Thursday, December 27, 2007

စိတ်အမှန်


ကမ္ဘာပေါ်ကလူတစ်ယောက်
သူ့ရင်ကိုဖောက်ကြည့်တဲ့အခါ
ထွက်လာတဲ့အရာက
အလွမ်းဆိုတာပါပဲ...

ဘယ်ဘက်ရင်အုံကိုစမ်းကြည့်တဲ့အခါ
ပေါက်ကွဲသံတွေကြားရလိမ့်မယ်
ဖောက်လွဲသံစဉ်တွေနဲ့
နောက်တစ်ပွဲကစားရမဲ့
ကံကြမ္မာရဲ့မနက်ဖြန်များမှာ
ငါ့အလွမ်းများထားခဲ့ပါရစေ...

ဗီးနပ်ရဲ့မီးဖိနပ်နဲ့
မိုနာလီဇာရဲ့အပြုံးတစ်ချက်

ငါ့အတွက်မလိုပါဘူး
ကြင်နာသူရေ..
မင်းအနမ်းတစ်ချက်သာ ငါ့ကိုပေးပါ..

ဖြိုးငယ်

1 comments:

မင်းကျန်စစ်။ on December 29, 2007 at 1:59 PM said...

ဒီကဗျာလေးအကြိုက်ဆုံးပဲ သူငယ်ချင်းရေ။ ဆက်ရေးကွာ အားပေးတယ်။ ပျက်သွားတဲ့ ကဗျာအတွက် အသစ်အသစ်တွေ ထပ်စဉ်းစားနိုင်မှာပါကွာ။ အောင်မြင်ပါစေ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template