Showing posts with label သူတို့တွေ Tag ကျလို့. Show all posts
Showing posts with label သူတို့တွေ Tag ကျလို့. Show all posts

Saturday, October 18, 2008

အချစ်ဆိုသည်မှာ ....

15 comments


အဖွင့်
။ ။
ဒီပိုစ့် လေးကိုရေးရတာ လည်း ... ကျွန်တော့် ကို တော်တော်များများ
TAG တဲ့ ညီမလေး မီးငယ်ကြောင့်ပါပဲ .... ။ ဒီပိုစ့်လေးကို TAG တော့
ကျွန်တော် နည်းနည်းပျော်မိတယ် .. ။ ရေးရမှာ မခက်လောက်ဘူး
ဆိုပြီးတော့ပေါ့ ... ။ ပြီးတော့ ကိုယ်ကလည်း ဒါမျိုးလေးတွေပဲ
ရေးချင်တာကို .. ။ ဒါပေမဲ့ ရေးဖို့ သေချာ စဉ်းစား
ပြီးတဲ့ အချိန်မှာ နည်းနည်းတော့ စိုးရိမ်မိတယ် .. ။
ကျွန်တော်ရေးတာတွေ မှားယွင်းနေမှာ စိုးလို့ပါ ... ။ ဘာလို့
လဲ ဆိုတော့ အချစ်ဆိုတာ တန်ဖိုးအရမ်းကြီးမားလို့ပါ ... ။
ဒါပေမဲ့ဗျာ အခု ကျွန်တော်ရေးလိုက်ပါပြီ ... ။
တစ်စုံတရာ လဲချော်မှု ရှိခဲ့လျှင်သော်လည်းကောင်း ၊
မတိုက်ဆိုင်မှု ရှိခဲ့ လျှင်သော် လည်းကောင်း နားလည်
ပေးစေချင်ပါတယ် ... ။ လွတ်လပ်စွာလည်း ဝေဖန်နိုင်ပါတယ်ခင်ဗျား ... ။
ကျွန်တော် ကြိုဆိုပါတယ် .... ။


အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ ။ ( စိုင်းထီးဆိုင် )

ဒီစာသားလေးက အမှန်တော့ သီချင်းလေးတစ်ပုဒ်ဆိုတာ တော်တော်များများ သိကြမှာပါ ။ ကျွန်တော်သိပ်ကြိုက်တဲ့ အဆိုတော်တွေထဲက တစ်ဦးဖြစ်တဲ့ ကွယ်လွန်သွားပြီဖြစ်သော စိုင်းထီးဆိုင် က ဆိုသွားတာပါ ..။ တစ်ကယ်တော့ အချစ်ဆိုတာ သူပြောသလို တစ်ကယ့်ကိုလျှို့ဝှက် ချက် တစ်ခုပါပဲ ... ။ အဲဒီလျှို့ဝှက်ချက်ကို မှန်ကန်အောင် ဖော်ထုတ်နိုင်စွမ်းလည်း ယနေ့အထိ မရှိသေးပါဘူး။
ကျွန်တော်ကတော့အဲဒီစာသား အဖွင့်လေးကို ကြိုက်ပါတယ် ... ။ယေဘူယျ အားဖြင့်လည်း မှန်ကန်တယ် ထင်ပါတယ် ... ။





အချစ်ဆိုတာ ၀ိဥာဉ်ရဲ့ အလှတရားပါ ။ ( စိန့်သြဂတ်စတင်း )

ဒါကတော့ အချစ်ကို ဖွင့်ဆိုချက်တစ်ခုပါပဲ ... ။ သူဆိုထားတာလေးကလည်း လှပါတယ် ။ တစ်ခုတော့ ရှိတာပေါ့ဗျာ .. ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ၀ိဥာဉ် လို့ သတ်မှတ်သုံးစွဲတာ မရှိသလို ၀ိဥာဉ် ဆိုတဲ့ အယူဝါဒလည်း မရှိပါဘူး .. ။ ထားပါတော့ .. ။ သူ့အယူ အဆ အတိုင်းနားလည်ပေးလိုက်ရအောင် ....။ ကျွန်တော်ကတော့ ၀ိဥာဉ် ဆိုတဲ့ အသုံးအနှုံးလေးကို စိတ်လို့ ပြောင်းလဲ သုံးချင်ပါတယ် ... ။အဲဒီတော့ အချစ်ဆိုတာ စိတ်ရဲ့ အလှတရားပါ ... ပေါ့ ။ မှန်ကန်တယ်လို့ထင်ရတာပါပဲ ... ။ အချစ်ဆိုတဲ့ အရာ ဖြစ်ပေါ်လာပြီဆိုရင် မိမိရဲ့ စိတ်မှာ အများကြီးပြောင်းလဲသွားမှုတွေလည်း ရှိပါတယ် ... ။ အချစ်ရှိရင် စိတ်မှာပျော်တယ် .. ၀မ်းသာတယ် ... ကြည်နှုးတယ် ... ပီတီဖြစ်တယ် .... အချစ်မရှိတဲ့အချိန်မှာဆို ၀မ်းနည်းတယ် ... ပူဆွေးတယ် .. အစ ရှိသည်ဖြင့်ပေါ့ ...။ ပြောင်းပြန်ဖြစ်တက်တာလဲ ရှိပါတယ် .. ။ အဲဒီတော့ အချစ်ဆိုတာစိတ်ကို ဖော်ကျူးနိုင်တယ်လို့ ထင်ပါတယ် ... ။ အဲဒါကို စာရေးဆရာက လှပစွာ ၀ိဥာဉ်ရဲ့ အလှတရား .. စိတ်ရဲ့ အလှတရား ဆိုပြီး ဖွဲ့ ထားတယ်လို့ ထင်ပါတယ် ... ။



