နေညိုညို
ဝိုင်ချိုချို တစ်ခွက်နဲ့
ကိုယ့်ရင်ခွင်ထက် မှေးစက်
အိပ်မက်တော့ မဟုတ်ဘူး
နောင် လာမဲ့ ရက်တွေမှာပေါ့ .....
နေညိုညို
တိမ်တွေခို ခရီးဆက်
အလွမ်းလွင်ပြင်ထက်
အိပ်မက်မှာ ခဏဆုံမယ်
ပစ္စုပ္ပန်ရဲ့ ပုံရိပ် ......
ဝိုင်ချိုချို တစ်ခွက်နဲ့
ကိုယ့်ရင်ခွင်ထက် မှေးစက်
အိပ်မက်တော့ မဟုတ်ဘူး
နောင် လာမဲ့ ရက်တွေမှာပေါ့ .....
နေညိုညို
တိမ်တွေခို ခရီးဆက်
အလွမ်းလွင်ပြင်ထက်
အိပ်မက်မှာ ခဏဆုံမယ်
ပစ္စုပ္ပန်ရဲ့ ပုံရိပ် ......
ဖြိုးငယ်
12 comments:
ခင်ဗျားက ကောင်မလေးကို ရင်ခွင်ထဲ
မှေးသိပ်ထားတာတောင် ၀ိုင်က သောက်ဦး
မလို့လားဗျ ...ထင်ဘူးဗျာ..နဂါးမျက်စောင်း
ဒိုင်းခနဲ ထိုးလိုက်တာနဲ့ လက်ပိုက်မဲ့သူကများ
...မြင်ချင်သေးတယ်ဗျာ...ကျုပ်ကတော့ခုကတည်းက
လက်ဖွဲ့အတွက် ကြိုစဉ်းစားထားမယ်..အိုကေ
နေညိုညို လေပျိုပျို
အတွေးချိုချိုနဲ့ ခရီးဆက်မယ်...
ဝမ်းစတားကို လာခဲ့ပါဗျာ... အဟိ... ကိုယ့်လူ စတာနော်... ဂွတ်တယ်... အကျီအသစ်ထင်တယ်... နည်းနည်းရွားနေသလားလို့... :D :P
အနာဂတ်လေးလှပလာမှာပါညီလေးရေ..
ကောင်မလေးကို ရင်ခွင်မှာထားပြီး ဝိုင်ချိုချိုလေးလည်း
သောက်နိုင်ပါစေကိုယ့်ညီ..ပြီးရင် ချော့နည်းလေးတွေလည်း အခုကတည်းကလေ့လာထားလိုက်ပေါ့...
ပျော်ရွှင်ပါစေကိုယ့်ညီရေ့
အစ်ကိုရဲ့ နေညိုညိုလေးက အပေါင်းဖော်လေးတွေ
နဲ့ ချစ်စရာ ဒါပေမယ့် လွမ်းနေတာတော့မကောင်းဘူးလေနော် အနာဂတ်မှာ လွမ်းခြင်းတွေဝေးပါစေဗျာ ။
နေညိုညို အလွမ်းလေး ကြည့်သွားတယ်ဗျာ။ အနာဂတ် ဆန္ဒလေး ပြည့်ဝနိုင် ပါစေ။
နေညိုညိုကဗျာလေးကောင်းတယ်အကိုရေ.....
ဝိုင်ချိုချိုလေးပါပါတော့ပိုကောင်းတယ်
အဲ အနုလေးတွေ လာပြီ ။ ပြီးရင် အဖူး တွေ လာတော့မယ်ထင်တယ် ။ :)
နေညိုညို
ကောင်းတယ်ဗျို့ .........
ကဖြိုးငယ်ရေ
ကောင်မလေးတော့ မသိဘူး
ငါတော့ ကြွေပီးပြန်သွားပီကွာ :)
အဆင်ပြေပါစေ သူငယ်ချင်းရေ
ဟဟ ၀ိုင်တော့မသိဘူး ကိုးဖြိုရေ ဘော်ကာတော့ တော်တော်ကိုချိုနေပြီ ကဗျာလေးလည်းချိုသဗျာ :)
ကောင်းသောနေ့ကို ဖြိုး :)
ှုမောင်လေး ပျောက်နေတာ နေညိုညိုကြောင့်လား :P
ကြွေစင်ပဲကွာ
အိပ်အသစ်လေးလည်း လှတယ်။ ဒီကောင်လေး ခပ်မှိန်မှိန်အရောင်တွေ အတော်ကြိုက်
ဘန်နာအသစ်တွေနဲ့ လှချင်တိုင်းလှပြီး ကဗျာတွေအရေးတွေကလည်း လှချင်တိုင်းလှနေပါလားဟ
Post a Comment