အတိတ်က ဖြစ်ကြောင်း
စိတ္တဇ အက်ကြောင်းလို
အချစ်ကျောင်းတွေ မတက်ဖူးပေမဲ့
ပရစ်ဖူးတွေထွက်တဲ့နွေမှာ
အချစ်ဦးနဲ့ နေဖူးတယ်..........
အိပ်မက်သာဖြစ်လိုက်ပါတော့
အဆိပ်တက်နေတဲ့ဒဏ်ရာ
နှိပ်စက်တာ မခံနိုင်ဘူး
တရိပ်ရိပ် တက်လာတဲ့ အတွေးကို
တဖြည်းဖြည်းလျှော့ချဖို့
ဘယ်က အားတွေ ယူရမလဲ.....
ဒီမိုးတွေ ကျိန်စာမိအောင်
သူ ညှိုးခဲ့လေသလား
တိုးသွဲ့ပျော့ပျောင်း
လျပ်ကြောင်းတွေ အလီလီထ
ငါ့ရင်ထဲ အတိုးနဲ့ ရွာချနေတုန်းပဲ…..
ဖြေစရာမကျန်တော့တဲ့
သေရွာပြန် အတိတ်တို့ အတွက်
နေရာမှာပဲ ပြန်အိပ်လိုက်ရင်
ရင်ခုန်သံတို့ တိတ်စေရဲ့
ကြိတ်မှိတ်ကာ ဆုတောင်းမိသေးတယ်…..
နောက်ဆုံးတော့....
နတ်တေးသံပြိုင်ပြိုင်မနှောပဲ
ဝိဥာဉ်တွေ ခြွေတဲ့တောမှာ
ခေါစာတွေ ပစ်ကျွေးလိုက်ရတယ်
ဓါတ်ရိုက်ထားတဲ့နှလုံးသားကိုပေါ့……
ဖြိုးငယ်
5 comments:
်တရိပ်ရိပ်တက်လာတဲ့အတွေးကို တဖြည်းဖြည်းလျှော့ချလိုက်တော့..အဟဲ ...ဘာဆက်ဖြစ်မှာပါလိမ့်နော် ...
ဘယ်က အားတွေယူရမလဲကွယ်...:D
ဓါတ်ရိုက်ထားတဲ့နှလုံးသားတဲ့လားဝေးးးးးးးးးး...နောက်တာနော်
ကဗျာလေးကောင်းတယ်သယ်ရင်းရေ..
ဟေ့ ကိုဖြိုးငယ်ရေ....
လာလည်သွားတယ်နော် ကဗျာကလည်းအဆင့်မြင့်လိုက်တာ ဓါတ်ရိုက်ထားတဲ့နှလုံးသားဆိုတာ ဘာကိုဆိုလိုတာလဲဟင်
တောသူမဆိုတော့ အဲ့ဒါကိုနားမလည်ဘူးနော်
“နောက်ဆုံးတော့....
နတ်တေးသံပြိုင်ပြိုင်မနှောပဲ
ဝိဥာဉ်တွေ ခြွေတဲ့တောမှာ
ခေါစာတွေ ပစ်ကျွေးလိုက်ရတယ်
ဓါတ်ရိုက်ထားတဲ့နှလုံးသားကိုပေါ့……”
အဲဒီအပိုဒ်မှာ ခေါစာကို ဘယ်လိုကျွေးလဲဆိုတာလေ သိချင်တယ်ကွာ.. ငါလည်း ခေါစာပစ်လိုက်ချင်လို့.. အဟီး.. အားကိုးပါတယ်ကွာ..ကူညီဦးနော်.. :D :D
ဟ...လက်သွက်နေပါလားနော်...ဒီကဗျာဆရာ။ :)
ဘယ်လိုကြီးတုန်း.. အချစ်ဦးက နောက်ဆုံးအချစ်ပါ ဖြစ်သွားတာလား.. အဲ့ဒါဆိုရင်တော့ တော်တော်ကောင်းတယ်.. ကောင်မလေး သဘောကျတယ်.. :)
Post a Comment