Sunday, April 12, 2009

အဲဒါကဗျာဆရာ


ပန်းကလေးတစ်ပွင့်

တစ်ခြားဘယ်လိုပန်းမျိုးကမှ

တုနှိုင်းမမှီ ခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ ပန်း ......။



အဲဒီပန်းဟာ တစ်ခမ်းတစ်နားနဲ့

ကဗျာဆရာ အနားမှာ

ထာဝရ ခစားနေလေရဲ့ ....။



သစ်သီးလေးတစ်လုံး

တစ်ခြားဘယ်လိုသစ်သီးမျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ သစ်သီး ....။



အဲဒီသစ်သီးဟာ ထီးထီးမားမားကြီး

ကဗျာဆရာရဲ့အနီးမှာ

အားကြီးနေလေရဲ့ .....။



လွယ်အိတ်လေးတစ်လုံး

တစ်ခြားဘယ်လိုလွယ်အိတ်မျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ လွယ်အိတ် ......။



အဲဒီလွယ်အိတ်ဟာ ကဗျာဆရာရဲ့စိတ်

အဲဒီအိတ်ထဲမှာ ခံစားချက်တွေကလည်း

အိတ်သွန်ဖာမှောက် .....။



ရာဟုမလေးတစ်ယောက်

တစ်ခြားဘယ်လိုမိန်းကလေးမျိုးကမှ

တုနှိုင်းမမှီခမ်းနားမြင့်မြတ်လွန်းနေတယ်ဆိုရင်

အဲဒါ ကဗျာဆရာ ရဲ့ ချစ်သူ ......။



အဲဒီ မိန်းကလေးဟာ

သူ့ဘေးမှာ မရှိခဲ့ရင်တောင်

နှလုံးသားပိုင်စား သခင်မတစ်ပါးပါပဲ .....။



အိမ်မက်လေးတစ်ခု

တစ်ခြားဘယ်လိုအိမ်မက်မျိုးကမှ

တုနှိုင်းမမှီအလွမ်းငွေ့ ရည်ဖွဲ့ခဲ့တယ်ဆိုရင်

အဲဒါ ကဗျာဆရာ ၀င်စားတဲ့ အိပ်မက် .....။



အဲဒီအိပ်မက်ဟာ

ကဗျာဆရာရဲ့ ၀င်သက်ထွက်သက် မဆိတ်သုဉ်းသ၍

ကြယ်ကိုးစင်းနဲ့အပြိုင်လင်းတဲ့ ကောင်းကင် ......။



သေးငယ်တဲ့လှိုင်းအမှုန်လေးကအစ

ကြီးမားတဲ့ဒြပ်ထုအဆုံး

တခမ်းတနားတုနှိုင်းမမှီဖွဲ့နွဲ့နိုင်တာ

အဲဒါ ကဗျာဆရာ ...။


ကျွန်တော့်ဆရာတွေကို ဂုဏ်ပြုသည်

သီဟညိမ်း

(
ဖြိုးငယ် ကူညီရေးစပ်သည် ။ )

(၁၄.၄.၂၀၀၉)

9 comments:

စန္ဒကူး on April 12, 2009 at 6:13 AM said...

ကဗျာလေးကအသက်ဝင်လိုက်တာ...

mgngal on April 12, 2009 at 6:19 AM said...

ပုံဖော်သွားတာလေး ကြိုက်တယ် ။

ရိုးမြင့်အောင် on April 12, 2009 at 9:31 AM said...

ဂွတ်တယ်လို့ ပြောရမလား... ကောင်းတယ်လို့ ပြောရမလား... မြောက်တယ်လို့ ပြောရမလား... ဂွတ်ကောင်းမြောက် လို့ ပြောတယ်ဗျာ... သူ့အပိုဒ်နဲ့သူတော့ အသက်ဝင်တယ်ဗျ... ကျေးဇူး... နှစ်ယောက်လုံး...။

GreenGirl on April 12, 2009 at 9:49 AM said...

ကဗျာဆရာတွေပီသပါတယ်။ ဘာလေးပဲ ဖြစ်ဖြစ် ကဗျာဆရာလက်ထဲရောက်ရင် ကဗျာဆန်သွားတာပါပဲ။

ဒါနဲ့
၁၄.၄.၂၀၀၉ တဲ့။ ဒီနေ့မှ ၁၃ ရှိသေးတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။

အိုင်လွယ်ပန် on April 12, 2009 at 10:30 AM said...

ကောင်းတယ်ဗျာ

ဆောင်းယွန်းလ on April 12, 2009 at 1:10 PM said...

ကဗျာဆရာတွေအတွက် ရေးစပ်ထားတဲ့ကဗျာလေးက
ကောင်းလိုက်တာ ညိလေးရာ...ရှယ်ပဲ

Unknown on April 13, 2009 at 9:17 PM said...

ကဗျာ လေ ခံစားသွားတယ် ကောင်းသောနေ့ပါ ကိုဖြိုးရေ :)

emayarKhin on April 14, 2009 at 4:15 AM said...

အဲဒါကဗျာဆရာတဲ့...ကောင်းလိုက်တဲ့ကဗျာ.......

ကဗျာဦး on April 14, 2009 at 6:26 AM said...

အဲဒီပန်းဟာ တစ်ခမ်းတစ်နားနဲ့

ကဗျာဆရာ အနားမှာ

ထာဝရ ခစားနေလေရဲ့ ....။

ကဗျာတွေ ကောင်းမှကောင်း
်ဂွတ်တယ်
လင့်ယူသွားပြီရှင့်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template