အချစ်ဆိုတာ လှပတဲ့ အိပ်မက်တစ်ခုပါ ။ ( ၀ီလျံရှပ် )

ဒါကလည်း မှန်တယ်လို့ ထင်ရတာပါပဲ .. ။ အချစ်ဆိုတာ ရူးသွပ်စွာ တက်မက်စေတဲ့ အတွက် အိပ်မက်ရှည် တစ်ခုကို မက်နေရ သလိုပါပဲ .. ။ ဘယ်အချိန်မှာ လန့်နိုးမယ် ဆိုတာ မသိနိုင်သလို .... နိုးသွားပြီးတဲ့ အချိန်မှာ ဘာအကျိုးဆက်တွေ ဖြစ်လာမယ် ဆိုတာလည်းဘယ်သူမှ မသိနိုင်ပါဘူး ...။ ဒါပေမဲ့ အဲဒီ အိပ်မက်ကို မက်ခွင့်ရနေတဲ့ အချိန်မှာတော့ ပျော်ရွှင်ကြည်နူးနေကြတာ အမှန်ပါပဲ ... ။ ပျော်ရွှင်ကြည်နူး
နေကြတယ် ဆိုတည်းက အိပ်မက်က အိပ်မက်ဆိုး မဖြစ်နိုင်ပါဘူး ... ။ အိပ်မက်ဆိုး သာဆိုရင် ဘယ်ကြည်နူးပါ့မလဲ ...။ ထိတ်လန့်ကြောက်ရွံ့နေကြရမှာပေါ့ ... ။ အဲဒီတော့ အဲဒီ အိပ်မက်ဟာ အိပ်မက်ကောင်း တစ်ခု ... တစ်နည်း အားဖြင့် လှပသော အိပ်မက်လေးတစ်ခုပေါ့ဗျာ .. ။




အချစ်ဆိုတာ ခံစားမှု များထက် ဆန်းကြယ်သောအရာ ။ ( အချစ်ဆိုသည်မှာ သီချင်းမှ )

အပေါ်မှာ ပြောခဲ့သလိုပါပဲ ... အချစ်ဆိုတာ စိတ်ခံစားမှု ... စိတ်ကိုဖော်ကျူးနိုင်တဲ့ အရာ ဆိုပေမဲ့ စိတ်ခံစားမှုတွေ အားလုံးထက်ဆန်းကြယ် နက်ရှိုင်းတဲ့ အရာ တစ်ခုပါ ... ။ ပူတာ .. အေးတာ .. ချိုတာ .. ချဉ်တာ .. အစ ရှိသဖြင့် ပေါ့ .. အရာ တိုင်းမှာ စိတ်ခံစားမှု ဆိုတာသိသိကြီးနဲ့ ဖြစ်ဖြစ် ... မသိမသာ ဖြစ်စေ ... ဖြစ်ပေါ်နေတာ အမှန်ပါ ... ။ အဲဒီ ထဲကမှ အချစ်ဆိုတဲ့ စိတ်ခံစားမှု ဆိုတာ အရမ်းကို ဆန်းကြယ်ပါတယ် ... ။ ဘာလို့လဲ ဆိုရင် တစ်ခြား တစ်ခြားသော စိတ်ခံစားမှုတွေကို ပါးစပ်က ဖွင့်ထုတ် ပြောကြားနိုင်ပေမဲ့ အချစ်ဆိုတဲ့ ခံစားမှု ကိုတော့ ဖော်ထုတ်ပြောကြားနိုင်စွမ်း မရှိလို့ပါ ....။ ဖော်ထုတ်ပြောကြား ကြမယ် ဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာ မဟုတ်ပါဘူး ... ။အဲဒီတော့ ဆန်းကြယ် နက်ရိုင်းလွန်းတဲ့ ခံစားမှု ဆိုရင် မှားနိုင်မယ် မထင်ပါဘူး ... ။




အချစ်ဆိုတာ နှလုံးသားမှ ယိုစိမ့်ထွက်လာသော ခံစားမှု ဖြစ်ပြီး အိမ်ထောင်ရေး ဆိုတာ ဦးနှောက်နဲ့ နှလုံးသား လက်တွဲ ဆုံးဖြတ်ခြင်းပါ ... ။ ( ဖြိုးငယ် )

ဒီနေ့ ခေတ် လူငယ်တော်တော်များများဟာ .. အချစ်နဲ့ အိမ်ထောင်ရေးကို ပိုင်ခြား ဆုံးဖြတ်ထားမှု နည်းပါးကြပါတယ် ...။ တစ်ခါတစ်လေ ချစ်လျှက်နဲ့ အိမ်ထောင်ပြု ဖို့ မဖြစ်နိုင်လို့ ဆိုပြီး မိမိ စိတ်ကို မိမိ လိမ်ညာ ... နှလုံးသား ကို မြေမြုပ် အရာအားလုံးကို ဟန်လုပ် ပြုံးကြတာမျိုးလဲ ရှိပါတယ် ...။ ဘယ်လောက် ကြီးမားတဲ့ ဆုံးရူံးမှု မျိုးလဲ ... ။ ခေါင်းစဉ်တောင် မတပ်တက်တော့ပါဘူး ... ။ အိမ်ထောင်ပြုဖို့ မဖြစ်နိုင်တာနဲ့ မချစ်ရတော့ဘူးလား ....။ အချစ်ဆိုတာ ထိန်းချုပ်လို့ မရနိုင်ပါဘူး ....။ အိမ်ထောင်ဆိုတာ ကံပေါ်မှာလည်း မူတည်ပါတယ် ။ကံဆိုတာ လက်ရှိကံ ရှေးဘ၀ က ပြုခဲ့ဖူးတဲ့ ကံ ဆိုပြီး ရှိတယ်လေ ... အဲဒီကံကြမ္မာ ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး ... ။ မိုးပြိုမှာ ကို ကြောက်လို့ စပါးမစိုက်တော့ ဘူးဆိုရင် ငတ်ရုံပဲပေါ့ .. ။ ဖြစ်မယ် .. မဖြစ်ဘူး မသိတဲ့ အရာကို တွေးပြီး ပူပန်နေခြင်းဟာ မိမိ အတွက် ဆုံးရူံးမှု ၅၀% ရှိနိုင်ပါတယ် .. ။ အဲဒီတော့ နှလုံးသားက ယိုစိတ်ထွက် လာတဲ့ ခံစားမှု အတွက် ဦးနှောက်ကို အလုပ်မပေးသင့် သေးပါဘူးဗျာ ... ။





အချစ်ဆိုတာ အကြောင်းပြချက် မရှိသော မေတ္တာတရားပါ ။ ( ဖြိုးငယ် )

အကြောင်းပြချက် တစ်ခုနဲ့ ချစ်တဲ့ အချစ်ဟာ ... ခိုင်ခံ့ တည်မြဲမှု မရှိနိုင်ပါဘူး ... ။ ဥပမာ သူက လှလို့ ချစ်တာ ... သူ့မှာ ဘယ်လို အရာလေးကြောင့် ချစ်တယ် ဆိုတာမျိုးပေါ့ ... ကျွန်တော်ကတော့ အဲဒါကို အချစ်လို့ မသတ်မှတ်ချင်ပါဘူး ....။ အဲဒါ သာယာမှု လို့ ပဲ သတ်မှတ်ချင်ပါတယ် .. ။ အရည် အချင်း တစ်ခုကြောင့် ... အကြောင်းပြချက်တစ်ခုကြောင့် ချစ်မိတယ် ဆိုရင် ... အဲဒီ အရာလေးတွေ ကိုယ် ချစ်တဲ့ သူဆီ
မှာ မရှိတော့တဲ့ အချိန်မှာ အဲဒီ ချစ်တယ် ဆိုတဲ့ အရာကလည်း ပျောက်ကွယ် သွားတက်ပါတယ် ... ။ အဲဒီတော့ ဘာလို့ ချစ်လဲ ကျွန်တော့်ကို လာမေးရင်တော့ အဖြေက ရှင်းပါတယ် ... ကျွန်တော် ချစ်လို့ ... ချစ်တာပါ ... ။





အချစ်ဆိုတာ ကျွန်တော် ယနေ့တိုင် ပေါ်လွင်အောင် အဓိပ္ပါယ် မဖော်စွမ်းနိုင်တဲ့ အရာပါ ။ ( ဖြိုးငယ် )

