Thursday, October 30, 2008

နတ်သမီးအတွက် ကြိုးဖြုတ်ထားတဲ့ဂစ်တာ



ဘကြီးအောင် မညာခဲ့ပါဘူး
ဒါပေမဲ့ ...
ငါရလိုက်တဲ့ ရွှေရုပ်က
စိတ်နှစ်ခွနဲ့ နတ်သမီး ....

မီးတစ်ဖက် ရေတစ်ဖက်
ငါက ရေတစ်စက်ပေမဲ့
သူမက မီးဘက်ကို ကြိုက်တဲ့သူ .....

ရေများရေနိုင် မီးများမီးနိုင် ဆိုပေမဲ့
ငါ့ရဲ့ မေတ္တာရေ အနန္တက
ဘာ့အတွက် မီးတစ်စ ကို မကျော်နိုင်တာလဲ .....

ပျော်သည့် အခါ ပြုံး၍
မုန်းသည့် အခါ မငိုပါနဲ့ မိန်းကလေး
ပေးခဲ့မိတဲ့ နှလုံးသားကို စာနာပါ ....

သာယာတဲ့အခါ ငါ့ကိုမေ့
ဒုက္ခတွေ့မှ တမ်းတပါ
လွမ်းရမှာကို ငါကြောက်တယ် ...

အနမ်းတွေ ခဏ ခဏ ချွေရပေမဲ့
ပန်းတွေ ကြွေကြွေကျ သလို
ရင်ခွင်မှာလည်း နွမ်းလျှကြေ...

မင်းနှုတ်ခမ်းဝမှာ သန္ဓေတည်လာတဲ့ စကားတို့က
တစ်ခြားတစ်ယောက်အတွက်ဝေတဲ့ သောက
ငါ့ရင်ဝ ကိုလည်း ခဏလောက်တော့ ကြည့်သင့်တယ် .....

မချိတင်ကဲ အမိရင်ထဲက ဝေဒနာ
ဖြေသာအောင် ဆေးတစ်ခွက်
မပေးတက်ခဲ့တာလည်း ငါ့ လိုအပ်ချက်ပါ ....

အငိုမျက်လုံး အပြုံးမျက်နှာ
မမြင်ချင်ဆုံး အဆုံးတစ်သက်တာ
ငါးစိမ်းလိုချင် ငါးကင်တော့ ပစ်ပါ ...

ငါးစိမ်းကို တပ်မက်
ငါးကင်ကို တွယ်ဖက်
မင်းအတွက် ရင်လေးတယ် ....

နှလုံးသားပေးကာ ချစ်ခဲ့ပြီမို့
အမုန်းတေးသွားမကြားရအောင်
မိန်းကလေးရေ ...
ငါ့ဂစ်တာလေး ကြိုးဖြုတ်ထားမယ် ....



ဖြိုးငယ်

10 comments:

လင်းဒီပ on October 30, 2008 at 6:11 AM said...

ကောင်းတယ်ဟေ့....ပထမဆုံး အပိုဒ် နဲ့နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ...

thihanyein on October 30, 2008 at 6:48 AM said...

ဆရာသမားရယ်ပေးဖတ်ကတည်းကကျုပ်ကကြိုက်နေတာ နောက်တစ်ခါအသဲကွဲတာတွေမလုပ်ပါနဲ့ဗျာ မခံစားနိုင်လို့ပါ အဟတ် ကျနော်ဖတ်ချင်တာ ရုပ်ပျိုကိုယ်နုဗျ ခုတော့ဗျာ ခုတော့ ခုတော့....
ကောင်းတယ်ဗျို့

မသက်ဇင် on October 30, 2008 at 9:13 AM said...

မီးတစ်ဖက် ရေတစ်ဖက်
ငါက ရေတစ်စက်ပေမဲ့
သူမက မီးဘက်ကို ကြိုက်တဲ့သူ .....

ရေများရေနိုင် မီးများမီးနိုင် ဆိုပေမဲ့
ငါ့ရဲ့ မေတ္တာရေ အနတ္တက
ဘာ့အတွက် မီးတစ်စ ကို မကျော်နိုင်တာလဲ ------------------------------------
ဖြိုှးုငယ်ရေ----
ကဗျာ တပုဒ်လုံး ကို အပေါ်ယံ ဖတ်လိုက် ရင်တော့--ကိုယ့်ချစ်သူက တခြားသူ အပေါ်
ယိမ်းသွားခဲ့လို့---ခံစားနေရတယ် လို့ ထင်မြင်
နိုင်ဖွယ်ရာပေါ့----ဒါပေမဲ့--ဒီကဗျာဟာ--အသဲ
ကွဲ ကဗျာ ရိုးရိုးမဟုတ်နိုင်ဘူးလို့ ---
ထင်မြင်မိတယ်----
ဒီလိုတွေးတာ အတွေးနက်သွားသလား----
မီးတဖက်--ရေတဖက် နဲ့ မိန်းခလေး လို့
စွပ်စွဲသူ ရဲ့ ခံစားချက် ကို သိပါပြီ။ ဒါပေမဲ့ စွပ်စွဲခံရသူ မိန်းခလေးရဲ့ ဖြေရှင်းချက် ကို
မသိရသေးတော့ ကဗျာတပုဒ်လုံးမှာ တခုခု လိုအပ်နေပါတယ်----

