ကို
ပြက္ခဒိန်တွေက သက်သေထပ်တယ်...
လွမ်းဆွတ်မှု အသင်္ချေ
သတိရခြင်းရက်ပေါင်းရှည်နဲ့
တမ်းတခြင်းနေ့ပေါင်းတွေကိုတော့
ငါ့သစ္စာတွေက သက်သေပြတယ်
မင်းတွေ့ပါစေချစ်သူရယ်....
ဖြိုးငယ်
မိုးတွေစွေလိုက်
နှင်းတွေဝေလိုက်နဲ့
တိတ်တိတ်လေးလည်ပတ်
ရာသီရဲ့စက်ဝိုင်းချပ်ကို
ပြက္ခဒိန်တွေက သက်သေထပ်တယ်...
လွမ်းဆွတ်မှု အသင်္ချေ
သတိရခြင်းရက်ပေါင်းရှည်နဲ့
တမ်းတခြင်းနေ့ပေါင်းတွေကိုတော့
ငါ့သစ္စာတွေက သက်သေပြတယ်
မင်းတွေ့ပါစေချစ်သူရယ်....
ဖြိုးငယ်
ငါ့အထင်
ပန်းမကြွေတဲ့ လမ်းတွေပေါ်
အလွမ်းပြေ လှမ်းလျှောက်ရင်း
နမ်းနေကြ ပါးပြင်နုနဲ့
ဖြူဖွေးဥ လက်ဖ၀ါးတွေ
အခုတော့အိပ်မက်လား
အဆိပ်တက် ရမ္မက်မီးမှာ
တစ်ချက်တစ်ချက် ငါညီးတဲ့
အလှနတ်သမီးရဲ့ပုံပြင်
ယုံချင်ယုံ မယုံချင်နေ
ငါ့ရင်ခွင် သူ့ပါးအပ်တုန်းက
အတပ်မက်ဆုံးရင်ခုန်သံကို
သူကြားနိုင်ခဲ့မှာပေါ့....
ဖြိုးငယ်
အလွမ်းပြေ လှမ်းလျှောက်ရင်း
နမ်းနေကြ ပါးပြင်နုနဲ့
ဖြူဖွေးဥ လက်ဖ၀ါးတွေ
အခုတော့အိပ်မက်လား
အဆိပ်တက် ရမ္မက်မီးမှာ
တစ်ချက်တစ်ချက် ငါညီးတဲ့
အလှနတ်သမီးရဲ့ပုံပြင်
ယုံချင်ယုံ မယုံချင်နေ
ငါ့ရင်ခွင် သူ့ပါးအပ်တုန်းက
အတပ်မက်ဆုံးရင်ခုန်သံကို
သူကြားနိုင်ခဲ့မှာပေါ့....
ဖြိုးငယ်
အိမ်လွမ်းသူ
အတွေးမပေါက်တဲ့
ကလေးတစ်ယောက်ရဲ့ကောင်းကင်
တိမ်ညိုတွေဆင်တိုင်း
အိမ်ကိုပင်ပြန်ချင်တယ်....
နှင်းမြူတွေဝေတိုင်း
ငါ့စိတ်တွေဝေခဲ့တယ်
ချစ်သောကမ္ဘာမြေမှာ
ငါဖြေစရာမရှိခဲ့ဘူး....
ဝေဒနာအပူမီးကို
သေရာမပါအောင်လို့
ဖြေသာသလိုနေရပေမဲ့
မေ့မရတဲ့ ကလေးဘ၀ကို
တစ်ခါပြန်ပြီးရခွင့်ရှိရင်
မေမေ့အိမ်ထဲမှာ ပြေးလွားဆော့ရင်း......
.................................................
.................................................
..................................................
...................................................။
ဖြိုးငယ်
ကလေးတစ်ယောက်ရဲ့ကောင်းကင်
တိမ်ညိုတွေဆင်တိုင်း
အိမ်ကိုပင်ပြန်ချင်တယ်....
နှင်းမြူတွေဝေတိုင်း
ငါ့စိတ်တွေဝေခဲ့တယ်
ချစ်သောကမ္ဘာမြေမှာ
ငါဖြေစရာမရှိခဲ့ဘူး....
ဝေဒနာအပူမီးကို
သေရာမပါအောင်လို့
ဖြေသာသလိုနေရပေမဲ့
မေ့မရတဲ့ ကလေးဘ၀ကို
တစ်ခါပြန်ပြီးရခွင့်ရှိရင်
မေမေ့အိမ်ထဲမှာ ပြေးလွားဆော့ရင်း......
.................................................
.................................................
..................................................
