Sunday, February 8, 2009

ကျွန်တော်နှင့် ဖေဖော်ဝါရီ နတ်သမီး




ငြိမ်သက်နေတဲ့ ငါ့ဘ၀ကို
သူမက လှပစေခဲ့တယ် ..
အဲဒီ ဖေဖော်ဝါရီ နတ်သမီးဟာ
ပျော်ရွှင်ခြင်းတွေ ဆောင်ကြည်းပေးတယ်

နှင်းတွေကို ကျစေတယ် ..
ကြယ်တွေကို ခစေတယ်
အလွမ်းတွေကို လည်း ရစေတယ် ...
လူတွေပြောပြောနေကြတဲ့ ဖန်ဆင်းရှင် ဆိုတာ
ကျွန်တော့်ဘ၀အတွက်တော့ သူမပါပဲ ....

ညီမျှခြင်း တွေရဖို့လည်း
သူမနဲ့ ကျွန်တော် သီအိုရီတွေချတယ်
အကြင်နာနဲ့ မေတ္တာကို ဆတူရောပြီး
ချစ်ခြင်း သီအိုရီကို အပြစ်ကင်းစွာနဲ့ ယူကြတယ်. .....

တစ်ချို့တွေပျော်ပြီး
တစ်ချို့တွေ လွမ်းကြတဲ့
ဖေဖော်ဝါရီရဲ့ မှတ်တမ်းတစ်ချို့မှာလည်း
သူမနဲ့ ပတ်သတ်သမျှ
ကျွန်တော်ဟာ သကာ ထက်က ပျားရည်ဖြစ်ခဲ့ရတယ် ...

ကျွန်တော့်ရဲ့ ဖေဖော်ဝါရီ နတ်သမီးလေးရေ ...
ခဏတာဝေးရတာကို တစ်ဘ၀စာလို့ မတွေးပါနဲ့
ညအခါ လသာရင် သူကိုပဲ မေးကြည့်ပါ ..
ကျွန်တော့်ရင်ဘတ်ထဲမှာ အချစ်တွေ ထွေးပွေ့ထားတုန်းပဲ ...

ဖေဖော်ဝါရီ နတ်သမီးရေ ....
မှော်မပါတဲ့ကကြိုးပေမဲ့
မင်းအနုပညာက မဟာဆန်တယ်
ပြန်တော်ပြန်ချိန် မရောက်သေးသရွေ့
ငါကလည်း ကဗျာတွေရေးမယ်
မင်းကလည်း အချစ်တွေကို တွေးပါ
တစ်ဖြည်းဖြည်း နီးလာမဲ့
ဖေဖော်ဝါရီရဲ့ ရောင်နီတန်းမှာ
မင်းနဖူးလေးကို ငါ နမ်းမယ်
ကျေးငှက်တို့ တေးဆိုပါစေ ....

ဖြိုးငယ်


12 comments:

mgngal on February 8, 2009 at 3:33 AM said...

ဖေဖော်ဝါရီ နတ်သမီးတဲ့လား ။ အချစ်ကဗျာလေး လှတယ်ဗျာ ။ ပြည်တော်ပြန်ချိန် မရောက်ခင်ထိ ကဗျာတွေ ရေးမယ်ဆိုတော့ ပြန်ရောက်ရင် ရေးတော့ဘူးလား ။ :P
ကျေးငှက်တွေကတော့ တေးဆိုနေဆဲ။ ကိုဖြိုးနဲ့  ဖေဖော်ဝါရီ နတ်သမီးအတွက်တဲ့ ။ :)

လင်းဒီပ on February 8, 2009 at 5:00 AM said...

ဖေဖော်ဝါရီနတ်သမီးလေးက ချစ်စရာ..

Unknown on February 8, 2009 at 8:19 AM said...

ညွှန်းလှချေလား ကိုဖြိုးရေ ညွှန်းချက်တွေကခံစားချက်အပြည့်ပဲ :)
အင်း အိပ်မက်ထဲလည်းနမ်းနမ်းနေလားမသိဘူး :P
ကောင်းသောနေ့ကိုဖြိုး :)

အိုင်လွယ်ပန် on February 8, 2009 at 9:40 AM said...

မင်းနဖူးလေးကိုငါနမ်းမယ်
ကျေးငှက်တို့တေးဆိုပါစေ ....
လန်းတယ်ကိုညဖြိုးငယ်ရေ ................

အိုင်လွယ်ပန် on February 8, 2009 at 9:41 AM said...

မင်းနဖူးလေးကိုငါနမ်းမယ် ....
ကျေးငှက်တို့တေးဆိုပါစေ .........
လန်းတယ်ကိုဖြိုးငယ်ရေ .....

ဆောင်းယွန်းလ on February 8, 2009 at 10:44 AM said...

ညီလေးရဲ့ ဖေဖော်ဝါရီနတ်သမီးလေးနဲ့ အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ကြပါစေ။
အဲဒီအချိန်ကျရင် ကဗျာကောင်းကောင်းလေးတွေလည်း
ဆက်ရေးပါဦးညီလေးရာ...

Unknown on February 8, 2009 at 11:02 AM said...

ဟင်း...။ မင်းကဗျာကို ဖတ်ပြီး ရင်ထဲတစ်မျိုးကြီးပဲ...။ ငါ့ရဲ့ ဖေဖော်ဝါရီ မှတ်တမ်းလဲ ဘယ်လိုလာဦးမယ် မသိ :(

ရိုးမြင့်အောင် on February 8, 2009 at 12:58 PM said...

ဖေဖော်ဝါရီ ရောင်နီတန်းမှာ ဘာလုပ်မှာရယ်ဗျ... အဟတ်ဟတ်... ကြယ်တွေလည်းခ သီအိုရီတွေလည်း ရတဲ့နေ့ မင်းတို့ကျောင်းကို တစ်ခေါက်ပြန်လာမယ်... :P :D

သူရိန်မင်း on February 10, 2009 at 11:48 PM said...

ဖေဖေါ်ဝါရီမှာ ဝေဒနာတွေကို ဖြည်ပြနေတယ်လား ဖြိုးငယ်။ ဖေဖေါ်ဝါရီ ရောင်နီတန်းမှာ ဒီတစ်ခါ လန်းဆန်းပါစေ။

မင်းကျန်စစ်။ on February 11, 2009 at 8:44 AM said...

ဖေဖော်ဝါရီရဲ့ ရောင်နီတန်းမှာ
မင်းနဖူးလေးကို ငါ နမ်းမယ် တဲ့လား။ ဟိ အတဲယားတယ်နော်။
ကျောင်းတုန်းကလို ရောင်နီလာမှ တန်းဖြုတ်မည်တော့ မလုပ်နဲ့နော် ကိုယ့်ဆရာ :D

ညိမ်းညို on February 12, 2009 at 6:37 AM said...

ကဖြိုးငယ်ရေ
ကဗျာလေးက ချစ်စရာကောင်းလိုက်တာဗျာ

pandora on February 21, 2009 at 2:07 AM said...

ချစ်စရာကောင်းတဲ့ ကဗျာလေးပါ ဖြိုးငယ်ရေ။
နူးညံ့တဲ့ ခံစားမှုပါ။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template