Monday, November 3, 2008
ငါမသိဘူး
အနှေးကွက်တွေပဲ ပြနေတဲ့ action ကား
တိတ်တွေကုန်သွားတာပဲ အဖတ်တင်တယ်
မျက်ရည်မြင်မှာ သက်သေထင်တာလား
ဟေ့ဒီမှာ ငါ့ရင်ကိုခွဲ
ပုပ်နေတဲ့ အသည်းနှလုံး
မင်းမုန်းသွားလို့ ဖြစ်မှာပါ ...
အောင်မြင်ခြင်းမှတ်တိုင်မှာ
ကျရှုံးခြင်းလက်မှတ်ကိုင်ရတဲ့ ငါ
အဲဒီအခါမှာ ရွာတဲ့မိုးကို
ဘယ်လိုများ ကဗျည်းထိုးကြဦးမှာလဲ.....
ဖြိုးငယ်
Subscribe to:
Post Comments (Atom)
9 comments:
အောင်မြင်ခြင်းမှတ်တိုင်မှာ
ကျရှုံးခြင်းလက်မှတ်ကိုင်ရတဲ့ ငါ
ပြောင်မြောက်လိုက်တဲ့ စာသား ၊ရေလည် ခိုက်တယ်
အစ်ကိုရေ ။ ကဗျာလေး ကောင်းတယ်ဗျ ။ :)
ဖြိုးငယ်ရေ..
ပေါက်ကွဲသံစဉ်တွေပါလား
ခံစားချက်တွေပြင်းထန်နေသလိုပဲ..
အဆင်ပြေပါစေမောင်လေးရေ...
ဆရာသမားလည်း ရောဂါကျွမ်းနေပြီ :P
ကောင်းတယ်ညီလေးရေ
ပေါက်ကွဲမှုခံစားချက်လေး
ကျန်းမာပျော်ရွှင်ပါစေညီလေး
စာသားတွေ အရမ်းကောင်းတယ် ဖြိုးငယ်ရေ...း)
အချစ်ဒဿနတွေ လန်းတယ် အစ်ကိုရေ့...။
ငါမသိဘူး ကဗျာကိုလာဖတ်တယ်----
အင်း-----အခုတလော--အလွမ်း--အဆွေး-
အသဲကွဲဝေဒနာ တွေပဲဖတ်နေရပါလား---
ဘယ်လိုကွန်မန်းပေးရမှန်းတောင်
မသိတော့ပါဘူး။
ကဗျာရေးသူက
"ငါမသိဘူး"
ဆိုသကဲ့သို့--
စာဖတ်သူက ဘာမှ မသိလို့--
ဘာမှ မရေးတတ်တော့ပါဘူးကွယ်---
ကျွန်တော်လည်းဘယ်လိုကမ္ဘည်းထိုးရမလဲမသိ :P
ပေါက်ကွဲသံစဉ်လေးတွေ ..ကောင်းတယ်မောင်လေး ရေ. ကဗျာလေးက ။ အဆင်ပြေပါစေ။
Post a Comment