...................................................။
ဖြိုးငယ်
Thursday, November 15, 2007
တိမ်တိုက်လေးရဲ့အိပ်မက်
အိပ်မက်အတွေးတွေနဲ့
တရိပ်ရိပ်ပြေးနေတဲ့လရောင်ကို
တစ်စိမ့်စိမ့်ငေးနေတဲ့ပင်လယ်ပြာ
သူ့ကိုယ်ပေါ်ထင်လာမဲ့အရိပ်ကို
တိတ်တဆိတ်စောင့်စားရင်း
ချွေးသိပ်ရပေါင်းများပြီ....
လစန္ဒာဆီအရောက်သွားဖို့
ပင်လယ်ဆိုတဲ့ကောင်က
နေရောင်ကိုစောင့်တယ်
သူရိန်မင်းအပူခင်းရင်
အငွေ့အယောင်ဖန်ဆင်းရင်း
လူတွေမသိအောင် မိုးပေါ်တက်
တိမ်ချပ်တွေလုပ်လိုက်တယ်.....
အရှိန်အရောင်တွေမထွက်လို့
ကြယ်တွေလိုမင်းအနားမကပ်နိုင်ပေမဲ့
အဖြူရောင်လက်တွေနဲ့
အဝေးတစ်ဖက်မှာ
မင်းအတွက်ရွေ့လျှားနေမယ်...
မင်းကိုမတွေ့ရတဲ့ညတွေဆို
ကြယ်တွေကိုမုန်းလို့
ငါလည်းပုန်းနေမယ်
မင်းမျက်နှာပြုံးတဲ့ညမှာ
ငါ့အိပ်မက်ကလေးလှပါရစေ....
ဖြိုးငယ်
တရိပ်ရိပ်ပြေးနေတဲ့လရောင်ကို
တစ်စိမ့်စိမ့်ငေးနေတဲ့ပင်လယ်ပြာ
သူ့ကိုယ်ပေါ်ထင်လာမဲ့အရိပ်ကို
တိတ်တဆိတ်စောင့်စားရင်း
ချွေးသိပ်ရပေါင်းများပြီ....
လစန္ဒာဆီအရောက်သွားဖို့
ပင်လယ်ဆိုတဲ့ကောင်က
နေရောင်ကိုစောင့်တယ်
သူရိန်မင်းအပူခင်းရင်
အငွေ့အယောင်ဖန်ဆင်းရင်း
လူတွေမသိအောင် မိုးပေါ်တက်
တိမ်ချပ်တွေလုပ်လိုက်တယ်.....
အရှိန်အရောင်တွေမထွက်လို့
ကြယ်တွေလိုမင်းအနားမကပ်နိုင်ပေမဲ့
အဖြူရောင်လက်တွေနဲ့
အဝေးတစ်ဖက်မှာ
မင်းအတွက်ရွေ့လျှားနေမယ်...
မင်းကိုမတွေ့ရတဲ့ညတွေဆို
ကြယ်တွေကိုမုန်းလို့
ငါလည်းပုန်းနေမယ်
မင်းမျက်နှာပြုံးတဲ့ညမှာ
ငါ့အိပ်မက်ကလေးလှပါရစေ....
ဖြိုးငယ်
ဝါသနာ
ငါ့အရေးအသားတွေက
ကလေးကလားဆန်နေရင်တောင်
ငါ့အသွေးအသားထဲမှာ
တန်ဖိုးတွေထား ထားတယ်
အမှန်နိုးကြားနေတဲ့ငါ့စိတ်တွေကို
အိပ်လိုက်ရမှာနှမြောလို့
တိတ်တိတ်ကလေး ကဗျာရေးနေမယ်....
ဖြိုးငယ်
ကလေးကလားဆန်နေရင်တောင်
ငါ့အသွေးအသားထဲမှာ
တန်ဖိုးတွေထား ထားတယ်
အမှန်နိုးကြားနေတဲ့ငါ့စိတ်တွေကို
အိပ်လိုက်ရမှာနှမြောလို့
တိတ်တိတ်ကလေး ကဗျာရေးနေမယ်....
ဖြိုးငယ်
Wednesday, November 14, 2007
ချစ်ပဒိုင်းနဲ့မိုးခါးရေ
ချစ်ခဲ့တုန်းကသည်းသည်းလှုပ်
မုန်းတော့လည်းအသဲတွေပြုတ်အောင်
မင်းထားလိုက်တဲ့အနုတ်လက္ခဏာ
အချစ်ဘက်မှာအမုန်းခြေရာထပ်ခဲ့
အပြုံးတစ်ချက်တောင်မမြင်ရဘူး
နှုတ်ဆက်ခဲ့တဲ့နေ့ကို ငါမုန်းတယ်.....