အချစ်ဆိုတာကို ကမ္ဘာကျော် နာမည်ကြီး စာရေးဆရာကြီးများ ကိုယ်တိုင်က အဓိပ္ပါယ် မဖော်နိုင်ပါဘူး လို့ ၀န်ခံသွားတယ်လေ .. ။အဲဒီတော့ ကျွန်တော်လို ဥမမယ် စာမမြောက် အညတရ ကောင်လေး တစ်ယောက်ကရော ... ??? ... ။ မစွမ်းဝံ့ပါဘူး .... ။ အချစ်ဆိုတာ အရမ်းကိုနက်ရှိုင်း ကျယ်ပြန့်လွန်းပါတယ် .. ။ ကျွန်တော် အရမ်း စိုးရိမ် မိတယ် .. ။ ကျွန်တော် ဆိုတဲ့ ကောင်က အချစ်ရဲ့ အနက်အဓိပ္ပါယ်ကို ဖော်ကျူးလိုက်လို့ အချစ်ရဲ့ နက်ရိုင်းမှု ကို မဖော်မလွင် ဖြစ်သွားမှာ ... အရသာ ပျက်သွားမှာ ... တန်ဖိုးလျှော့ သွားမှာ ... အချစ်ရဲ့ ကြီးမား ပြောင်မြောက်မှုကို စော်ကားသလို ဖြစ်သွားမှာ အရမ်းကို စိုးရိမ်ပါတယ် ...။ အဲဒီတော့ အမှန်အတိုင်းပဲ ၀န်ခံပါရစေ ... ။ အချစ်ဆိုတာ ဖြိုးငယ်ဆိုတဲ့ ကောင်
ဒီနေ့ အထိ အဓိပ္ပါယ် မဖော်နိုင်တဲ့အရာပါ ... ။


ကျေးဇူးတင်စကား ။ ။ ဒီပိုစ့်လေးကို ရေးဖြစ်အောင် TAG ပေးတဲ့ ညီမလေး မီးငယ်ကို နဲ့ အချိန်ကုန်ခံ ဖတ် ပေးကြတဲ့ သူငယ်ချင်း အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ .. ။

Thursday, October 9, 2008

Never Delete .....

6 comments
ကျွန်တော်တို့ လူသားဘ၀တွေဟာ တကယ်တော့ အရမ်းသနားစရာကောင်းပါတယ် ... ဟောဒီ ခန္ဓာကိုယ်ကြီးရဲ့အသေးငယ်ဆုံး ဖြစ်တဲ့ ဦးဏှောက် ဆိုတဲ့ အရာလေး တစ်ခု ပါလာတည်းက စပြီး ဒုက္ခတွေ့တော့တာပါပဲဗျာ .. တစ်နေ့တစ်နေ့ ရသ တစ်မျိုး ၊ သုတ တစ်မျိုး အိုး ... စုံလို့ပါပဲ .. အဲဒီ သေးသေးလေးထဲကို စုပြုံထိုးထည့် ရတော့တာပါပဲ ... တစ်ခါတစ်လေ စဉ်းစားကြည့်မိတယ် .... အဲဒီ ဦးဏှောက် ဆိုတာကြီးသာမပါလာခဲ့ဘူးဆိုရင် ... ဒုက္ခ တစ်ခုလောက်များ လျှော့သွားမလားလို့ ...အင်းလေ .. မဖြစ်နိုင်တာတွေ စဉ်းစား မနေတော့ပါဘူး ...
အားလုံးပဲ စဉ်းစားကြည့်ကြပါဦး ... ဦးနှောက် ဆိုတဲ့အရာလေးဟာ သာမန် မျက်စိနဲ့ ကြည့်ရင် အလွန်ကို သေးငယ်ပါတယ် ... အဲဒီ ဦးနှောက် သေးသေးလေးထဲ ကိုပဲ ... တစ်နေ့တစ်နေ့ မကုန်မခမ်းနိုင်တဲ့ ပညာတွေ .. ဗဟုသုတတွေ ... ကိုယ့် အကြိုက်တွေ စုပုံ ထည့်ထားရတာ သူလည်း ကြာတော့ ဘယ်ခံနိုင်ရည်ရှိမှာလဲ ... ကွန်ပြူတာ တစ်လုံးမှာတောင် ... Hard Disk ဆိုတဲ့ Memory တွေထားတဲ့ ပစ္စည်းလေးတစ်ခုပါတာပဲ ... အဲ ... တစ်ခုရှိတာက .. အဲဒီ Hard Disk လေးက သူလက်ခံနိုင်တဲ့ အတိုင်းအတာလေးတွေတော ရှိတာပေါ့ .... သူလက်ခံနိုင်တဲ့ အတိုင်း အတာလေးကို ကျော်သွားပြီ ဆိုတာနဲ့ ရှင်းလင်းရေး လုပ်ပေးရတယ်လေ .... မလိုချင်တော့တာ ... အရေးမကြီးတော့တာ ဖယ် ၊ ဖျက် ၊ လိုချင်တာကို ပြန်မှတ် ... တကယ်တော့ ဒါတွေကို အားလုံးက အသိပါ ... ဖြိုးငယ် လျှာရှည်နေတယ် ... ရေးမယ့်ဟာ ကို မရေးဘူးလို့ ပြောနေကြဦးမယ် ...အားလုံးမြင်သွားအောင် အလွယ်ကူဆုံး ဥပမာလေး ပြလိုက်တာပါ .... ကဲထားပါတော့ ...
ကျွန်တော့်ကို လူတစ်ယောက်က မင်းရင်ထဲမှာ ... မင်းစိတ်ထဲမှာ ... မင်းအသိဥာဏ်ထဲမှာ ... မင်းဦးနှောက်ထဲမှာ ရှိတဲ့ ပထမဆုံး အရာလေးပြောပြပါဆိုရင် ... ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုပါဘူး ... ကျွန်တော့်ရဲ့ Hard Disk ဦးနှောက်လေး ထဲမှာ ဘယ်တော့မှ Delete မပေးပဲ ထာဝရ သိမ်းထားသည့် အရာလေးက အန္တနော အနန္တ ငါးပါးပင် ဖြစ်ပေသည်။ ကျွန်တော့် ဦးနှောက် ဘယ်လောက်ပင် သေးပါစေ ... ဘုရား ၊ တရား ၊သံဃာ ၊ မိဘ ၊ ဆရာ ကိုတော့ ကျွန်တော့် ၀င်သက် ထွက်သက် ရှိနေသ၍ ... တစ်နည်းအားဖြင့် ကျွန်တော့်ပျက်သွားသော ရှေ့စိတ်နေရာတွင် နောက်စိတ် တစ်ခု အစားထိုးနေသ၍ ... အမြဲတမ်း ပထမ ဖြစ်နေမည် ဆိုတာမှာ မလွဲဧကန် အမှန်စင်စစ် ဖြစ်ပေတော့သည် ။ ။ ။

