မနေ့ညက
ရခဲ့တဲ့ နတ်သမီးရဲ့ သ၀ဏ်လွှာကြောင့်
အလွမ်းကမ္ဘာထဲ ကျွန်တော်ရောက်ခဲ့တယ် ....
လျှောက်ရတဲ့လမ်းက ကြမ်းလို့
သူမက လှမ်းမျှော်နေတာတောင်
ကျွန်တော် လက်ကမ်းလို့ မခေါ်နိုင်သေးပါ ...
အဝေးတစ်နေရာ အတွေးကမ္ဘာမှာပျော်ပိုက်
ကိုယ့်ကိုကိုယ် ရိုက်လိုက်ချင်တယ်
ကံကြမ္မာက ခိုက်လို့
ဝေဒနာ တစ်ပိုက်နဲ့လူမို့
မေတ္တာရေ တစ်ကြိုက်
အခုလို မှန်မှန် တိုက်ပါ ....
အဖန်တရာ သံသရာ တစ်ဝိုက်မှာ
မတန်မရာ ဒဏ်ရာတွေ ကိုက်လို့
ဒီလူမှာ ရူးမိုက်နေပြီ ....
ဦးခိုက်မိတဲ့ အချစ်
ခူးလိုက်တဲ့ ပန်းတစ်ပွင့်
နမ်းရှိုက်ခွင့်မရသေးဘူး ....
ဒီလိုနဲ့ .....
သူမဆက်တဲ့ ပေလွှာတွေဖတ်
အိပ်ယာထက်မှာ
စိတ်ပါ လက်ပါနဲ့ လွမ်းနေဆဲပါ ....
ဖြိုးငယ်
Tuesday, September 23, 2008
Subscribe to:
Post Comments (Atom)
13 comments:
နတ်သမီးဆီက ပေလွှာတွေ အမြဲတမ်းရပါစေ လို့ ဆုတောင်းပါတယ်...
လွမ်းကူသွားတယ် ကိုဖြိုးငယ်ရေ....
မေတ္တာရေ မှန်မှန်သောက်ရ ပါစေအစ်ကိုရေ။
ကြိုက်တယ်ဗျ။အားပေးနေပါတယ်။
ကောင်းပါတယ်ဗျာ။ အမြဲတမ်းစိတ်ပါလက်ကြီး လွမ်းနေရင် အလွမ်းနာကျသွားမယ်ဗျို့..။
စိတ်သက်သာရာရအောင် တစ်ခါတစ်လေ လွမ်းချင်ယောင်ဆောင်ကြည့်ပါလား။
မေတ္တာရေတဲ့လား..... ကောင်းလိုက်တဲ့ တင်စားမှု. အလွမ်းရက်တွေ ကုန်ဆုံးပါစေတော့ :D :P
အစ်ကိုရေ
ပြန်ရောက်ရောက်ချင်း အစ်ကို့ အလွမ်းကမ္ဘာထဲလာဝင်ကြည့်ပြီး အလွမ်းတွေကူးစက်သွားတယ်
အလွမ်းတွေ ဝေးပြီး ချစ်သူနဲ့  အမြန်နီးပါစေ အစ်ကိုရေ့............။
ကိုဖြိုးရေ သိပ်မလွမ်းနဲ့ဗျ
ခင်ဗျားလွမ်းလို့ ဒီမြို့ကြီးလည်း
ကောင်းကင်မှာ အလွမ်းငွေ့ရည်တွေ ဖွဲ့နေကြကုန်ပြီ
ကျုပ်မှာထီးရှိဘူးဗျ ဟားဟား
ကိုယ်ချင်းစာပါတယ်ဗျာ...ပျော်ရွှင်ပါစေ...
စာသားလေးတွေ တအားတအားကို ရွားတယ်ကွ။
လူနဲ့ကို မလိုက်ဘူး :D
ပေလွှာတွေတောင် ရသလားကွ... မိုက်ပါ့ မိုက်ပါ့ :P
အကိုတော် ကောင်းလှချည်လားဗျာ
ဝြေး..ကဗျာလာဖတ်သွားတယ်ဝေး..ကြိုးကြာနီ လင့် ရှိရင်ပေးပါ...ကျနော်လည်း သူပရိသတ်ပါ..c.box က ကျနော်ဆီမှာ မပေါ်လို့ ...
Post a Comment