Friday, June 26, 2009

အေးစေသောရေ ... ကျေစေသောအပြုံး




စိတ်ကောက်ကြတဲ့
နှာစေးချောင်းဆိုးနေ့ရက်များမှာ
အနာနဲ့ဆေး တည့်
လှည့်ပြန်ခဲ့ရတဲ့
မရိုးနိုင်တဲ့ရင်ခွင်ဆီမှာ
အတိတ်တွေကို Exp .. date ဖတ်
စွဲချက်တွေနဲ့ ၊ ပစ္စုပ္ပန်မှာ ယိမ်းထိုး
ဒါဆို ...
အနာဂတ်ကို ပလာစတာကပ်ထားရမှာလား
ချွဲပိုတာဆိုး ၊ ပြန်ချော့ခ က ဆယ်ဆတိုးတယ်
ညိုတိုတို မျက်နှာထားနဲ့
အူဝဲလေးလို ငိုလိုက်ချင်တယ်
ကလေးကလားလို့ ဇီးပြားကျွေးနေမှာ စိုးရပြန်တော့
မာန်ဘဝင်က အင်တင်တင်ရယ်နဲ့
ကိုးဖြာသော သဲတစ်ဝက်ခွဲလို့
မာယာလက်တစ်ဆစ်နဲ့ မူနေရတဲ့အဖြစ်က
အချိန်မှန် ဖုန်းသံမြည်လာရင်တော့
သုံးလွန်းတင်တဲ့ မာနကြိုး ပြတ်
ပီတိရောစွက် အသံထွက်က
ဟယ်လို “ မောင် ” လားတဲ့
ဒါကြောင့်ပေါ့
( တစ်ခါတစ်ရံ ) အချစ်ဆိုတာ
ဘာမှန်းမသိတဲ့
“ What ?? ” တွေချည်းပဲလေ ... ။

P.S ==> ဒါလည်း ကျွန်တော်ရေးတာမဟုတ်ပါဘူးခင်ဗျာ ။

5 comments:

Anonymous said...

တစ်.. တစ်.. :P
ကောင်းလိုက်တဲ့ကဗျာလေး..

အိုင်လွယ်ပန် on June 27, 2009 at 12:39 AM said...

အသူရေးရေး
ခံစားသွားတယ်ဂျ :)

သက်ထွန်းညိမ်း on June 27, 2009 at 3:20 AM said...

အလဲ့း)

emayarKhin on June 29, 2009 at 1:27 PM said...

ဖတ်ရင်းဖတ်ရင်းနဲ့...
ps ကိုလဲတွေ့ရော.......သူ့ချစ်သူကြားရင်
စိတ်ကောက်ချင်စရာကြီး......
သူရေးဒါဟုတ်ဘူးတဲ့.....။။။

Anonymous said...

မင်းကတော့ လုပ်ပီ ကောင်မလေးကြားရင် နားရင်းတီးခံနေရဦးမယ် ကြည့်လဲလုပ်ဦး မကြားချင်ဘူးနော်.. ထိပ်ပေါက်ခေါင်းကွဲ.. ကလှောင်တွေနဲ့ သိပ်မထိုးနှက်နဲ့ ဟိုကတော့ လက်သီးနဲ့ထိုးနေမှ ခက်မယ်.. :)

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template