Saturday, May 16, 2009

ကျေးဇူးရှင်သို့ ဆုတောင်း




သိဒ္ဓိအောင်ခဲ့သလား
လိုတရတဲ့ ဓါတ်လုံးတစ်လုံးဆိုရင်
အဖေရဲ့မေတ္တာနဲ့ယှဉ်ကြည့်ချင်တယ်
နေမ၀င် အင်ပါယာဆိုတာ
ကျွန်တော့် ကမ္ဘာမှာ
ဖေဖေ့ရဲ့ အကြင်နာပါပဲ ...

တမင်တကာ မဟုတ်ပေမဲ့
မြင်သာအောင် ထုတ်မပြတက်ကြဘူး
ရင်အုပ်မကွာ မဖြစ်ခဲ့ပေမဲ့
ဝမ်းတစ်ထွာ မ ဟာရအောင်
ထာဝရဖြည့်ဆည်းပေးခဲ့တဲ့သူ
အဖေဟာ တံခွန်ထူ အောင်နိုင်သူ စစ်သူကြီးလည်းဖြစ်တယ် ....

ဘယ်အရာကိုမှ မညူစူခဲ့ပါဘူး
ဆူပူခြင်းကင်းမဲ့ လမ်းကြောင်းမှန်တည့်အောင်
ပဲ့ပြင်ဆုံးမ ကျွန်တော့်ဘ၀ သုည ကို
တစ်စတစ်စ ထပ်ကိန်းတွေရအောင်
ထိန်းသိမ်းပို့ချ အရောင်တစ်လက်လက်ထစေခဲ့သူပါ
အဖေဟာ ကျွန်တော့်အတွက်
ဖတ်လို့မကုန်နိုင်တဲ့ သင်ရိုးညွန်းတမ်းတစ်အုပ်လည်းဖြစ်တယ် ....

ဧဒင်ဥယျာဉ်ကြီးရဲ့သာယာမှု
အဖေ ပြုစုပျိုးထောင်ခဲ့တဲ့ မိသားစုလေးကို မှီပါ့မလား
အညီအမျှ ထားတဲ့ အဖေရဲ့ချစ်ခြင်းတွေကြား
ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကြီးထွားခဲ့ရင်း
ဒီနေ့ပေါ့....
အဖေအသက် တစ်တိုးခဲ့ပြန်ပြီ .....
မနက်ဖြန်တိုင်း အဖေကျန်းမာပါစေ ....

ဖြိုးငယ်


မေလ ၁၅ ရက်နေ့တွင်ကျရောက်သော အဖေ့မွေးနေ့အတွက် ကျေးဇူးဆပ်ပါသည် ။ ဖေဖေ သက်တော်ရာကျော် ရှည်ပါစေ ......

6 comments:

Anonymous said...

အကို့ရဲ့ အဖေ စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းဖြင့် ပြည့်စုံပါစေဗျာ
အဆင်ပြေပျော်ရွှင်ပါစေ

mgngal on May 16, 2009 at 5:52 AM said...

အဖေ့ မွေးနေ့ အတွက် ခံစားသီကုံးထားတဲ့ ကဗျာလေး ကောင်းတယ် အစ်ကို ။ ပျော်ရွှင်ဖွယ် မွေးနေ့ လေး ဖြစ်ပါစေလို့  ဆုတောင်းပေးပါတယ် ။း)

သက်ထွန်းညိမ်း on May 18, 2009 at 3:40 PM said...

ကဗျာဆရာရေ
ရွှင်လန်းချမ်းမြေ့ပါစေဗျာ
ဒီဘက်မှာတော့ ကာရန်တွေ သိပ်မတွေ့ရတော့ဘူး
ခင်ဗျားကဗျာတွေကတော့ ကာရန်တွေနဲ့
လှနေတုန်းပဲ ....

သက်ထွန်းညိမ်း

ရွှေပြည်သူ (ShwePyiThu) on May 20, 2009 at 8:13 AM said...

ွှအစ်မကိုယ်တိုင်လည်း အဖေကိုချစ်တဲ့သမီးဆိုတော့ ဒီကဗျာကောင်းလေးကို နက်နက်ရှိုင်းရှိုင်းခံစားမိပါတယ် ဖြိုးငယ်ရေ... ဒီကဗျာလေးကို မောင်လေးအဖေ ဖတ်မိရင် သိပ်ဝမ်းသာကျေနပ်မှာပဲ...

မသက်ဇင် on May 21, 2009 at 7:57 AM said...

မနက်ဖြန်တိုင်း အဖေကျန်းမာပါစေ ....
ဖြိုးလေးရေ
အလွန်ရိုးသားတဲ့ကဗျာလေးပါ
ခင်မင်လျက်

Anonymous said...

ညီလေးရေ ညီရဲ့ကျွမ်းကျင်မှုနဲ့ ညီဖေရဲ့ မွေးနေ့မှာ ကျေးဇူးဆပ်နိုင်ခြင်းအပေါ်ကို လေးစားဂုဏ်ယူပါတယ်ကွာ အကိုလည်း အလုပ်တွေများလို့ ညီဆီမလာဖြစ်တာ ခွင့်လွတ်ပါကွာ ညီကဗျာတွေကို အကိုနှစ်သက်အားပေးလျှက်ပါပဲကွာ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template