ဒီည....
ခုနှစ်စင်ကြယ်မှာ ကြယ်တစ်လုံးပျောက်
ဓူဝံကြယ် တောင်ဘက်ရောက်နေတယ်....
မှောင်လိုက်တဲ့ည လို့ ထင်မိ
မင်းမရှိလို့ဖြစ်နိုင်တယ်.....
ဒီည....
မနေ့ကထက် ပိုမှောင်တယ်
မရှိသူကိုမှ ယောင်ယောင်ပြီးတမ်းတ
ရင်ဘတ်တစ်ခြမ်းကိုမှ
အပူတို့ဗွမ်းဗွမ်းထအောင်
သူမက အစွမ်းပြတယ်
ဧပြီလရဲ့လေတို့ လက်မြှောက်ကုန်ပါလား....
ဒီည
အဲဒီလေညင်းအေးမြမြက
ကျွန်တော့်ရင်ခွင် ကွဲရှရှကို
အတင်းတိုးဖောက် မွှေနှောက်
ကျွန်တော့်ရဲ့ ပျောက်နေတဲ့ ရင်ဘတ်
သူတို့ဝှက်ထားလိုက်တယ်
ထိပ်ထားရေ....
ငါ့ကိုမသနားတော့ဘူးလား....
မနက်ဖြန်တွေကို
အသက်မှန်မှန်ရှုရင်းစောင့်
သူမရောက်မဲ့ နေ့ကြရင်
အဲဒီကွက်လပ် ပျောက်လောက်ရဲ့
ခုတော့လည်း တစ်ယောက်တည်းမို့
လာနောက်ကြတဲ့လေသရမ်းတွေကို
အလွမ်းတွေနဲ့ ရန်တိုက်ပေးခဲ့တယ်....
ငါကတော့...................
အဲဒီကွက်လပ်လေးဘေးမှာ
တိတ်တိတ်လေး ထိုင်နေရဲ့
ဒီည မြန်မြန်ကုန်ပါစေ.....
ဖြိုးငယ်
10 comments:
ပြန်လာမှာပါ ၊ တိတ်တိတ်လေး နေနော် ...
ဒီကဗျာလေးကို တော်တော်ကြိုက်တယ်ဗျို့ ။
Loving your poem..,
It's touch me by your loneliness feeling spreading through out all the single words u used it in here.
I applause your ideas.., Keep it up!!!
Soe Mya Nandar Thet Lwin
ဒီည....
ခုနှစ်စင်ကြယ်မှာ ကြယ်တစ်လုံးပျောက်
ဓူဝံကြယ် တောင်ဘက်ရောက်နေတယ်....
မှောင်လိုက်တဲ့ည လို့ ထင်မိ
မင်းမရှိလို့ဖြစ်နိုင်တယ်.....
အဲဒီ့ ထိပ်ဆုံးက အပိုဒ်လောက်နဲ့ တင် အသက်ပါသွားနိုင်တယ် သူငယ်ချင်းရေ..။ ရေရေလည် လည်မိုက်တယ်...။
ညကြီးမင်းကြီးနော် ကောင်လေး ...
မဟုတ်တာတွေ လုပ်မနေနဲ့ ..း)
အမြန်ဆုံးပြန်လာပါစေကွာ ...
အသက်တောင်ပါသွားလောက်တယ်... အဟမ်း... အဟမ်း... ကြယ်လေးတွေ ပျောက်ရင် စိတ်မပူနဲ့... ငါ့မောင်အတွက် မမကြယ်လေးတွေ အများကြီး ပေးမယ်... ဟိ ဟိ...
ကောင်းလိုက်တဲ. ကဗျာလေး
ရင်ဘတ်တခြမ်းကိုမှ
အပူတို. ဗွမ်းဗွမ်းထအောင်
အစွမ်းပြလိုက်တာလား....ဗျာ
ကဗျာလေး အရမ်းကောင်းတယ်။ သုံးထားတဲ့ စကားလုံးလေးတွေ အရမ်းမိုက်တာမို့ ခံစားပြီး ဖတ်သွားပါတယ်။
ကဗျာလေးကကောင်းတယ်နော် သက်ဆိုင်သူရေ မြန်မြန်ပြန်လာပေးလိုက်ပါနော် :P
ဒီည ဆိုတော့ကာ ဘယ်ညလဲကွ...
အော ခုနှစ်စင်ကြယ်မှာ ကြယ်တစ်လုံးပျောက်ပီး ကွက်လပ်တစ်ခုနဲ့ ညဆိုပါလားနော်...း)
ခုကော အဲဒီကွက်လပ်လေးဘေးမှာ
တိတ်တိတ်လေး ထိုင်နေတဲ့ ညလေးကုန်ပီလားတိချင်ပါတယ်ဗျို့...းP
ကဗျာလေးကောင်းတယ်ကွာ...း)
Post a Comment