Tuesday, October 21, 2008
ဒီနေ့ နောက်ဆုံး
စွန့်လွတ်ခြင်းနဲ့ ပေးဆပ်ခြင်း ကြားမှာ
နှလုံးသား က ဖျားတယ် ....
ဟန်ဆောင်ခြင်းနဲ့ ကျွန်တော့်ကြားမှာ
အချစ်က မှားတယ် ....
ထွက်သက်နဲ့ ၀င်သက် ကြားမှာ
ဖြစ် ပျက် တွေ များတယ် ...
မနေ့ကနဲ့ မနက်ဖြန် ကြားမှာ
ဒီနေ့က နောက်ဆုံး .....
ဖြိုးငယ်
Subscribe to:
Post Comments (Atom)
13 comments:
စွန့်လွတ်ခြင်းနဲ့ ပေးဆပ်ခြင်း ကြားမှာ
နှလုံးသား က ဖျားတယ် ....
ဟန်ဆောင်ခြင်းနဲ့ ကျွန်တော့်ကြားမှာ
အချစ်က မှားတယ် ....
ထွက်သက်နဲ့ ၀င်သက် ကြားမှာ
ဖြစ် ပျက် တွေ များတယ် ...
မနေ့ကနဲ့ မနက်ဖြန် ကြားမှာ
ဒီနေ့က နောက်ဆုံး .....
ကိုဖြိုးငယ် ... ဘာလို့နောက်ဆုံးလဲ..
မနေ့ကနဲ့မနက်ဖြန်ကြားမှာဒီကနေ့ကနောက်ဆုံး...
ဟ..တယ်ကောင်းတဲ့အသုံးအနှုံးဘဲ...
ဒီနေ့ကနောက်ဆုံး...
ကောင်းတယ်ကိုဖြိုးငယ်ရေ......
ဟုတ်သားပဲ မနေ့ ကနဲ့  မနက်ဖြန်ကြားမှာ ဒီနေ့ ကနောက်
ဆုံး ။ နောက်နေ့ ရောက်ရင် ဒီနေ့ ကျ မနေ့ ကဖြစ်သွားမှာ
ကိုးး ။ :D
ကျေးဇူးပဲ အခုမှစိတ်ပျိုရုပ်နုသွားတယ် ဒါပေမယ့် ဗျပ်စောင်းတီးတဲ့နတ်သမီးကကြိုးလောက်တော့ မဖြစ်သေးဘူး ကဗျာဆရာ နောက်တစ်ပုဒ်လုပ်ဦး
ကျုပ်ရုပ်ရင့်စိတ်တွေရင့်နေလို့ အဟီး
ဒီနေ့နဲ့မနက်ဖြန်ကြားမှာ နောက်ဆုံး
နဲနဲမျက်စိလည်သွားတယ် သူများတွေကွန့်မန့်ဖတ်ကြည့်မှရှင်းသွားတယ်
:P
ကဖြိုးငယ်ရေ
အချစ်ကဗျာလှလှလေးတွေဖတ်ရတာ ကျေးဇူးဗျ
ဘိုစိုင်းပြောသလို စိတ်ပျိုကိုယ်နုသွားသပေါ့ :) :)
အဲ... အသဲကွဲကဗျာတွေတော့ ရုတ်နဲ့ဗျာ မခံစားနိုင်ဘူးဗျ
အဟိ :P
အဆင်ပြေပါစေ ကဗျာဆရာရေ ...
မနေ့ကနဲ့ မနက်ဖြန်ရဲ့ကြားမှာ ဒီနေ့ကနောက်ဆုံး။
ဒီနေ့နဲ့ အရင်တစ်ရက်ကျော်ရဲ့ကြားမှာဆိုရင် မနေ့က နောက်ဆုံး။
ဒီနေ့နဲ့ နောက်တစ်ရက်ကျော်ရဲ့ကြားမှာဆိုရင် မနက်ဖြန်က နောက်ဆုံးပေါ့...။
(မှန်ပါတယ်နော်) :)
စွန့်လွတ်ခြင်းနဲ့ ပေးဆပ်ခြင်း ကြားမှာ
နှလုံးသား က ဖျားတယ် ....
ဖြိုးငယ်ရေ----
မှန်တာပေါ့လေ-----
စွန့်လွှတ်--ပေးဆပ်ရ မှတော့---
နှလုံးသားက ဖျားတော့တာပေါ့--
ကြေမွ မသွားတာပဲ တော်လှပေါ့နော်---
ခင်မင်လျက်
မသက်ဇင်
အညာသားနဲ့တွေ့မှပဲ နားလည်တော့တယ် ကဗျာဆရာ :)
ဒီနေ့နောက်ဆုံးလား... ဒါဆို မနက်ဖြန်မှ လာတော့မယ်ဗျာ... အဟတ်ဟတ်
နောက်ဆုံးဒီနေ့ မှာ စွန့်လွတ်ခြင်းနဲ့ ပေးဆပ်ခြင်း ကြားက နှလုံးသားက ဖျားနေပေမယ့် လှနေတယ် အစ်ကို တစ်နေ့ တော့ နေကောင်းလာမှာပေါ့ ...။
ဒီကဗျာလေးက တိုတိုလေးနဲ့  အရမ်းမိုက်တယ်။
Post a Comment