Saturday, September 19, 2009

တစ်ခါပြန်လာ ၁၉ စက်တင်ဘာ






နေ့ကို ညသယ်
ညကို နေ့ပြန်သယ်
ကမ္ဘာကြီးလည်ရင်း
မပြောင်းလဲသေးတဲ့ သူတစ်ယောက်ကလည်း
ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပြီ .....

ပစ္စုပ္ပန် မှာ ပြုလုပ်ခြင်းက
အတိတ် ဖြစ်ခဲ့သလို
အနာဂတ်ရဲ့ ဖြစ်တည်မှုဆိုတာလည်း
ပစ္စုပ္ပန် ကို စောင့်မျှော်ခြင်းဖြစ်တယ် ...

ပူခြင်း အေးခြင်း
မွှေးခြင်း နံခြင်း
ဖြစ်ခြင်း ပျက်ခြင်းတွေနဲ့ သတ္တလောက
ဘယ်လိုကကြိုးတွေနဲ့ က က
ဘဝဆိုတာ ဘဝပါပဲ ...
အဲဒီ ဘဝ ထဲမှာ လဲ
ဖျက်မရတဲ့ အမှတ်တရတွေရှိတယ် ...

အစက်ကျသမျှ အရုပ်ထင်ရတဲ့ သံသရာ
အဖန်တရာမက ဒီလိုနေ့မျိုးတွေရခဲ့တာပဲ ...
မှန်ရာကို မသိသေးသမျှလည်း
ဒီလိုနေ့တွေ ငါတို့ ထပ်ရနေဦးမှာပဲ ...
တစ်ခါပြန်ကျတဲ့ ဒီနေ့
ဒီဘဝအတွက် ဒီတစ်ခါပဲတွေ့ရတာမို့
အမှတ်တရ တစ်ခု ဖြစ်ခဲ့ပြီ ...

မော်ကွန်းမတင်ပါ
ကဗ္ဗည်းမထိုးပါ
ရိုးရိုးလေး မှတ်ယူ
သူမရင်ထဲမှာပဲ မိုင်တိုင်ထူခဲ့ပြီ ...

အယူအဆ မတူကြတဲ့လောက
သူမအတွက်တော့ ဒီနေ့က အမှတ်တရတစ်ခု
အချက်ကျကျပြုပြီး ဘ၀ကို ဖြတ်
ရပ်နေရတဲ့နေရာမှာ ပျော်အောင်နေရင်း
နေကို နောက်တစ်ပတ်ပြည့်ဖို့ ပြန်မျှော်နေဦးမယ် ....

စက်တင်ဘာ ၁၉ ဆိုတာ
အချိန်တွေ ဘယ်လို တိုးတိုး
သူမအတွက် မရိုးနိုင်တဲ့ ဆန်းသစ်မှု တစ်ခုမို့
အခုကစ နောင်ကြုံမယ့် ကာလမှာ
လိုအပ်ဟူသမျှ ပြည့်ပါစေ .....


P > S == > မကြယ်စင်နတ်သမီး အတွက် အမှတ်တရ မွေးနေ့ လက်ဆောင် ကဗျာလေးပါ ....

ဖြိုးငယ်




2 comments:

GreenGirl on September 19, 2009 at 6:20 PM said...

Happy Birthday "MA" !

ein on September 20, 2009 at 9:13 PM said...

ဟက်ပီဘတ်ဒေး မကြယ်စင်!
ပျော်ရွှင်ချမ်းမြေ့ပါစေ ...

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template