ရာသီရဲ့ ထိုးနှက်မှုအောက်
အရူးတစ်ယောက်ရဲ့ ဆရာဖြစ်ခဲ့တယ်
မာယာမပါတဲ့ သာယာမှုအောက်မှာ
ပျောက်နေတဲ့ အသိတရား
နွေလေညင်းကြားမှာပေါ့
သော့သော့နှင်လာတဲ့ ရင်ခွင်မှာ
အကြင်နာပန်းတစ်ခင်းးနဲ့
ဝေဒနာမြှားတစ်စင်း…..
အတင်းဝင်လာတဲ့ လွမ်းခြင်းအောက်
ဖိတ်စင်လွင့်ပြောက်
အနမ်းကောက်တဲ့ည
မိုးသောက်ခဲ့ရတယ်….
အလွမ်းနှင်တဲ့လေညင်း
ပန်းမမြင်ကြွေဆင်းရပေါ့
သတိရခြင်းရနံ့တွေကို
ဘယ်သောခါမှမင်းသယ်မှာလဲ…
ငါ့ဖွင့်ထားတဲ့ အလွမ်းတံခါးတွေမှာ
ပန်းတံတားတစ်ခုထိုး
တိုးတိုးလေးကြိုနေမယ်
လေညင်းချိုချိုတို့သိပါစေ…..
ဖြိုးငယ်
0 comments:
Post a Comment