သနပ်ခါး တစ်ဖွေးဖွေး
သူ့ပါးပြင် ခပ်နွေးနွေး
အတွေးဝယ် ရေးရေးထင်
ပြေးပြေးမြင် ချစ်စဖွယ်အပြုံး
ရင်တစ်ခုလုံး နွေးနွေးထွေး
မွှေးမွှေးလေး ပေးချင်တယ် ….
တွေးတွေးဆွေးရမှာကြောက်
ဝေးဝေးရင်းရောက်နေတဲ့ ကမ္ဘာ
ဟာတာတာ ရင်ဗလာနဲ့
အကြင်နာတွေ သွေဖီထွက်
ဒီမနက်တို့ အကျည်းတန်
အထီးကျန်သူ ရင်ခွင်ပျောက်
မင်းတစ်ယောက်က မသိနိုင်….
အလွမ်းပေါက်တဲ့ ရာသီ
အနမ်းမရောက်တဲ့ ဌာနီ
သူ့ပါးပြင်ဆီ အတွေးတို့ထား
သနပ်ခါး ရနံ့တစ်ချို့
ရင်ခွင်သို့ ပြေးဝင်
အလွမ်းနှင် သခင်မရယ်
ဘယ်မျှထိ နှိပ်စက်မှာလဲ …..
အိပ်ပျက်တာ မနည်းလည်း
တစ်ခါမှ စိတ်မပျက်ခဲ့
အတိတ်ရဲ့ ရက်တွေ သတိရရင်း
အနာဂတ်ကို တမ်းတ
အနမ်းရွရွ ချွေမဲ့ပါးပြင်ပေါ်
သနပ်ခါးလှလှ တင်လို့
ကြိုနေတော့ မောင်လာလမ်းမှာ
မျှော်မှန်းကာ ကြည်နူး
ကောင်းကင်မှာပျော်မြူးတဲ့
လရောင်ကို ရှောင်ပုန်းမယ်
မောင်ပြုံးမဲ့ နေ့ …….
ဖြိုးငယ်
5 comments:
စကားတွေ အရမ်းတတ်နေတယ်ပေါ့လေ... ဘယ်သူသင်ထားပေးတာလဲ ပြောစမ်း ပြောစမ်း...း)
ကဗျာလေးက အရမ်းကောင်းတယ်...
တစ်နေ့နေ့မှာ သနပ်ခါးသခင်မလေးရဲ့ ပါးပြင်ကို အနမ်းတွေ ခြွေနိုင်ပါစေ မောင်လေးရေ...
ဟေး.......တို့အစ်ကိုကြီး.....အလွမ်းမိုးတွေရွာနေပြီပေါ့..
ဆုတောင်းပေးသွားတယ်......
မျှော်နေတဲ့နေ့ကိုအမြန်ရောက်နိုင်ပါစေရှင့်.....:)
Very romantic in every words......
^........................^
Nandar
စောက်ရမ်းမိုက် မောင်ဖြိုးငယ်ရေ....။ :)
ကြိုက်တယ်ကွာ အရေးအသားကတော့.... လွှတ်ကောင်းပဲ..... :P
Post a Comment