Sunday, September 13, 2009

ဆိုင်ဆိုင် .. မဆိုင်ဆိုင်




ငါ့စိတ်ကို ခဏဘေးချ
သြော် .. လောက .. လောက .. လောက လို့ သုံးခါအော်လည်း
ဘယ်အရာကို ကြိုမျှော်ကြည့်နိုင်မှာလဲ ...
ဘာကိုမှမသိနိုင်တဲ့ ရှေ့ရေး
ကြိုတွေးနေလဲ အပိုပါပဲ ....
အငိုတစ်ဝက် မျက်နှာနဲ့
ပူလောင်မှု ဝေဒနာကို သောကတွေနဲ့ရော
ဘယ်သူ့ကိုမှ မပြောချင်ဘူး ....
ချစ်သူရေ ...
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကိုငါ လွမ်းတယ် ....


ကောင်းကင်မှာ လမင်းကြီးက သာတယ်
သူ့ဘေးမှာ ကြယ်တွေက ညီလာခံထိုင်တယ်
သူတို့ဘာတွေ တိုင်ပင်နေလဲ ငါ မသိရဘူး
ဒီလိုနဲ့ ငါထိုင်ကြည့်ရင်း
ချစ်သူရေ ...
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကိုငါ လွမ်းတယ် .....


လေပြေတွေက ဝေ့ဝိုက် ကစား
ငါ့ကို ခဏ ခဏ ခလုတ်တိုက်သွားတယ်
တောင်တန်းတွေကို ဖြတ်သန်းလာသလား
ပင်လယ်ကိုပဲ လက်ကမ်းလာသလား
စမ်းတဝါးဝါးပါပဲ ...
အဲဒီလေတွေ ငါ့ကို တစ်ချက်နမ်းသွားတိုင်းပေါ့
ချစ်သူရေ ...
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကို ငါလွမ်းတယ် .....


ချစ်သူရေ ...
တိုက်ဆိုင်မှုတွေရှိလာရင်ရော
မတိုက်ဆိုင်မှုတွေ ဖြစ်နေရင်ရော
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကိုပဲလွမ်းမိတဲ့ ငါ
နင်ပဲ လွန်တာလား
ငါပဲ လွန်တာလား
မပြောတက်တော့ပါဘူး
အင်းလေ ...
ဆိုင်ဆိုင် မဆိုင်ဆိုင်
နင့်ကို ငါလွမ်းတယ် ...

ဖြိုးငယ်


12 comments:

emayarKhin on September 13, 2009 at 9:37 AM said...

ဆိုင်ဆိုင်...မဆိုင်ဆိုင်....
ကဗျာလေးကို....ခံစားသွားပါကြောင်း....
ဆိုင်ဆိုင်မဆိုင်ဆိုင်....လွမ်းနေကြောင်း
ချစ်သူသိပါစေကြောင်းးးးးးးးး

အိုင်လွယ်ပန် on September 13, 2009 at 12:01 PM said...

လွမ်းတယ် ...
ဆိုင်ဆိုင် မဆိုင်ဆိုင် :)

Unknown on September 13, 2009 at 12:36 PM said...

ဆွေးတယ် ဆိုင်ဆိုင် မဆိုင်ဆိုင် :)
အဆင်ပြေပါတယ်ဗျာ ကျောင်းမှာလည်း ကောင်းသောနေ့ပါ ကိုဖြိုးရေ :)

Unknown on September 13, 2009 at 2:06 PM said...

ကျွန်တော်ကတော့ ဆိုင်တယ်ထင်လို့....
ကဗျာလေး လာခံစားသွားတယ်နော်...

သက်ထွန်းညိမ်း on September 14, 2009 at 2:30 AM said...

ကဗျာဆရာရေ
ဆိုင်ဆိုင်မဆိုင်ဆိုင်ပေါ့နော့်
လွမ်းလည်းမလွမ်းလွမ်းပေါ့
လွမ်းသာလွမ်းပါဗျား)

နွေညို on September 14, 2009 at 2:34 AM said...

အတွေးလေးလှလိုက်တာဗျာ . . . မှန်လိုက်တာကိုဖြိုးငယ်ရေ . . ဆိုင်ဆိုင် မဆိုင်ဆိုင် လွမ်းသူကတော့ လွမ်းနေရတာ . .

GreenGirl on September 14, 2009 at 6:34 AM said...

ကိုယ့်ဘာသာကို လွမ်းတာ ဘာဖြစ်လဲ ဘာဖြစ်လဲ :)

ဝေလေး on September 15, 2009 at 8:30 AM said...

ဆိုင်ဆိုင် မဆိုင်ဆိုင်
ကွန်မန့်ရေးရင်ရော ဖြစ်လား.. :-)

ဆိုင်လည်းလွမ်း မဆိုင်လည်းလွမ်း လွမ်းချင်ရင် လွမ်းသာလွမ်း...

ဆောင်းယွန်းလ on September 15, 2009 at 4:35 PM said...

ချစ်သူကိုလွမ်းတဲ့စိတ်
ကဗျာစာရွက်ပေါ်ဖိတ်ကျနေပုံလေးကို
ချစ်သူကိုလွမ်းတဲ့စိတ်နဲ့ပဲ ပြန်ငေးနေမိခဲ့ရ
ချစ်သူသိခြင်းမသိခြင်းကိုလည်း ငါဂရုမစိုက်
ငါ့အလွမ်းနဲ့ပဲ ငါ့အချစ်ပင်လယ်ကိုရွက်တိုက်နေမိဆဲ

ကဗျာလေးကောင်းလို့ သေသေချာချာခံစားသွားပြီးမှ
အပိုင်းအစတချို့ကိုရေးချသွားခဲ့တာပါညီလေးရေ

Anonymous said...

ဆိုင်ပါစေဗျာ ဆိုင်ပါစေ လွမ်းတော့မလွမ်းလိုက်နဲ့လေ . . . မကြာမီလာမည်မျှော်ပေါ့ဗျာ . . . . လွမ်းနေတာ ကို ချစ်သူသိရှိနိုင်ပါစေဗျာ

mgngal on September 17, 2009 at 1:31 PM said...

လမင်းကြီးက သာလို့ 
စဥ့်အိုးကြီးက ပြောင်လို့ 
နင့်ကို ငါချစ်တယ် ဆိုတာထက်ပိုဆိုးနေပါလား ကိုဖြိုးငယ် ။ ဆိုင်ဆိုင်မဆိုင်ဆိုင် လွမ်းတာလွမ်းဗျာ ။ ဘယ်သူ့ဂရုစိုက်နေရမှာလဲ ။ အငဲ သီချင်းလိုပဲ ... ငါ့စိတ်နဲ့ ငါပဲ ဆိုတာလေ ။

တင့်ထူးရွှေ on September 18, 2009 at 4:05 AM said...

တကယ်တော့ ခင်ဗျားကိုက လွန်ကိုလွန်တာပါဗျာ :P

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template