Tuesday, September 25, 2007

သင်္ခါရ


ငါမြိုချခဲ့တဲ့ အယ်ကိုဟောတွေက
ငါ့ကိုပြန် ဒဏ်ခတ်တယ်
အရင်ကထက်ကမ္ဘာကြီးပိုလည်သွားပေမဲ့
မင်းအနားကိုတော့ ငါမရောက်နိုင်သေးဘူးလေ....

မနက်ခင်းရဲ့ ကပွဲမှာ
ငါလည်းပါခဲ့တယ်...
နှင်းမှုံတွေဖုံးအုပ်လို့ပေါ့...

ယောင်ချာချာနဲ့နိုးထလာတဲ့ ငါ
တစ်ဟုန်တိုး ငါ့ဆီကိုပြေးလာတဲ့
ကိုင်ကြည့်လို့မရတဲ့ အရာတစ်ခုနဲ့ ထိတွေ့မှ
ငါသိလိုက်ရတယ်...
သစ်ပင်တွေလည်းဦးညွတ်လို့
နေမင်းကြီးကိုနှုတ်ဆက်ရင်း
အသက်တစ်ရက်ကြီးပြန်ပြီနော်.....


ဖြိုးငယ်

0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template