Sunday, September 7, 2008

သံပတ်လူသား




မနက် မနက် ကျောင်းတက်
ညနေဘက် ပြန်လာ
ကျွန်တော်တို့ ဘ၀ဟာ
ဗလာမပါတဲ့ ဝေဒနာတွေပဲ
အမြဲ နှိုက်နေရတဲ့ ကံစမ်းမဲ နဲ့တူတယ် ....

ပျော်စရာဆိုတာ နတ္ထိ
ဌာနေကလည်း ဝေးပါဘိ
တွေးကာကြည့်ရင် ဟန်ဆောင်ပြုံးနဲ့
နှုံးနေတဲ့ ရင်ခွင်လွှာကို
ကြည်လင်တဲ့ကမ္ဘာအဖြစ် ဖန်ဆင်းရသေးတယ် .....

ဘယ်ဘ၀က ၀ဋ်ကြွေးလဲ
အထပ်ထပ်တွေးလဲ အဖြေမရ
အခြေမကျတဲ့ နေရာမှာ
ကံကြမ္မာရဲ့ အထာကိုကြည့်
ပျော်စရာလေးတွေ ရှာမိတော့လည်း
ပတ်ဝန်းကျင်ဘေးက မလွတ်သေးပါလား .....

မျှော်လင့်ချက်ကြောင့် ရှင်တဲ့အသက်
ကိုယ့်ဘာသာ ဒေါသထွက်မိတယ်
မောဟရဲ့ သတ္တိ
တရားဘက်ကိုကြည့်တော့လည်း
ငါကပဲ အသက်ကြီးနေလားတဲ့ .....

ကျေးဇူးပြုပြီး
အဲဒီ အိမ်လွမ်းသီချင်းများ ခဏပိတ်ပေးပါ
ငါ့လေရှုသံလေး ပုံမှန်မှ
ရင်ခွင်က သံပတ်ကို ဟန်ပါပါလေးတင်း
မနက်ဖြန်ရဲ့ ပြတင်းကို ဖွင့်ပါရစေ ......


ဖြိုးငယ်



12 comments:

ဝေလေး on September 7, 2008 at 7:58 AM said...

လူတွေကတော့ အမြဲသံပတ်နဲ့ပဲလှုပ်ရှားနေရတာပဲ အစ်ကိုရာ အစ်ကိုတို့မှမဟုတ်ပါဘူးး...
လူတိုင်း ဒီလိုနေ ဒီလိုသွား ဒီလိုစား......
သံပတ်တွေနဲ့လှုပ်ရှားနေရတာ ကြာတော့လည်း
ငြီးငွေ့လာပြီ.... ကဗျာလေးမိုက်တယ်..

စန္ဒီမိုးမြင့် on September 7, 2008 at 8:04 AM said...

လူသားတိုင်းမွေးဖွားလာတဲ့တပြိုင်နက် သံပတ်ရုပ်ဖြစ်ဘို့
၈၀ရာခိုင်နှုန်းသေချာတယ်အစ်ကို
ဒါပေမယ့်
ကဗျာဆရာ သို့ ကဗျာသမားတစ်ယောက်ရဲ့ နှလုံးသားကိုတော့ ဘယ်လို သံပတ်မျိုး မှ ပေးလို့မရဘူးအစ်ကို
ခံစားတတ်တဲ့ နှလုံးသား ချစ်တတ်တဲ့စိတ် ရင်ခုန်မှု
စာနာတတ်တဲ့ စိတ် ဆို တာ သံပတ်ပေးလို့မှ မရတာ အစ်ကိုရယ်

mgngal on September 7, 2008 at 1:03 PM said...

မနက်ဖြန်ရဲ့ ပြတင်းမှာ နေခြည်နွေးနဲ့  လေပြေတွေ
ကြိုလင့်နေပါစေဗျာ။

mgngal on September 7, 2008 at 1:03 PM said...

မနက်ဖြန်ရဲ့ ပြတင်းမှာ နေခြည်နွေးနဲ့  လေပြေတွေ
ကြိုလင့်နေပါစေဗျာ။

သက်ထွန်းညိမ်း on September 7, 2008 at 2:31 PM said...

မိုက်တယ်ကွာ ကိုဖြိုးရေ
ခင်ဗျားကဗျာတွေကို မှီဘူးဗျ
ခင်ဗျားက ကဗျာတွေကိုကြိုက်တယ်ဗျာ
ကျောင်းတွေနဲ့အဆင်ပြေပါစေဗျာ

လမ်းပြကြယ် on September 7, 2008 at 6:51 PM said...

ယုံကြည်မှုတွေနဲ့ နေ့ရက်များကို ခံနိုင်ရည်ရှိစွာကျော်ဖြတ်နိုင်ပါစေဖြိုးငယ်...:)

ကဗျာမ လေး on September 8, 2008 at 7:51 PM said...

MEPHI ရဲ့ ဂုဏ်ကို bro ပြန်လည် မြှင့်တင်နိုင်ပါစေ လို့ တောင်းဆု ပြုပါတယ် ..... :)

၀ဿန်ဦး on September 9, 2008 at 12:39 PM said...

ဟုတ္ပါ့ဗ်ာ... သံပတ္လူသားပါပဲ.. :)

Anonymous said...

မှန်တယ်ဗျို့ .. ဒေါင်ကနဲပဲ အဟဲ :P
ကွတ်တိပဲဗျာ ကဗျာနဲ့ အခု ဖြစ်နေပုံနဲ့ ကတော့ ..
အားပေးတယ် သူငယ်ချင်း ချသာချ :P

မိုးမြင့်တိမ် on September 20, 2008 at 9:14 AM said...

သိပ်ကောင်းတဲ့ ကဗျာလေးဘဲ ကြိုက်တယ်ဗျာ

ရွှေပြည်သူ (ShwePyiThu) on September 21, 2008 at 7:59 AM said...

“ကျေးဇူးပြုပြီး
အဲဒီ အိမ်လွမ်းသီချင်းများ ခဏပိတ်ပေးပါ
ငါ့လေရှုသံလေး ပုံမှန်မှ
ရင်ခွင်က သံပတ်ကို ဟန်ပါပါလေးတင်း
မနက်ဖြန်ရဲ့ ပြတင်းကို ဖွင့်ပါရစေ ......”

ကိုယ့်အဖြစ်နဲ့ တိုက်ဆိုင်လို့ထင်တယ်။ အဲဒီအဖွဲ့လေးက ရင်ထဲကို တိုက်ရိုက်ထိပါတယ် မောင်လေးရေ... ကဗျာကောင်းလေးအတွက် ကျေးဇူးတင်ပါတယ်။

s on November 13, 2008 at 12:19 PM said...

ဒီကဗျာလေးလည်း အရမ်းကောင်းတယ်ရှင့်။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template