Monday, February 23, 2009

အရူးအိပ်မက် ( ၁၃ )




တစ် ပြီးရင် နှစ် လာတယ် ဆိုတာပဲ သိတဲ့ မင်း
တစ် နဲ့တစ် ပေါင်းရင် တစ် ပဲ ရတယ်ဆိုတဲ့ သီအိုရီ
မင်းဘယ်ယုံကြည်ပါမလဲ မိန်းကလေးရေ ....

အနုအလှတွေ မတက်လို့
အခုဘ၀မှာ ဝေးရတာလား
တစ်ခုမရရင်တစ်ခု ဆိုတဲ့အတွေး
ငါ့သမိုင်းမှာ မရေးတက်တာလည်း ခက်တယ် ....

မိန်းကလေးရေ ...
ငါ့ရင်ခွင်နန်းတော်ကြီး မီးမြိုက်ပြီး ဆိုးနေတာကို
တယော လေးထိုးပြီး ကြည့်နေရဲတဲ့ သတ္တိ
ငါမှာမှ မရှိခဲ့ပဲ ...

အိပ်မက် ဆိုတာ
အိပ်ပျော်နေရင်း
မက်မောမိတဲ့အရာလေ ...

မင်းရဲ့ ရင်ခုန်သံများပြားမှုက
ငါရဲ့ ၁၃ ဂဏန်းကို ရူးသွပ်မှုနဲ့
ဆက်နွယ်လိမ့်မယ် မထင်ပါဘူး လောကကြီးရေ ...

ကောင်မလေးရေ ...
ငါရဲ့ ၁၃ ခုမြောက် အိပ်မက်က
နေအထွက်မှာ မင်းလက်တစ်ဖက်ကို ဆုပ်ကိုင်
ချစ်မှတ်တိုင် တစ်ခု စိုက်ထူဖို့ပါ ....

အခုတော့ .......
အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ချစ်ခြင်းတွေအတွက်
ဖြေစရာ ဆေး ဝေး
မင်းပေးတဲ့ ဒဏ်ရာလေးတွေကိုပဲ
တစ်ခါပြန်တွေး ဆွေးနေမိတယ် ...

ငါကလည်း လူတစ်မျိုး
ကမ္ဘာပြိုမှာကို ကြောက်တဲ့ကောင်မဟုတ်ဘူး
မင်းငိုမှာပဲ ကြောက်တဲ့သူပါ ...



ဖြိုးငယ်





17 comments:

Anonymous said...

ဒီအိပ်မက်လေးကိုတော့ ကြိုက်နှစ်သက် သွားပြီဗျာ။
“ငါ့ရင်ခွင်နန်းတော်ကြီး မီးမြိုက်ပြီး ဆိုးနေတာကို
တယော လေးထိုးပြီး ကြည့်နေရဲတဲ့ သတ္တိ
ငါမှာမှ မရှိခဲ့ပဲ..”
“အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ချစ်ခြင်းတွေအတွက်
ဖြေစရာ ဆေး ဝေး..”
“ငါကလည်း လူတစ်မျိုး
ကမ္ဘာပြိုမှာကို ကြောက်တဲ့ကောင်မဟုတ်ဘူး
မင်းငိုမှာပဲ ကြောက်တဲ့သူပါ ..”
အရမ်းကြိုက်မိတဲ့ စာသားလေးတွေ..။ ကဗျာ တစ်ပုဒ်လုံး ကောင်းတယ်ဗျာ။ နှစ်သက်စွာ ခံစား ဖတ်ရှုသွားတယ်။

လင်းဒီပ on February 23, 2009 at 6:49 AM said...

မိုက်တယ်ဗျာ...
“ငါကလည်း လူတစ်မျိုး
ကမ္ဘာပြိုမှာကို ကြောက်တဲ့ကောင်မဟုတ်ဘူး
မင်းငိုမှာပဲ ကြောက်တဲ့သူပါ ..”

အိုင်လွယ်ပန် on February 23, 2009 at 7:46 AM said...

စာသားတွေလန်းလှချည်လားဗျာ...

ကမ္ဘာပြိုမှာမကြောက်ဘူး
မင်းငိုမှာပဲကြောက်တဲ့သူပါ .......

ဂွတ်ဗျာ ....

ကိုရင်ညိန်း on February 23, 2009 at 9:11 AM said...

အိုးမဲ့ အိမ်မဲ့ဖြစ်နေလဲ ဘူတာမှာသွားနေဗျာ :D
ဖြေဆေးမရှိရင် လာယူဗျ ... ချကိပတ်လည်ပေါ့
၁၄ လုံးတော့ထိုးရလိမ့်မယ်မောင် .. :P အဟေးဟေး

နောက်တာ ... ခင်ဗျားလည်း လန်ထွက်နေပြီ ... ခဲလုံးလေးနဲ့ ဖိထားဦး :P ကဗျာစာသားတွေလန်တာပြောတာ ပါ :D

Unknown on February 23, 2009 at 9:17 AM said...

ကိုဖြိုးရေ ကဗျာလေး ကိုခံစားသွားတယ် အနုအလှလေးတွေနဲ့ မီးပြင်းပြင်းတိုက်နေတဲ့စကားလုံးတွေလှတယ် ကောင်းတယ် ကိုဖြိုးရေ အားလုံးပဲအဆင်ပြေပါစေ ကောင်းသောနေ့ :)

သက်ထွန်းညိမ်း on February 23, 2009 at 2:04 PM said...