အသဲတွေပေါက်အောင်ချစ်ခဲ့သူ
အခုတော့ သည်းနေတဲ့မိုးကိုပဲအပြစ်ဆိုရမလား
အချစ်လိုနေတာမင်းမသိဘူး
အမုန်းဆူးတွေနဲ့
ပြုံးဖူးတဲ့ မင်းမျက်နှာကို
ငါ့ဘာသာစိတ်နာတယ်.....
အတိတ်ကိုပြန်မျှော်ရင်
ပျော်ဖူးတဲ့နေ့တွေက
အချစ်ရူးတစ်ယောက်ရဲ့အိပ်မက်ပါ
ဆုပ်လည်းဆူးမဲ့အတူတူ
ရူးလည်းရူးပါစေတော့
ငါစားလိုက်တော့မယ်..
ဖြစ်ခဲ့တာတွေမေ့
မင်းအပြစ်တွေအာပတ်ဖြေနိုင်တဲ့နေ့မှာ
ငါရင်ကကြိုနေမှာပါ
အခုတော့လည်းလေ
ပေးခဲ့တဲ့ကတိတွေမေ့
နောက်တွေ့တဲ့ရင်ခွင်မှာ
မင်းပျော်ရွင်နေပြီပေါ့....
ဒုတိယဆိုတာ
ပထမကိုမကျော်နိုင်ဘူး
ကြားဖူးတာပါ
ဒါပေမဲ့လည်း
ဒုတိယက ပထမကိုအနိုင်ယူ
ဦးဆုံးလူရဲ့ရင်ခွင်ညှာ
ကမ္ဘာမြေမှာပျောက်ကုန်ပြီ.....
ဝေဒနာတွေကို
မကြေငြာတော့ပါဘူး
ဖြေစရာမကျန်တဲ့
သေရွာပြန်ငါ့နှလုံးသားကို
ချစ်ပဒိုင်းတွေစားခိုင်းပြီးမှတော့
မိုးခါးရေတစ်ခွက်လောက်
ငါဆက်သောက်ချင်တယ်.....
ဖြိုးငယ်
မုန်းတော့လည်းအသဲတွေပြုတ်အောင်
မင်းထားလိုက်တဲ့အနုတ်လက္ခဏာ
အချစ်ဘက်မှာအမုန်းခြေရာထပ်ခဲ့
အပြုံးတစ်ချက်တောင်မမြင်ရဘူး
နှုတ်ဆက်ခဲ့တဲ့နေ့ကို ငါမုန်းတယ်.....
အသဲတွေပေါက်အောင်ချစ်ခဲ့သူ
အခုတော့ သည်းနေတဲ့မိုးကိုပဲအပြစ်ဆိုရမလား
အချစ်လိုနေတာမင်းမသိဘူး
အမုန်းဆူးတွေနဲ့
ပြုံးဖူးတဲ့ မင်းမျက်နှာကို
ငါ့ဘာသာစိတ်နာတယ်.....
အတိတ်ကိုပြန်မျှော်ရင်
ပျော်ဖူးတဲ့နေ့တွေက
အချစ်ရူးတစ်ယောက်ရဲ့အိပ်မက်ပါ
ဆုပ်လည်းဆူးမဲ့အတူတူ
ရူးလည်းရူးပါစေတော့
ငါစားလိုက်တော့မယ်..
ဖြစ်ခဲ့တာတွေမေ့
မင်းအပြစ်တွေအာပတ်ဖြေနိုင်တဲ့နေ့မှာ
ငါရင်ကကြိုနေမှာပါ
အခုတော့လည်းလေ
ပေးခဲ့တဲ့ကတိတွေမေ့
နောက်တွေ့တဲ့ရင်ခွင်မှာ
မင်းပျော်ရွင်နေပြီပေါ့....
ဒုတိယဆိုတာ
ပထမကိုမကျော်နိုင်ဘူး
ကြားဖူးတာပါ
ဒါပေမဲ့လည်း
ဒုတိယက ပထမကိုအနိုင်ယူ
ဦးဆုံးလူရဲ့ရင်ခွင်ညှာ
ကမ္ဘာမြေမှာပျောက်ကုန်ပြီ.....
ဝေဒနာတွေကို
မကြေငြာတော့ပါဘူး
ဖြေစရာမကျန်တဲ့
သေရွာပြန်ငါ့နှလုံးသားကို
ချစ်ပဒိုင်းတွေစားခိုင်းပြီးမှတော့
မိုးခါးရေတစ်ခွက်လောက်
ငါဆက်သောက်ချင်တယ်.....
ဖြိုးငယ်
Subscribe to:
Posts (Atom)
