မျက်စိကိုစုံမှိတ်
စိတ်ရဲ့ကြေးမုံမှာ သူမပုံရိပ်ထင်တော့
ငါ့ရင်ခွင်က ပုန်ကန်တယ်
သူ့လွမ်းဒဏ်ကို သူမ မသိဘူးလားတဲ့....
နေရာပေးမိတယ်
ခပ်ရေးရေးသာပေါ်စေတော့ရယ်ပေါ့
တကယ်တမ်းတော့
ရင်ခွင်ကိုလွှမ်းခြုံ ကမ်းကုန်အောင်
သံမှိုမစွဲဘဲ မြဲနေလေရဲ့......
အနိုင်ယူပါတော့
အသည်းရှင်သခင်မရယ်
ဒီရင်က အလွမ်းအဆွေးတွေကို
သခင်မလက်နဲ့သာရေးပါတော့
ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလဲ
အကျွန်က အလွမ်းလူသားပါ.....
စုန်ချည်ဆန်ချည် ကူးခတ်
ငါမှေးစက်ရာ ပင်လယ်ဆိုယင်
ကမ်းမကပ် လမ်းတစ်ဝက်မှတင်
မင်းဆီကအချစ်နဲ့
ရေတစ်ပေါက်တော့ ငါတောင်းပါရစေ.....
ဖြိုးငယ် + လွမ်းသုခ
Saturday, December 29, 2007
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment