တစ်တောလုံးကြွေခဲ့တာတောင်
အလွမ်းတွေ မသေသေးဘူး ...
တစ်ဝုန်းဝုန်း သည်းခဲ့တာတောင်
ကဗျာတွေ မကွဲသေးဘူး ...
တစ်ခါတည်းပါ ဆိုရင်တောင်
အသည်းက နာလှပြီ
ကဗျာထဲမှာ ဆိုရင်တောင်
မဲက ဗလာကျသည်
ဟော ဟိုမှာကြားလား ...
အလွမ်းနဲ့ကဗျာ စီးချင်းထိုး
( အဲဒီရင်ခွင်မှာ )
ဘယ်တန်ခိုးရှင်က သခွတ်ပန်း ပွင့်ပေးနိုင်မလဲ ....
ဖြိုးငယ်
9 comments:
ပေါက်ကွဲသံ က ညံ နေတာပဲ
ကောင်းတယ်ဗျာ ...စာသားတွေ ။
သခွတ်ပန်းပွင့်ပေးတဲ့သူကို
ရှာပေးရမလား ဆရား)
သခွတ်ပန်း ပွင့်စေသတည်း ......
ဟတ်ဟတ်.... အဲဒါဆိုပွင့်ရောလား.. :P
နောက်တာ။ အဟမ်း အဟမ်း အတည်ပြောမယ်.....
~~ တစ်တောလုံးကြွေခဲ့တာတောင်
အလွမ်းတွေ မသေသေးဘူး ... ~~
မိုက်တယ်။ ရေးချက်ကတော့ အစ်ကိုရာ... လိုက်လို့ကိုမမှီဘူး.... :)
သခွတ်ပန်း ပွင့်စေသတည်း ......
ဟတ်ဟတ်.... အဲဒါဆိုပွင့်ရောလား.. :P
နောက်တာ။ အဟမ်း အဟမ်း အတည်ပြောမယ်.....
~~ တစ်တောလုံးကြွေခဲ့တာတောင်
အလွမ်းတွေ မသေသေးဘူး ... ~~
မိုက်တယ်။ ရေးချက်ကတော့ အစ်ကိုရာ... လိုက်လို့ကိုမမှီဘူး.... :)
ကဗျာလာဖတ်ဖြစ်တယ် ကိုဖြိုးရေ
ကောင်းသောနေ့ပါ :)
မရောက်ဖြစ်တာလည်းကြာနေပြီ :)
နုမြဲနုဆဲ စာနုယဉ်လေးများခံစားသွားကြောင်း :)
“တစ်တောလုံးကြွေခဲ့တာတောင်
အလွမ်းတွေ မသေသေးဘူး ...”
စာသားလေးအရမ်းကောင်းတယ်....။။။
ကဗျာရဲ့ စကားလုံးအားမန်တွေက အင်မတန်ကောင်းတယ်ညီရေ.. ဖတ်လိုက်ရတာ စိတ်ထဲမှာ စကားလုံးတွေ ရွာချတဲ့ကောင်းကင်လိုပါပဲလားညီရ အားပေးနေတယ်ကွာ..
အော် ကဗျာစရာရယ်.. တစ်တောလုံးကြွေပီး သစ်ပင်ထီးကျန်မှတော့ ပိုလွမ်းတာပေါ့ :P
တတောလုံးကြွေတာက နွေမို့ထင်တယ်
အလွမ်းတွေ မသေတာကတော့ ရှင်နေတုန်းမို့ ဖြစ်မှာပေါ့ ဟတ်ဟတ်
လိုတိုရှင်း တိုတိုလေးနဲ့ထိတယ်
TGRmg
Post a Comment