Thursday, April 16, 2009

ဖန်သားပြင် သင်္ကြန်



သင်္ကြန်ကြို ပိတောက်တို့
တမန်ကြို မထောက်နိုင်
ဂနိုင်လို မခြောက်ပေမဲ့
မဆိုင်သလို လျှောက်ရတဲ့ လမ်းမှာ
သင်္ကြန်ရဲ့ နှုတ်ခမ်းကိုတောင်
နမ်းခွင့်မသာခဲ့ဘူး ....

လှမ်းဆင့်ကာ သတင်းမေး
ရွှေပြည်ကြီးရဲ့ အဝေးမှာ
အတွေးနဲ့ ပျော်
ဖန်သားပြင်ပေါ်မှာပဲ ကြည်နူး
သင်္ကြန်လို့ပဲ နှုတ်က ခေါ်ဖူးခဲ့တယ် ....

လေရူးတွေလည်း မရောက်သလို
ပိတောက်တို့လည်း မပေါက်ဘူး
တန်ခူးဆိုတာကို ဖန်သားပြင်က အလှ
တစ်ခဏတာ ကြည့်ခွင့်ရယုံနဲ့
(ငါတို့အတွက်)
သင်္ကြန်က ပြည့်စုံနေပြီထင်ရဲ့ .....

တွေဆုံချင်ပါသော်လည်း
အခွင့်ရယ်တဲ့ ဘယ်မသာ
တစ်ကြိမ် တစ်ခါတော့
ဖန်သားပြင် မပါ
စက္ခုအာရုံ သက်သက်နဲ့
သင်္ကြန်ရဲ့ အငွေ့အသက်ကို
ပွေ့ဖက် ချင်ပါဘိ ...

ဝေ့တက်လာတဲ့အသိ
ပစ္စုပ္ပန်မှာကြည့်တော့
ဖန်သားပြင် သင်္ကြန်ပွဲနဲ့ပဲ
(အခုတော့လေ ... )
နှစ်သစ်ကို နွဲ ....


ဖြိုးငယ်


9 comments:

လွမ်းသုရင် on April 16, 2009 at 5:32 PM said...

မောင်လေးရေ နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်။

အစ်မ ဒီနေ့ မြန်မာပြည်ကိုပြန်ပြီ။ တာ့တာနော်။ လိမ်လိမ်မာမာနေခဲ့ :)

စန္ဒကူး on April 16, 2009 at 7:15 PM said...

ဟုတ်ပါ့..မှန်တယ်...
တစ်ကယ်တမ်းဆင်နွဲနေရတာ
ဖန်သားပြင်မှာပါဘဲ..း(

မီးငယ် on April 16, 2009 at 10:46 PM said...

Gtalk နဲ့ C-Box မှာပဲ ငါ့အကို ခမျာသင်္ကြန်ကျနေရတယ်..
တနားပါတယ်ကွယ်...

သက်ထွန်းညိမ်း on April 17, 2009 at 1:01 AM said...

လွမ်းနေတာလား...ဆရား)

mgngal on April 17, 2009 at 4:54 AM said...

ရော် အမှန်တွေ ရေးနေပြန်ပါပြီ ။ ဒီလိုပဲ တစ်နှစ်ပြီးသွားပြန်ပြီ ။း(

ဝေလေး on April 17, 2009 at 8:24 AM said...

အင်းနော်.........
ဖန်သားပြင်ပေါ်က သင်္ကြန်ကိုပဲ ကြည့်ပြီးပျော်နေရတာပဲ

emayarKhin on April 17, 2009 at 11:03 AM said...

ဘဝတူတွေပါပဲအကိုရေ...............
သင်္ကြန်ရဲ့နှုတ်ခမ်းကိုတောင်နမ်းခွင့်
မရဘူးဆိုပါလားဒီစာသားတော်တော်
ကောင်းတယ်................

ကဗျာဦး on April 19, 2009 at 10:40 PM said...

ကဗျာတွေကြိုက်လွန်းလို့ လင့်ထားလိုက်ပါတယ်
ကိုဖြိုးငယ်ရှင့်

က+ဗျာ+လှည်း on April 22, 2009 at 4:41 PM said...

ကိုယ့်လူ... သင်္ကြန်တောင် ပြီးသွားပေါ့... သင်္ကြန်ကျကောင်းနေတုန်းပဲလား... :D

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template