“ငါကလည်း လူတစ်မျိုး
ကမ္ဘာပြိုမှာကို ကြောက်တဲ့ကောင်မဟုတ်ဘူး
မင်းငိုမှာပဲ ကြောက်တဲ့သူပါ ..”
မိုက်တယ်ကွာ ...

ရိုးမြင့်အောင် on February 23, 2009 at 2:19 PM said...

နန်းတော်ကြီး မီးလောင်တာ တယောလေးထိုးပြီးမကြည့်ရဲဘူးဆိုပဲ...
ကမ္ဘာပြိုမှာ မကြောက်ဘူး ချစ်သူငိုမှာပဲ ကြောက်သတဲ့လားဗျာ...။
ကိုယ့်လူ... တယ် နုသိကုးဗျ...။ အဟတ်ဟတ်။

Anonymous said...

အိပ်မက် ဆိုတာ
အိပ်ပျော်နေရင်း
မက်မောမိတဲ့အရာလေ ...

အိပ်မက်ဆိုတာလေးကိုဖွင့်ဆိုထားတာကြိုက်တယ် အစ်ကိုရေ့ ။ အောက်ဆုံးအပိုက်လေး ငိုမယ်ဆိုတာကို ကြောက်တယ်တဲ့ အာတာလေးလည်းခိုက်တယ်း) ကဗျာဆရာတွေကလက်သံပြောင်တုန်းပဲ ။

emayarKhin on February 24, 2009 at 11:57 AM said...

ကြိုက်တာချင်းတူတယ်.....
ဒီကရေးပြီးမှဟိုတယောက်ရေးတာကိုတွေ့တယ်....
ဘာပဲဖြစ်ဖြစ်ဆက်ရေးမယ်....ကြိုက်လွန်းလို့
“ငါကလည်း လူတစ်မျိုး
ကမ္ဘာပြိုမှာကို ကြောက်တဲ့ကောင်မဟုတ်ဘူး
မင်းငိုမှာပဲ ကြောက်တဲ့သူပါ ...”
အဲဒါလေးကြိုက်တယ်။

mgngal on February 24, 2009 at 2:48 PM said...

ဟိုက် ရှာလဘတ် ။ မထင်ရက်စရာပေပဲ ။ ကဗျာတွေကတော့ နုဖတ် ဖုထွက် ၊ ဟတ်ဟတ် ။ ထင်တော့ ထင်သား လူတမျိုးဆိုတာ ။ ကဗျာတွေ လန်နေတာတာ ကြည့်တော့ ။

GreenGirl on February 27, 2009 at 3:21 AM said...

ကမ္ဘာပြိုမှာကို ကြောက်တဲ့ကောင်မဟုတ်ဘူး
မင်းငိုမှာပဲ ကြောက်တဲ့သူပါ...

တကယ်လားဟင်
အဲ့ဒီစာသားလေးကြိုက်တယ် :)

မသက်ဇင် on February 28, 2009 at 6:09 PM said...

ငါကလည်း လူတစ်မျိုး
ကမ္ဘာပြိုမှာကို ကြောက်တဲ့ကောင်မဟုတ်ဘူး
မင်းငိုမှာပဲ ကြောက်တဲ့သူပါ ...

ကောင်းလှချည့်လား ကဗျာဆရာရယ်----
ချစ်သူငိုမှာကို ကြောက်တတ်သူ တဲ့----
မိန်းကလေး ကံကောင်းပါပေတယ်----

ညိမ်းညို on March 1, 2009 at 8:55 AM said...

အောက်ဆုံးပိုဒ်ကတော့
ရေလည်စားတယ်ဗျို့
ကဇြိုးငယ်ရေ ကျန်းမာပါစေ :)

မသက်ဇင် on March 6, 2009 at 4:55 AM said...

ကဗျာအသစ်လာချောင်းတာ--
ကမ္ဘာပြိုမှာကို ကြောက်တဲ့ကောင်မဟုတ်ဘူး
မင်းငိုမှာပဲ ကြောက်တဲ့သူပါ ..”
ကို ပြန်ဖတ်သွားပါတယ်--ကဗျာဆရာ---

မီးတောက် on March 7, 2009 at 3:13 AM said...

ကိုဖြိုးမရောက်နိုင်တာ ခွင့်လွှတ်ပါနော်
ကဗျာလေးကိုတော့ အရမ်းကြိုက်သွားပါပြီ
နောက်ဆုံး စာသားလေးတွေကို ပိုကြိုက်တယ်
ဆက်လက်ေ၇းသားနိုင်ပါစေ

တင့်ထူးရွှေ on March 10, 2009 at 5:26 PM said...

ဆိုးနေပါလား ၊ ကမ္ဘာပြိုမှာတော့ အကုန်မာကလီးယား ဖြစ်ပြီပေါ့ ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ ၊ ကြောက်စရာလားနော် ... :P

ဝေလေး on March 16, 2009 at 5:39 AM said...

ိမိုက်တယ် အစ်ကိုရာ

နောက်ဆုံးအပိုဒ်လေး ကြိုက်တယ်......

နာ့အစ်ကိုကတော့ တော်ပြီးရင်းတော်ရင်းပဲ...... :P :P

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template