Sunday, September 9, 2007

အိပ်မက်ချို


လမင်းမှာဆန်ဖွတ်တဲ့ အဖိုးအိုကြီး
ပြုံးစိစိနဲ့ ငါ့ကိုမေးတယ်
မင်းချစ်သူကို လွမ်းနေလားတဲ့.....

မှော်ပညာတွေဖုံးအုပ်
ယုန်လေးသဏ္ဍန်လုပ်ပြီး
သူ့ဘေးနားရောက်သွားတယ်...

အဖိုးအိုက လှမ်းပြလို့
ကမ္ဘာမြေက ချစ်သူကို
ငါတွေ့လိုက်ရတယ်.....

သူမအနားကို ခစားဖို့
လကမ္ဘာကပြေးဆင်းတုန်း......

ဝုန်း.........ခနဲဆို...


ချစ်သူကပျောက်သွားတယ်
ငါက ကုတင်အောက်မှာ
အိပ်မက်က ချိုပါဘိ
ချစ်သူကတော့ မသိဘူးနော်.....


ဖြိုးငယ်


0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template