P.S >>> ဘာရယ်မဟုတ်ပါဘူး ... ဟိုကောင်မလေး ... မီးငယ်ပေါ့ .. Tag ထားတာ ကြာပြီ ... မအားတာနဲ့ 
နောက်ပြီး ဘာရေးရမှန်းမသိတာနဲ့ မရေးပဲ မသိချင်ယောင် ဆောင်ထားတာ ကြာပေါ့ .. အဲ .. မယ်မင်းကြီးမလေး က မမေ့ဘူးဗျာ .. ဟိုနေ့က လာအော်သွားလို့ အခု ရေးပေးလိုက်တာ ... ကျွန်တော့် ပထမဆုံးတွေဆိုတာ ကျွန်တော် ကိုယ်တိုင်တောင် မမှတ်မိတော့တာ အများကြီးရယ်ပါ ... အဲဒီတော့ ပြောပြနေလည်း မသိမဲ့အတူတူ ... အားလုံးသိလောက်တဲ့ ကျွန်တော့်ရဲ့ ပထမဆုံးများကိုပဲ ပြောပြလိုက်တာပါ .. သည်းခံ နားလည်ပေးကြပါ ....မီးငယ်ရေ ... ရေးလိုက်ပြီဟေ့ .. ကျေနပ်တော့ ....



ဖြိုးငယ်


Sunday, August 31, 2008

ဖြိုးငယ်ဆိုတဲ့ ကျွန်တော့်စိတ်ထဲက .........

5 comments
ဘာရယ်မဟုတ်ပါဘူး ... မီးငယ်ပေါ့ ... Tag ထားပါတယ် လို့ စီဘောက်ထဲမှာ လာအော်သွားလို့
သွားကြည့်တာ ... အားပါးပါး ... ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်း ရမဲ့ အဖြစ်ကြီးပါလား ... ဒါပေမဲ့
တက်လိုက်ဘူးလေ .. သူက Tag ထားတာကို ... ရေးပေးရတော့မှာပေါ .. အမယ် .. သူက
အောက်ဆုံးမှာ မေတ္တာ စာလေးတောင်ပါလိုက်သေးတယ်ဗျာ .... ကဲ မီးငယ်ရေ .....
နင့်ကြောင့် မရှက်မကြောက် ကိုယ့်ပေါင်ပဲ ကိုယ်လှန်ထောင်းလိုက်ပါပြီဗျာ ...
မီးငယ် ရေးထားတဲ့ ပုံစံလေးအတိုင်းပေါ့


