Tuesday, July 22, 2008

နားခွင့်




ကန်ရေပြင်မှာ ပွင့်တဲ့ပန်းကို
လရောင်က နမ်းလို့ လန်းသတဲ့
ငါ့အလွမ်းကိုရော
သူမ မတမ်းတ ဘူးလား
နွမ်းလျှတွန့် ကြေ
လမင်းနေတဲ့ ကောင်းကင်ကို ငေးမော
ဝေးသော ဒုက္ခ အင်္သချေ .....

နွေဆိုပေမဲ့ မိုးတို့က မင်းမူ
မော်စကို ဟူသော ဤအရပ်ကဲ့သို့
ဝေးလို့ဆိုပေမဲ့ မေ့မရ
သူမ က စိုးမိုး
တိုးတိုး ညင်သာ တိုက်ခတ်
လေညင်း သက်သက်ဆိုပေမဲ့
အပူဓါတ်တို့ ပါသေးတယ် ....

ဒီနွေနဲ့ဒီလေ
ဒီကဗျာနဲ့ ဒီအလွမ်း
ဒီနှုတ်ခမ်းနဲ့ ဒီပါးပြင်
ဒီကောင်းကင်နဲ့ ဒီလူ
ဒီအပူနဲ့ ဒီတရား
အားလုံးကို ခဏမေ့ထားပြီး
အကျွနု အား နားခွင့်ပေးပါ ထိပ်ထားရယ် ...



ဖြိုးငယ်

5 comments:

တင့်ထူးရွှေ on July 22, 2008 at 4:36 AM said...

ထိပ်ထားဆိုတဲ့ တစ်ယောက် ...ဒီလူကို နားခွင့်မပေးနဲ့ဦးဗျ ၊ နောက်တစ်ပွဲလောက် ဖမ်းခိုင်းပါဦး ဂိုးသမား မရှိလို့ မဖြစ်လို့ပါဗျို့ ..... ကောင်းတယ် ဖြိုးငယ်ရေ ... ဆက်သာချ ။

Anonymous said...

ကဗျာလေးက ရေးသူကို အတော်လေး သနားစရာကောင်းနေတယ်ဗျာ.. နွမ်းလျှတွန့်ကြေ တဲ့ စာသားလေးလှတယ်..

Anonymous said...

အစ်ကိုကြီး...
လွမ်းချင်းလေး..
ထိပ်ထားကိုသွားပြောပေးမယ်လေ..
:D
ကဗျာလေးကောင်းတယ်...

၀ဿန်ဦး on July 23, 2008 at 8:15 AM said...

ထိပ်ထားဆိုတာ ဘူလေးလဲကွ... ဟို... မွေးနေ့တုန်းကတစ်ယောက်လား.. :)

ဗိုလ်တင့်ကတော့ နားခွင့်ပေးချင်ပုံမရဘူး.... ဟားဟား

သက်ထွန်းညိမ်း on July 24, 2008 at 2:05 PM said...

ဒီနွေနဲ့ဒီလေ
ဒီကဗျာနဲ့ ဒီအလွမ်း
ဒီနှုတ်ခမ်းနဲ့ ဒီပါးပြင်
ဒီကောင်းကင်နဲ့ ဒီလူ
ဒီအပူနဲ့ ဒီတရား
အားလုံးကို ခဏမေ့ထားပြီး
အကျွနု အား နားခွင့်ပေးပါ ထိပ်ထားရယ် ...

အကြိုက်ဆုံးပဲ....

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template