ဇူလိုင်က တစ်ဆယ့်ကိုး
မိုးတို့က သည်းသည်းရွာ
တွေးမိတိုင်း ရင်ထဲနာတယ်
ဝင်သက်တို့ မြဲနေသ၍
မေ့ရက်နိုင်ခဲ …..
နိုင်ငံအလင်းအတွက် တောက်တဲ့မီးကိုမှ
အမှောင်ထုရောက်အောင် ငြိမ်းသက်ခဲ့
အသားထဲက လောက်ထွက်
ယုတ်မာသူ လူတစ်သိုက်ကြောင့်
အသက်တွေ စတေးခဲ့ရ
ဗိုလ်ချုပ်နဲ့ အာဇာနည်တွေရယ်
ကမ္ဘာတည်သမျှ ပေါ့
မြန်မာတို့ ရင်ထဲမှာ ရှိကြမှာပါ ….
နှစ်တွေ အလီလီဟောင်းခဲ့ပါ့
အချိန်တွေ အခါခါပြောင်းသည့်တိုင်
၁၉ ဇူလိုင် ရောက်ရင်ဖြင့်
ရင်နင့် အောင် ခံစားရမိ
ဗိုလ်ချုပ်တော့ မသိနိုင်ဘူး
စိတ်မခိုင် ယိမ်းယိုင်မျက်ရည်စ တို့က
အဲဒီမိုးတို့နဲ့ မထိန်းနိုင် ရောကာ ကျတယ်
ဗိုလ်ချုပ်ရေ ….
လွမ်းမောဖြေခဲ …..
ပန်းတောမှာ ရွှေရည်သန်း
နေခြည်ဖျန်းလို့ ဖူးပွင့်နေ
သာယာနေ မြန်မာပြည်မြင်တိုင်း
နှိုင်းယှဉ်မရ ကျေးဇူးအနန္တတွေနဲ့
သမိုင်းအစဉ် ဘယ်အခါမေ့မရတဲ့
ဗိုလ်ချုပ်ပါ အာဇာနည်တွေရယ်
လေးစားကုန်ခဲ …..
1 comments:
သာယာနေ မြန်မာပြည်မြင်တိုင်း
နှိုင်းယှဉ်မရ ကျေးဇူးအနတ္တတွေနဲ့
သမိုင်းအစဉ် ဘယ်အခါမေ့မရတဲ့
ဗိုလ်ချုပ်ပါ အာဇာနည်တွေရယ်
လေးစားကုန်ခဲ …..
ကိုဖြိုးငယ်ရေ .. အဲဒီအပိုဒ်ကို အကြိုက်ဆုံးပဲဗျာ
Post a Comment