အဲဒီမိုးတွေ သစ္စာရှိလိုက်ပုံများ
ပိတောက်မသိတဲ့ ဌာနီမှာတောင်
ရာသီမှန် သွန်းခဲ့ကြတယ်....
ဘယ်သူမှမသိကြဘူး..
ဒီမိုးက ပိတောက်အတွက်ဆိုတာ...
ခပ်စပ်စပ် ငိုသွားတဲ့မိုးက
တိုးတိုးလေး ဆိုသွားသေးတယ်
ပိတောက်မသိပေမဲ့ ငါတို့ရှိနေတယ်တဲ့......
ဟိုဘက်တစ်ခြမ်းမှာဆိုရင်
ပိတောက်တွေလန်းနေအောင်ပွင့်လိုက်ဖြစ်ခြင်း
ဒီဘက်တစ်ခြမ်းမှာတော့
လမ်းတွေရေစွဲတာကလွဲလို့
သူတို့ငိုလိုက်ရတာ အကျိုးနည်းတယ်
ဘယ်တက်နိုင်မလဲ....
ဒီမြို့ကိုပိတောက်တို့မှ အလည်မရောက်ခဲ့တာ.....
ဖြိုးငယ်
8 comments:
ပိတောက်မသိတဲ့ဌာနီလေးမှာ တိုးတိုးလေးဆိုသွားတဲ့ ခပ်စပ်စပ်အငိုမိုးလေးက ရှိနေတယ်တဲ့လားကွ...း)
အလည်မရောက်တဲ့ပိတောက်ကို အလည်ရောက်အောင် ပုံလေးနဲ့ခေါ်ပြီးပြီပဲကွ ...ဟုတ်ဘူးလား...း)
ကောင်းလိုက်တဲ့ကဗျာလေးဗျာ။ အဓိပ္ပာယ်လေးကိုထင်းနေတာပဲ
သယ်ရင်း တော်တော်ကောင်းတယ်ကွာ... ပိတောက်အလည်မရောက်တဲ့ မြေမှာ သူတို့တွေငိုချနေလို့လည်း အပိုပါပဲကွာ... လမ်းတွေရေစိုလို့ ငါတို့ရင်မှာ အလွမ်းတွေ ပိုလာတာပဲ အဖတ်တင်တာပေါ့...။
This poem makes me miss ThinGyan..
Fantastic Lyric u used it in..,
Another Astounding Poem u created indeed..,
It's purely Lovely Poem again u brought up due to seasonal festive which is Thingyan!!!
Soe Mya Nandar Thet Lwin
ဒီမှာ ပိတောက်မရှိ ... သပြေမရှိ ... :P
ဒီအချိန်ရောက်ရင် နဂိုကမှ ရီဝေေ၀ဖြစ်နေတာ.. ကိုဖြိုးငယ်ရေ ခင်ဗျားလုပ်တာနဲ့ ငိုချင်သလိုလိုတောင်ဖြစ်လာတယ်....
သင်္ကြန်ကို တောင်လွမ်းသွားပြီ ကဗျာလေးကအရမ်းကောင်းပါတယ်
Post a Comment