Tuesday, January 8, 2008

ဇာတ်သိမ်းခန်းသို့ရောက်ခဲ့သော်


ချစ်သူကရက်စက်လို့
မျက်ရည်တွေကြွေပျက်ခဲ့ရင်တောင်
ဝေဒနာတွေကိုလက်ကမ်းလို့
ဒဏ်ရာတွေကိုတစ်ချက်နမ်းလိုက်မယ်...


အဆင်မပြေမှုတွေကိုထမ်းပိုးရင်း
မျက်ရည်မိုးတွေကြားမှာ
တိုးတိုးလေးငိုနေမယ်....

အသဲကွဲမြို့တော်ရဲ့မုခ်ဦးမှာ
အချစ်ဆူးတွေခူးပြီး
ဥယျာဉ်မှူးလေးလုပ်မယ်
သူပေးဖူးတဲ့ အနမ်းတွေနဲ့ပေါ့....

ဆန္ဒတစ်ခုနဲ့ကြွေတဲ့အလွမ်းကိုတော့
စမ်းရေတွေခမ်းတဲ့ လမ်းမှာ
ပန်းတစ်ပွင့်အဖြစ်ထားလိုက်မယ်
မင်းနမ်းရှိုက်တဲ့အခါ
ငါဖြစ်ပါစေပေါ့...


ဖြိုးငယ်

1 comments:

Sophie on January 9, 2008 at 2:31 AM said...

ကောင်းလိုက်တာ အစ်ကိုရေ.. ကာရံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရတနာ အရမ်းကြိုက်သွားတယ်။ ခံစားချက်လည်း တူနေသလားလို့။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template