ရင်ခွင်ဦးက လွမ်းပုံပြင်
လမ်းကြုံရင် တစ်မှာတည်းမှာ
စာချွန်လွှာ ပို့လို့ပို့
အလွမ်းညို့ညို့ ကိုလည်း
လမင်းဆီ လှမ်းပို့ ထားတယ် ....
လွမ်းလို့ လို့ ခေါင်းစဉ်တပ်
အဲဒီစာတွေ ဖွင့်ဖတ်ရင်းပေါ့
လင်းခဲ့ရတဲ့ မနက်ပေါင်းကို
နှင်းစက်တွေ သက်သေပြုမလား
ကျေးငှက်တွေ သက်သေပြုမလား ...
ရောင်နီတွေ သက်သေပြုမလား ......
အခုတော့လည်း တစ်နယ်စီဝေး
ပေးခဲ့တဲ့ အမှတ်တရ ဓါတ်ပုံ
လွမ်းမိတိုင်း တသသ စမ်းရင်း
ခပ်ဖွဖွ ခဏ ခဏ နမ်းလို့
နွမ်းလျလျ ဖြစ်နေပြီလေ....
လှမ်းမရတဲ့ တစ်နေရာစီ
မဖြေသာရည် မျှော်မှန်းယုံမှတစ်ပါး
အခြား မစွမ်းနိုင်တဲ့ ကျွန်တော်
အော် ....
ဘ၀ ကို တစ်ကိုယ်တည်း ဖြတ်သန်းဆဲပါလေ ......
ဖြိုးငယ်
Thursday, September 4, 2008
Subscribe to:
Post Comments (Atom)
8 comments:
ခင်ဗျားကဗျာတွေကို လိုက်မမှီဘူးဗျာ
အခုတော့လည်း တစ်နယ်စီဝေး
ပေးခဲ့တဲ့ အမှတ်တရ ဓါတ်ပုံ
လွမ်းမိတိုင်း တသသ စမ်းရင်း
ခပ်ဖွဖွ ခဏ ခဏ နမ်းလို့
နွမ်းလျလျ ဖြစ်နေပြီလေ....
အဲဒါ ဟိုလူကြီးကိုပြောတာလားဗျ
ခင်ဗျားလည်ပါတယ်နော် သူများကို လျှောက်စဉ်း
စားမနေနဲ့.....
လွမ်းလွန်းလို့ ဓာတ်ပုံလေးတောင် နွမ်းလျလျဖြစ်နေပြီလား... ကြိုးစား မောင်လေးရေ ကြိုစား... တစ်နေ့တော့ အချစ်စစ်မည်သည် ဆုံစည်းမှု့တွေ ရလာမှာပါလို့ မမထင်တယ်...
ဘယ်တော့ နှစ်ကိုယ် ဖြစ်မှာလဲဗျ။ :)
အစ်ကို့ကဗျာ က စာသားလေးတွေက နူရွနေတာဘဲ
ခံစားချက်တွေ ကို လုံးဝ ကို ရုပ်လုံးကြွအောင်ဖော်ပြနိုင်တယ်
တစ်နေ့နေ့တော့ရောက်လို့လာမှာ
ဟဲ.. ဆုတောင်းပေးသွားတယ်
နှစ်ကိုယ်ဖြစ်စေသတည်းး :P
ခံစားရပါတယ်း(
လွမ်းတယ်ကွာ.. :P
ဘယ်လိုလဲ တစ်ယောက်တည်း ဖြတ်သန်းရတာ ပျင်းနေပြီလား....
Post a Comment