ကိုယ့်ရဲ့နာမည်…................................................... ဖြိုးငယ်
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်…................... အစုံပါပဲ
ကိုယ်ဒီမှာနေတယ်…............................................... လောလောဆယ် မော်စကိုမှာပေါ့
ကိုယ့်ဆီဖုန်းဆက်ချင်ရင်…........................................ 89629135462
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက……..
အရောင်ဆိုရင်….................................................... အပြာရောင်
အ၀တ်အစားဆိုရင်…............................................... ရှယ်အင်္ကျီလက်ရှည် နဲ့ ပုဆိုး
အစားအစာဆိုရင်…................................................ လူစားလို့ရတာ အကုန်ကြိုက်တယ်
ပစ္စည်းဆိုရင်…...................................................... သီးသန့်မရှိဘူး
သီချင်းဆိုရင်…...................................................... Feel သီချင်းဆို အကုန်ကြိုက်တယ
စာရေးစာဆရာ…................................................... မောင်လှမျိုး ၊ တက္ကသိုလ် ဘုန်းနိုင် နဲ့ အကုန်ပါပဲ
စာအုပ်…............................................................. သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ခိုင်
Life style….......................................................... free style
ကိုယ့်ရဲ့ဝါသနာ…................................................... ကဗျာရေးခြင်း
အလိုချင်ဆုံးလက်ဆောင်…....................................... ဘာရယ်မရှိပါဘူး .. ကိုယ့်ကို စေတနာရှိလို့ ပေးတဲ့လက်ဆောင် မှန်သမျှပေါ့
ကိုယ့်ရဲ့ အချစ်ဆုံးသူက…......................................... အမေ
ကိုယ့်ရဲ့ အလေးစားဆုံးသူက…................................... အဖေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…............................... ပြောပြလို့ရော သိမှာလား ... လွမ်းသုခနဲ့ သိန်းဇော်
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက….................. အမေ နဲ့ သူငယ်ချင်းများ
ကိုယ့်ရဲ့ အမုန်းဆုံးသူက …........................................ မရှိပါ
ရင်အခုန်ဆုံးအချိန်…................................................ ကျစာရင်းကြေငြာတဲ့အချိန်
အကြောက်ဆုံးအချိန်…............................................. ပိုက်ဆံမရှိတဲ့အချိန် :D
အပျော်ဆုံးအချိန်….................................................. လိုချင်တာရတဲ့အချိန်ပေါ့
အမှတ်တရနေ့…..................................................... အများကြီးပဲ
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…............. နိဗ္ဗာန် ( ဆုတောင်းရုံနဲ့ မပြည့်မှန်းသိတယ် )
အချစ်ဆိုတာ…....................................................... လျှို့ဝှက်ချက်တစ်ခုပါ (စိုင်းထီးဆိုင်ပြောသွားတာပဲ )
အမုန်းဆိုတာ…....................................................... အပြစ်တွေရဲ့ အနားသတ်
အလွမ်းဆိုတာ…..................................................... သတိရခြင်းကိုကျော်လွန်သွားတဲ့ နယ်မြေတစ်ခု
သံယောဇဉ်ဆိုတာ…................................................ အေးသလိုနဲ့ ပူလောင်တဲ့ ဝေဒနာ
ဘ၀ဆိုတာ…......................................................... တိုက်ပွဲ
သူငယ်ချင်းဆိုတာ…................................................ ဝေဒနာတို့ကို ကုစားဖော် ကုစားဖက်
ချစ်သူဆိုတာ…...................................................... နှလုံးသားရဲ့ ဘုရင်မ
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်….................................... ပြောတက်ဘူးဗျာ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က….................................. ဘာမှမလုပ်ရင် ဘာမှ မဖြစ်ဘူး
အပြောချင်ဆုံးစကားတစ်ခွန်း….................................. ဒါပဲဗျာ .. ( :P )



Monday, November 12, 2007

ကြောက်တက်တဲ့အကောင်လေးတွေ

0 comments
ညီမလေးနှင်းသဇငကနောက်တစ်ခု tag လာပါတယ်...ကြောက်ရတဲ့ သတ္တ၀ါများတဲ့..ခက်တာပဲလေ..ကြောက်ရတဲ့သတ္တ၀ါဆိုလို့ သတ်သတ်မှတိမှတ်မရှိပါဘူး.....ဒါပေမဲ့ နည်းနည်းကြောက်တဲ့ အကောင်လေးတွေတော့ရှိတယ်....ဒိုင်နိုဆောတို့လို အကောင်ကြီးတွေမဟုတ်ပါဘူး ....
အကောင်သေးသေးလေးတွေပါ .....ဒါကလည်းဖြစ်တက်ပါတယ်....တစ်ချို့တွေဆို ဘာမဟုတ်တဲ့ ပုရွက်ဆိတ်လေးတွေတောင်ကြောက်တက်ကြတာပဲလေ...ကျွန်တော်ဦးလေးတစ်ယောက်ရှိသေးတယ်...သူက တောက်တဲ့ နဲ့ အိမ်မြှောင်ဆိုရင်အရမ်းကြောက်တာ..ကြောက်တော့ အမြင်ကပ်ရော...
အိမ်မြှောင်တို့ တောက်တဲ့တို့ တွေ့ပြီဆိုရင် လေးခွနဲ့လိုက်ဖြစ်တာပဲ....
ထားပါတော့ကျွန်တော်နည်းနည်းကြောက်တဲ့အကောင်တွေက...ပံ့ကူနဲ့ပုတုန်း လေ..
ရာဇ၀င်လေးရှိတယ်...ပြောပြမယ်...

ကျွန်တော်ငယ်ငယ်ကပေါ့....သုံးတန်းပဲရှိသေးတယ်...တစ်နေ့.....စာသင်နေရင်းနဲ့
အပေါ်ကိုမော့ကြည့်မိတယ်...အဲဒီအချိန်မှာ အပေါ်ထုပ်တန်းပေါ်ကနေ မည်းမည်းအကောင်တစ်ကောင် အောက်ကိုထိုးဆင်းလာပါတယ်...ကျွန်တော်လည်းဘာမှန်းမသိပဲ ကြောင်ကြည့်နေတုန်း...အဲဒီအကောင်က