ထင်မြင်ချက်မှားကောင်းမှားနိုင်တယ်----
ရိုးရိုးအသဲကွဲကဗျာ တပုဒ်မဟုတ်ဘူးလို့ပဲ
ဝေဖန်ပါရစေ-----

ဖြိုးငယ် on October 30, 2008 at 10:01 AM said...

မှန်ပါတယ် မသက်ဇင် .. မသက်ဇင် တော်ပါတယ် .. ကျွန်တော်ရေးထားတာ အဲဒီလို ခံစားမှုမျိုးပါ .. ရည်းစား ၂ ယောက် ရှိတဲ့မိန်းကလေး ကို ချစ်မိတဲ့ ကောင်လေး ၂ ယောက်ထဲက တစ်ယောက်ရဲ့ ခံစားမှု စတိုင်လေးပေါ့ဗျာ .. အသဲကွဲ ကဗျာမဟုတ်ပါဘူး .. အသဲနာ ကဗျာ လို့ ပြောရမလားပဲ ... ကျေးဇူးတင်ပါတယ် မသက်ဇင် .. နောင်လည်း ဝေဖန်နိုင်ပါတယ် .. ကြိုဆိုပါတယ်ဗျာ..

Anonymous said...

ကောင်းလိုက်တဲ့ကဗျာလေး

မိုက်တယ်ကွာ မရောက်တာကြာလို့ ဒီနေ့မှ

ကဗျာ အကြွေးတွေ လာဖတ်သွားတယ်

အားပေးနေတယ်ညီလေး

mgngal on October 30, 2008 at 10:56 AM said...

နှလုံးသားပေးကာ ချစ်ခဲ့ပြီမို့
အမုန်းတေးသွားမကြားရအောင်
မိန်းကလေးရေ ...
ငါ့ဂစ်တာလေး ကြိုးဖြုတ်ထားမယ် ....။

ကိုယ်တွေ့ လားမသိဘူး ။ :P
အဆင်ပြေတဲ့နေ့ မှာ ကြိးပြန်တပ်ကြည့်လိုက် ။ အချစ်ရဲ့ သံ
စဉ်တွေ ကြားရလိမ့်မယ် ။ :)

ဝေလေး on October 30, 2008 at 9:57 PM said...

ဘယ်လိုပြောရမှန်းမသိတော့ပါ........
လိုက်မမှီပါ.....
အရမ်းကောင်းပါတယ်လို့ပြောလည်း ဒီစကားကရိုးနေပြီ....... တော်ပြီ မပြောတော့ဘူး :P

Unknown on November 2, 2008 at 9:17 PM said...

ဖြိုးငယ်

ကဗျာကောင်းလေးဖတ်ရလို့
အရမ်းဝမ်းသာပါတယ်..
ဖြိုးငယ်ရဲ့ခံစားချက်တော့
ဟုတ်ပါဘူးနော်..
အသည်းမကွဲပဲနဲ့အသဲကွဲ
ကဗျာတွေအရမ်းရေးတတ်တာ
ကိုဘယ်လိုပြောရမယ်မသိဘူး။။
ကဗျာအရမ်းကောင်းတယ်
မောင်လေးရေ....

Anonymous said...

ကျုပ်ဂစ်တာ ကြိုးပြတ်နေလို့ ခင်ဗျားဆီငှားမယ်ကြံမှ ခင်ဗျားက ကြိုးပါဖြုတ်ထားရော.... အေးတာပဲ... ကြိုးမပြတ်တော့ဘူးပေါ့ဗျာ... အဟတ်ဟတ်

Unknown on November 5, 2008 at 12:30 AM said...

ကိုဖြိုးရေ ကဗျာလေးကောင်းတယ်ဗျ အသည်းကွဲနေတယ်ထင်ပ ဟဟ ခုတလောကွဲနေတာတွေများတယ် ကောင်းသောနေ့ပါ ဗျာ :)

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template