Monday, April 28, 2008

ကောင်လေး စဉ်းစား .... ကိုယ့်ထမင်းကို ကိုယ်စားတယ်....


အပိုတွေမပြောနဲ့
ဒီဝမ်းတစ်ထွာပြည့်ဖို့
ကိုယ်လုပ်အားနဲ့ ကိုယ်ဖြည့်ရတာပါ
ဘယ်သူမှအလကားမကျွေးဘူး....


ဆရာဝန်တစ်ယောက်ထမင်းစားဖို့
သူပညာနဲ့ဆေးကုတယ်
လူနာတွေက ထမင်းကျွေးတာလား
သူ့ပညာနဲ့ရှာစားတာလား
ကောင်လေး....
မင်းစဉ်းစားနော်......


ကျောင်းဆရာတစ်ယောက် ထမင်းစားဖို့
ကျောင်းသားတွေကိုစာသင်တယ်
သူများတွေကျွေးတာလား
အလုပ်လုပ်လို့စားရတာလား
ကောင်လေး...
မင်းစဉ်းစားနော်.....


သိပ်မပြောချင်ဘူး..
သူများစီးပွား တုတ်မထိုးချင်နဲ့
မင်းထမင်းစားဖို့ မင်းကြိုးစား
ငါထမင်းစားဖို့ ငါကြိုးစားမယ်
မလိုတာကို ဘေးဖယ်ထားရမယ်.....


စကားနဲ့ အနိုင်မလုချင်နဲ့
ငါတို့က အ နေတာ မဟုတ်ဘူး
စိန်ပလိမ်တိန် ကစားရမှာ ပျင်းလို့
မင်း အတင်းလာမပြောနဲ့
ငါမြင်းငါစီး .. ငါထီးငါဆောင်းမယ်...
မင်း မကောင်း မပြောနဲ့....


လာရောင်းမနေနဲ့
ကမ္ဘာမှာ လေတွေ အလကား ရနေသေးတယ်...
လေရောင်းနေလို့ကတော့
ဘယ်နေရာပြောင်းပြောင်း
မင်း ၀မ်းဟောင်းလောင်းဖြစ်နေမှာပဲ.....


ထမင်းစားဖို့ အလုပ်လုပ်ရတယ်
အလုပ်လုပ်တာ ထမင်းစားဖို့ပါ
ကောင်လေး …မင်းစဉ်းစား…
လူတိုင်း ကိုယ့်ထမင်း ကိုယ်စားတယ်..
မင်းကရော …..?????



ဖြိုးငယ်

8 comments:

Soe Mya Nandar Thet Lwin (Borros Roxo) on April 28, 2008 at 1:56 PM said...

Innnn.., I can feel how you felt in this Poem..,

Well.., If it is true feeling, Do not bother at all and keep on doing what u believe in..,

Sometime some people are wasting the times and doing nonsense at things and talking nonexistences on earth..,

Ignoring is the best policy to beat them..,

Peace!!
Soe Mya Nandar Thet Lwin

BLANK PAPER on April 28, 2008 at 2:48 PM said...

ကောင်းလိုက်တဲ့ကဗျာပါ..

ein on April 29, 2008 at 12:37 AM said...

ဝိုးးး စကားလုံးတွေပြောင်မြောက်နေပါလား...၊
ဟုတ်တယ်ကွ မလိုတာတွေကို ဘေးဖယ်ထားလိုက်တာ
အကောင်းဆုံးနည်းပဲပေါ့...း)

Anonymous said...

"ကောင်လေး စဉ်းစား .... ကိုယ့်ထမင်းကို ကိုယ်စားတယ်...." ကြိုက်တရ်ဗျို့.... :)

Emily on April 30, 2008 at 5:54 AM said...

ကောင်လေး မင်းသေချာစဉ်းစား
ငါကတော့
အလုပ်လုပ်ဖို့ ထမင်းစားတာ
ထမင်းစားဖို့ အလုပ်လုပ်တာ မဟုတ်ဘူး

ဒီဇင်ဘာနှင်း on April 30, 2008 at 9:36 PM said...

ဒီကဗျာလေးကပြေသလိုပဲ ကိုယ့်ထမင်းကိုယ်စားပြီးနေရတဲ့ ဘ၀မှာ မလိုတာတေါကို ဘေးဖယ်ထားတာအကောင်းဆုံးပါပဲ

တင့်ထူးရွှေ on May 2, 2008 at 11:10 AM said...

ဒီကဗျာလေး ကြိုက်တယ် ဖြိုးငယ် ၊ ဘာမှမစားရရင်လဲ ဘာမှ မလုပ်နိုင်ဘူးနော် ။

Apprenticeship on May 2, 2008 at 5:51 PM said...

inn good thought..but I am wondering that why the boy has to be at that place instead of being a doctor or a teacher..

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template