ပြီးပြတ်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုမှာ
နင့်ဘက်ကလည်းမှန်တယ်
ငါ့ဘက်ကလည်းမှန်တယ်
ဒါဆို ဘယ်သူတွေကမှားခဲ့တာလဲ .....
အချစ်နဲ့ သနားညှာတာမှု စီးချင်းပြိုင်ပွဲမှာ
အချစ်ကို ကိုင်ထားတဲ့ ငါက
ဘာကြောင့်များမနိုင်တာလဲ
၁၅၀၀ က ၅၂၈ ကို ရှုံးနိမ့်သွားတဲ့ တစ်ခဏ
ငါ့စိတ်တွေ အပိုင်းပိုင်း လဲကျ ...
ငါ့ဝိဥာဉ် ကိုတောင် သတိမရတော့ဘူး ....
ငါ့စိတ်ကို သင်းကွပ် ထားပါလျှက်
အတင်းလွတ်သွားတဲ့ တစ်ခါတစ်လေ
ဘာတွေက အနိုင်ပိုင်းထားသလဲ
ငါ့ကိုယ်ငါတောင် မသနားချင်ဘူး
ဝင်သက်နဲ့ထွက်သက်ကြားမှာပဲ
သူကိုမေ့ထားလို့ ရတယ် ........
ဆုံးရှုံးခဲ့ပြီသေချာလျှက်နဲ့
အမုန်းဆုံးအရပ်ကို ငါမထွက်နိုင်ဘူး
ငါ့ဘက်က တဏှာမဖက်
နှလုံးသားရဲ့ ဘေးမှာကပ်ပြီး
ဒီတစ်သက် ချစ်ခွင့်ရှိပါသေးတယ် .....
နောက်ဆုံးတော့လည်း
နှလုံးသားတစ်ခုကို အရင်းတည်ပြီးမှာ
ဒဿကို ငါကိုယ်ချင်းစာခဲ့မိတယ်
အရှုံးသမားရဲ့ ဘဝ
သုံးစားမရတော့တဲ့ ငါ့ရင်ခုန်သံတွေက
မင်းပျော်ဖို့ ဂီတ တစ်ပုဒ်ဖြစ်မယ်ဆိုရင်
ဒီမျှနဲ့ သိမ်းတဲ့ဇာတ်
ဒီဘ၀တော့ ကျောခိုင်းထွက်ပေးခဲ့ပါမယ် ချစ်သူ ...
ကြေးပုရိပိုဒ်မှာ သွန်းမိတဲ့ ကဗျာပါ
တေးရတု တစ်ပိုဒ်လောက်မှ မသာယာမှတော့
ဝေးအခု အပူတွေ ပိုက်ပြီး
ဆွေးသမှု ရင်မှာ လောင်မြိုက်နေခဲ့ပြီ ....
အချစ်တွေကို လောင်တိုက်သွင်း
မှောင်မိုက်ရင်းနဲ့ ခရီးဆက်
မနီးစပ်မှတော့ သံယောဇဉ်ကြိုးကို အပြီးဖြတ်
နှလုံးသားထက်က ကျလာတဲ့ သွေးနဲ့
အဲဒီပုရိပိုဒ်ကို ဆက်ရေးခွင့်ပြုပါ ..
P . S >>> လွန်ခဲ့တဲ့ ၆ လလောက်တုန်းက သူငယ်ချင်းတစ်ယောက်ရဲ့အတွက် ခံစားရေးဖွဲ့ထားတဲ့ကဗျာလေးပါ ။ အခုမှ အဆုံးသတ်ဖြစ်လို့ တင်လိုက်ပါတယ် ။
ဖြိုးငယ်