ကျွန်တော်လက်ပေါ်ကို တစ်ဟုန်ထိုး ဆင်းလာပြီး တုပ်ပါလေရော...ကျွန်တော်လည်းဘာလုပ်ရမလဲ မသိဘူးဖြစ်သွားတယ်....နာတာနဲ့ မသိစိတ်ကပဲ အဲဒီအကောင်ကိုရိုက်ထုတ်လိုက်ပါတယ်.....တုပ်ခံရတုန်းက ဆစ်ကနဲဖြစ်သွားပြီး နောက်တစ်ဖြည်းဖြည်းနာလာပါလေရော..အဲဒါနဲ့ အိမ်လည်းပြန်ရောက်ရော
အဖေ..အမေ တို့ကိုပြောပြလိုက်တယ်...အဖေနဲ့အမေ က ဆေးတွေလိမ်းပေးပါတယ်...ဒါပေမဲ့ နှစ်ရက်လောက်ယောင်သွားတယ်...အဲဒီတည်းက အဲဒီအကောင်ကို မုန်းလည်းမုန်းသွားတယ်..
ကြောက်လည်းကြောက်သွားတယ်..နောက်စာရင်နေရင် အပေါ်ကိုပဲ မော့မော့ကြည့်နေမိတယ်...
နောက်မှသိရတယ်..
ကျွန်တော်ကိုတုပ်လိုက်တာ...ပုတုန်းလို့ခေါ်တဲ့အကောင်ဆိုတာလေ...
အဲဒီတည်းက ပုတုန်းဟာ ကျွန်တော့်ရဲ့ ကမ္ဘာမကြေ အကောင်ဖြစ်သွားရတာပါ......

နောက်တစ်ကောင်က ပံ့ကူပေါ့...သူကတော့ ကျွန်တော်ကိုတိုက်ရိုက် ဒုက္ခမပေးဖူးပါဘူး....
ကျွန်တော်နဲ့သိတဲ့တောင်တောင်များများကိုတော့ ဒီကောင်ဂြိုလ်မွှေခဲ့ဖူးတယ်...တစ်ခါကျွန်တော့်အမကို ယှက်ဖူးသေးတယ်...လက်ကြီးယောင်နေတာ သုံးရက်လောက်ကြာတယ်...
တော်သေးတာပေါ့လက်ကိုအယှက်ခံရလို့...
သူများတွေဆိုရင် မျက်နှာတွေ ဘာတွေ အယှက်ခံရတာလေ..မျက်နှာဆိုယောင်လို့....သနားစရာလေးတွေပါပဲ....အဲဒီတည်းက ပံ့ကူ ကိုမုန်းနေတာ....ကြောက်နေတာ အခုထိပဲလေ...

ဒီလောက်ပါပဲဗျာ...ကျွန်တော်ကသိပ်မှမကြောက်တက်တာ..အကြောက်ဆုံးတစ်ခုတော့ရှိတယ်..အဲဒါသတ္တ၀ါတော့မဟုတ်ဘူး..ဘာလဲဆိုတာ့ သစ္စာမရှိတဲ့မိန်းမပါ..အဲဒါကတော့လမ်းကြုံလို့ပြောတာပါ...ကြည့်မရဆုံးကတော့ အသားလွတ် မာနကြီးတဲ့ မိန်းကလေးတွေကိုပါ...ဒါလေးကလမ်းကြုံလို့ကြော်ငြာဝင်တာပါ...

ဖြိုးငယ်

Saturday, November 10, 2007

ဓါးပြတိုက်ခံရသော နေ့တစ်ရက်

1 comments
တစ်နေ့ ညီမလေးနှင်းသဇင် က သူတို့ဓါးပြတိုက်ခံရကြောင်း..ကိုဖြိုးငယ်တို့လည်းသတိထားနေသင့်ကြောင်း အကြောင်းကြားလာပါသည်။ အင်းလေ..သတိပေးတော့လည်းသတိထားနေရတာပေါ့..ဒါပေမဲ့ ကိုယ်ကယောင်္ကျားလေးပဲ..သိပ်တော့မကြောက်ပါဘူးလေ...

ဒီလိုနဲ့..တစ်နေ့ကျောင်းက အပြန်...အချိန်က ညနေ ၅း၃၀ လောက်သာရှိသေးပေမဲ့ ဒီမှာက အခုအချိန်ဆို ၄း၃၀ လောက်ဆို မှောင်နေပြီ..ကျောင်းကအပြန် ၀ယ်စရာလေးတွေရှိလို့ ဆိုင်ဝင်နေတာနဲ့ ပြန်လာတော့ တစ်ယောက်ထဲဖြစ်နေတယ်...အဆောင်ကိုပြန်တဲ့လမ်းကလည်း အနည်းငယ် လူပြတ်နေပါတယ်..ရုတ်တရက်..

