Tuesday, February 12, 2008

လွမ်းတော်မပြေ



ကျော်ကြားတဲ့ဂုဏ်

မှာသွားတဲ့စကား

ဗိုလ်ချုပ်မရှိတော့ပင်ငြားလည်း

တို့နားထဲက မထွက်နိုင်ဘူး

ကမ္ဘာတိုင်သည်အထိပေါ့……


ဗိုလ်ချုပ်ရဲ့ဂုဏ်

ဖော်ထုတ်ကာမကုန်နိုင်ဘူး

တို့နိုင်ငံလွတ်လပ်ရေးအတွက်

ကြိုးပမ်းကာတာဝန်ထမ်းတယ်

မောပန်းနိုင်ဘူး….


လူပင်သေသော်ငြားလည်း

တို့တွေရင်ထဲကိန်းကောင်းနေဆဲပါ

ဗိုလ်ချူပ်ဆိုရင် မမေ့နိုင်ဘူး

နိုင်ငံရဲ့ အနတ္တဂိုဏ်းဝင်ပါ…..


ရာသီတွေပြောင်း

နှစ်တွေဟောင်းလို့

ဖေဖော်ဝါရီ ၁၃ ဟာ နွမ်းရော်ရော်

သို့ပေသော်လည်း

အတိတ်ကိုပြန်မျှော်ကြည့်စမ်းပါ့

ပန်းတွေခင်းတဲ့လမ်းတွေ

အခုလိုငါတို့လှမ်းနိုင်ဖို့

လူသားတစ်ယောက်ကို

ကမ္ဘာမြေပေါ် အရောက်ပို့ခဲ့တာ

၁၃ ဖေဖော်ဝါရီ ပါ…..


သြော်...ဗိုလ်ချုပ်အောင်ဆန်း

တာဝန်တွေတစ်သီကြီးထမ်း

အမှောင်လမ်းက နိုင်ငံကိုဆွဲထုတ်

အသက်ပင်ဖြုတ်စေတော့လို့

ကြိုးပမ်းအားထုတ်လိုက်ရတာ

ပေါ်လာတဲ့ အကျိုးအမြတ်တွေကို

ခပ်မြက်မြက်ကလေး စံစားဖို့

လောကကြီးက မသနားခဲ့ဘူး

အဖျက်သမားတွေကြောင့်

အသက်ပါထားခဲ့ရပြီ…..


မရှိတော့ပါဘူး

တကယ်ကိုမရှိတော့ပါဘူး

မီးအရောင်ဖြစ်ဖို့

မီးဇာက အလောင်ခံစတေးရတယ်

လောကရဲ့ ဓမ္မတာလား……


ဗိုလ်ချုပ်မရှိတော့ပေမဲ့

အလွမ်းတော်ပြေ ကျေးဇူးတွေကျေစေဖို့

သူ့အစားတာဝန်ထမ်းကြမယ်……

ဗိုလ်ချုပ်ရေ….

ရောက်ရာလမ်းက ၀မ်းမြောက်ပါတော့…….



ဖြိုးငယ်

2 comments:

ယုန်ကလေး on February 13, 2008 at 12:03 AM said...

လာရောက်ဖတ်သွားပါတယ်ကောင်းတယ်ဆက်ရေးနော်

Anonymous said...

ကဗျာလေးအရမ်းကောင်းတယ် အစ်ကိုရေ့ ကိုယ်တိုင်မရေးတတ်ပေမယ့် ရေးထားတဲ့သူတွေကို လေးစား အားကျတယ် ......
ပျော်ရွှင်ပါစေဗျာ
အစ်ကိုနဲ့  ထပ်တူဆုတောင်းပါတယ်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template