Wednesday, September 26, 2007

စိတ်ထဲရှိရာ


အတိတ်ကအကြောင်းတွေ စဉ်းစားရင်း
လက်ရှိဘ၀ကို ငါကြောက်နေတယ်
မနေ့ကတွေးခဲ့တဲ့ မနက်ဖြန်ဟာ
ဒီနေ့ဖြစ်နေပေမဲ့
မနက်ဖြန်မှာ မနေ့ကဖြစ်သွားပြန်ရော....

ဘာတွေပြောမှန်းတော့ ငါမသိဘူး
နားထောင်လို့တော့ ကောင်းပါတယ်
အားလုံးကလည်း ညာနေကြတယ်
ကိုယ်စိတ်ထင်ရာကို အရုပ်ဖော်ရင်း
တစ်ခါတစ်ခါ ခေါင်းလေးတွေလိုက် ညိတ်ကြတယ်
တစ်ခါတစ်လေ ကြောင်တောင်တောင်ဖြစ်ရင်း
နာရီကို မြန်မြန်ဝါးမြိုစေချင်နေကြတယ်....

စက္ကန့်တံလေးရဲ့စည်းချက်နဲ့အတူ
ပတ်ဝင်းကျင်က ကခုန်တယ်
မီးလျှံတွေမရှိပါပဲနဲ့
ငါတို့က မအေးချမ်းနိုင်ဘူး...

ယောင်ချာချာဘ၀ကို နိဂုံးချုပ်နိုင်ဖို့
ကမ္ဘာကို မြန်မြန်လည်ခိုင်းလိုက်ချင်တယ်
နေမင်းကို သုံးပတ်ပြည့်မှ
ငါတို့ဒေသကို ပြန်တွေ့ရမှာလေ......


ဖြိုးငယ်

1 comments:

တင့်ထူးရွှေ on October 3, 2007 at 2:37 AM said...

အင်းကောင်းတယ်ဟ good !

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template