ဓါးပြ ။ ။ ဟိတ်...မလှုပ်နဲ့...ဘိန်းမုန့်...
ဟင်..ဘာများလည်းမှတ်တယ်..ဒီအချိန်ကြီး ဘိန်းမုန့်လာရောင်းနေတဲ့သူကလည်းရှိသေးတယ်..
ကျွန်တော် ။ ။ မ၀ယ်သေးဘူးဗျာ..
ဆိုပြီးခြေလှမ်းတွေပြန်စတော့....
ဓါးပြ ။ ။ ရပ်....ငါဘိန်းမုန့်ရောင်းနေတာမဟုတ်ဘူးကွ..ဓါးပြကွ..မင်းကိုဓါးပြတိုက်နေတာ..
ဗန်းစကားကိုနားမလည်ဘူး လား...ရှိတာအကုန်ထုတ်. ဘိန်းမုန့်တဲ့.. မင်းကိုပြောရတာခက်လိုက်တာကွာ ..
ဟာ ...ဒုက္ခ...ဓါးပြတဲ့...ဒါမျိုးလွယ်လွယ်နဲ့ဘယ်ရမလဲကွာ...ဖြိုးငယ်အကြောင်းသိရမှာပေါ့..ကျွန်တော့်
အတွေးစတို့မဆုံးသေးခင်

ဓါးပြ ။ ။ ဟေ့ကောင် နောက်လှည့် ကြားလား...
ကျွန်တော် ။ ။ လှည့်ဆို လှည့်ပြီကွာ.... ဟင်...
ကျွန်တော်ကြောင်တောင်တောင်ဖြစ်သွားတယ်...ဘယ်သူမှလည်းမရှိပါလား....ဟိုကြည့် ဒီကြည့်လုပ်နေတုန်း
ဓါးပြ ။ ။ ဟေ့ကောင်.....ငါဒီမှာကွ..မင်းရှေ့တည့်တည့်မှာ..အောက်ကိုငုံ့ကြည့်လိုက်..
ကျွန်တော် ။ ။ ဟိုက်ရှားပါး...ဓါးပြသာဆိုတယ်..လူပုလေးတွေပါလား ..ဟား ..ဟား ဟား
ဓါးပြ ။ ။ ဟေ့ကောင်..ရယ်မနေနဲ့ ...မင်းမကြားဘူးလား....ဓါးပြတက်ပုအဖွဲ့ ဆိုတာ ငါတို့ပဲ...
လူကောင်သေးပေမဲ့ အဆိပ်ပြင်းတယ်နော်....ကြာတယ်ကွာ..မင်းအိတ်ထဲမှာရှိတာ အကုန်ပေးစမ်း
ကျွန်တော် ။ ။ ဟာ..ဘာလို့ပေးရမှာလဲ.....
ဓါးပြ ။ ။ သြော် ....မင်းကအာခံချင်တာလား....ဒီအတိုင်းအေးအေးဆေးဆေးပေးရင်..ပေး .....မပေးရင်လူကိုပါချမ်းသာမပေးဘူး...ငါ့ညီမနဲ့ ပေးစားဖြစ်မယ်...
ဟာ..ပွတာပဲ..တော်တော်သဘောကောင်းတဲ့ဓါးပြပဲ...ညီမကိုတောင်ပေးမယ်ဆိုပဲ...ဟီး ဟီ..မိုက်တယ်ကွာ.....ငါကွ..ကံတော်တော်ကောင်းတာပဲ...
ဓါးပြ ။ ။ အေး...ဒါပေမဲ့ ...ငါညီမမှာ ၄လုံးရှိတယ်နော်
ကျွန်တော် ။ ။ ဗျာ.....ဒါဆိုလည်း လိုချင်တာ ယူပါဗျာ..လူကိုတော့ချမ်းသာပေးပါ...
ဓါးပြ ။ ။ အေး ဒီလိုမှပေါ့ကွ...မင်းကျောပိုးအိတ် ထားခဲ့......
ကျွန်တော် ။ ။ ဒါပေမဲ့ တစ်ခုလောက်ပြောပါရစေ..ကျွန်တော်က ကျောင်းသားဆိုတော့ စာအုပ်လေးတော့ ပြန်ပေးပါဗျာ....
ဓါးပြ ။ ။ အင်းလေ.....မင်းစာအုပ်တွေကို ငါတို့အတွက်လည်းအသုံးမ၀င်ပါဘူးလေ..ပြန်ယူသွား
ကျွန်တော် ။ ။ ဟုတ်ကဲ့ ..ကျေးဇူးပါပဲ..သွားမယ်နော်...နောက်လည်းကြုံရင်း ခေါ်ပေါ့....ဘိုင် ဘိုင်

အင်း ဒီလိုနဲ့...ဓါးပြရဲ့ညီမကိုကြောက်ရတာနဲ့ ကျွန်တော်ရဲ့ TRI အိတ်လေးထဲမှာ ပါသွားတာတွေကတော့.......
၁။ပိုက်ဆံအိတ် နီညိုရောင်တစ်လုံး
၂။mildseven ဆေးလိပ်တစ်ဗူးနဲ့မီးခြစ်တစ်လုံး
၃။ Motorola အမျိုးအစား ဟမ်းဖုန်းတစ်လုံး
၎။သော့တွဲတစ်စုံ
၅။ဘောပင်၃ချောင်းနဲ့ခဲတံ ၂ ချောင်း


ဖြိုးငယ်

ညီမလေး နှင်းသဇင်ရေ..အကိုရေးလိုက်ပြီနော်........
 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template