Tuesday, March 10, 2009

အလွမ်းကြီးခြင်း



ဒီပုတ်ထဲက ပါပဲ
ဒါပေမဲ့ အဲဒီပုတ်ထဲမှာ
ပဲကောင်းတွေလည်း အများကြီးရှိပါတယ် ကောင်မလေးရယ် ...

အသည်းကတောင်းလို့
ဒီစွန်ညိုကြီး ဇွဲကောင်းကောင်းနဲ့ ဝဲနေမိတာပါ မိထွေးရယ်
ငါ့မှာ အတောင်တွေလည်း ညောင်းလှပြီ ....

တကယ်တော့ ..
ငါက အချစ်ကြူးတဲ့ ဘီလူးတစ်ကောင်ပါ
ဒါပေမဲ့ ဒဿ တော့ မဟုတ်ဘူး
တာနောယက္ခ လိုကောင်

လာပြောတက်ကြတဲ့ မကောင်းသတင်းတွေအတွက်
အကြောင်းအရင်း ကိုပဲ ရှာနေရင်
ငါတို့နှစ်ယောက်ပေါင်းသင်းရေး
လိုက်ရင်းနဲ့ ဝေးနေဦးမှာပဲ ...

မင်းသိရဲ့လား ... ဒေဝီ
မကြေငြာသေးတဲ့ သတင်းတစ်ခုရှိတယ်
ရေကြီးခြင်း ၊ လေကြီးခြင်း
စိုးရိမ်ရေအမှတ်ကျော်ခြင်းတွေက
အက်ကြောင်းတွေ ထပ်နေပြီ ....

ယခု ကျုပ်ရင်ခွင်တွင်
သတိရခြင်း စိုးရိမ်အမှတ်ကိုကျော်လွန်ပြီး
အလွမ်းတို့ အားကောင်းလျှက်ရှိပါသည်။
၎င်းအလွမ်းများသည်
နောက် ၃၆၅ ရက်အတွင်း
ကြောက်မက်ဖွယ် အားကောင်းလာနိုင်ကြောင်း
အထူးသတင်းတစ်ရပ် အနေဖြင့် ကြေငြာအပ်ပါသည် ထိပ်ထားခင်ဗျား ... ။

ဖြိုးငယ်


15 comments:

GreenGirl on March 10, 2009 at 8:30 AM said...

မိုးလေ၀သ အထူးသတင်း
သတင်းခေါင်းစဉ် - မောင်ဖြိုးငယ် အလွမ်းကြီးနေခြင်း :D

ကြေငြာနေရပြီလား မောင်လေးရယ်...
ခုမှ မတ်လပဲ ရှိပါသေးတယ်
မုန်တိုင်းတော့ မတိုက်နဲ့ဦးနော်
မသကာ မိုးဦးကျလေးတော့ စောင့်ပါဦး :P
အဲ.... ကြိုတော့ ပြောဦးနော်
ကြိုတင်လွတ်ရှာေရာင်ရအောင် :)

mgngal on March 10, 2009 at 9:16 AM said...

၃၆၅ ရက် ။ လိုသေးတာပဲ ။ အေးဆေးပေါ့ ။ နီးမှ ထပ်သတိပေး ။ ကြည့်ကြတ် ရှောင်ရအောင် ။ :P

အသည်းကတောင်းလို့
ဒီစွန်ညိုကြီး ဇွဲကောင်းကောင်းနဲ့ ဝဲနေမိတာပါ မိထွေးရယ်
ငါ့မှာ အတောင်တွေလည်း ညောင်းလှပြီ ....

ကြိုက်၏ ။ ခဏနားလိုက်ဦးလေ ။

လင်းဒီပ on March 10, 2009 at 9:41 AM said...

အားပါ...
လွှတ်ကြမ်းထားပါလား ကိုရင်တာနောရယ်...
ကြိုက်တယ်ဗျ...:P

ကိုရင်ညိန်း on March 10, 2009 at 9:58 AM said...

ဟေ့လူ ကဗျာကတော့ အတော်လေးလန်းတာကလား ။
ပဲကောင်းကောင်းလေးတော့ စားချင်သေတယ်ဗျ
နို့ပေမယ့် ခင်ဗျားတို့ အဆောင် ရေကြီးနေတယ်
လို့သတင်းရလို့ မလာတော့ဘူးဗျာ .. အဟေးဟေး

(စကားမစပ် ။ ခင်ဗျားလက်အတော်တက်နေတယ်ဗျ)

အိုင်လွယ်ပန် on March 10, 2009 at 10:08 AM said...

အလွမ်းလေဝသ ကြေညာခြင်းပေါ့ .........
ကောင်းပကိုဖြိုးငယ် ..........

ရိုးမြင့်အောင် on March 10, 2009 at 11:16 AM said...

အိုဗျာ... ၃၆၅ ရက်တောင်ကျန်သေးတယ်... အေးဆေးပေါ့... အဟတ်ဟတ်...။

ကိုယ့်လူ... အဆင်ပြေအောင်နေဗျာ...။

Unknown on March 10, 2009 at 12:27 PM said...

ကိုဖြိုးရေ အလွမ်းရေကြီးတာလည်း ကြည့်ပြီးကြီးနော
တော်ကြာ မျောပါသွာဦးမယ် အလွမ်းရေတွေထဲ
ကိုဖြိုးရေ ၀ဲလို့ကောင်းနေတုန်းလား ညံ့ပါတို့အစ်ကိုရယ် ဟီးးးး နောက်တာ ကဗျာလေးခံစားသွားတယ်ဗျာ
ကောင်းသောနေ့ :)

မီးငယ် on March 10, 2009 at 4:52 PM said...

လာပြောတက်ကြတဲ့ မကောင်းသတင်းတွေအတွက်
အကြောင်းအရင်း ကိုပဲ ရှာနေရင်
ငါတို့နှစ်ယောက်ပေါင်းသင်းရေး
လိုက်ရင်းနဲ့ ဝေးနေဦးမှာပဲ ...

ဟုတ်တယ်အကို... ပြီးခဲ့တဲ့ကိစ္စတွေ၊ သတင်းတွေကြောင့် ဆိုရင်တော့ ဝေးနေဦးမှာပဲ.....
So sad!

တင့်ထူးရွှေ on March 10, 2009 at 5:16 PM said...

ဒွတ်ခပဲ ၊ အလွမ်းတွေ ဒီဘက်လျှံထွက်လာနိုင်တယ် ၊ ဘယ်ကိုပြေးရပါ့မလဲ...

Anonymous said...

ပဲစားရင် အားပြည့်တယ်လို့ ကောင်မလေးကို သေချာပြောပြလေ အစ်ကိုရဲ့း) ပဲကောင်းပဲသန့်တွေလည်းရှိပါတယ် အရောခံထားရတာမဟုတ်လား ။

ညိမ်းညို on March 13, 2009 at 11:46 PM said...

ကဖြိုးငယ်ရေ
နီးလာရင် နောက်ထပ် နို့တစ်ထုတ်ဦးဟ :D
ငါ့နှယ်ကွာ အလွမ်းကြီးချိန်ကြီးမှ မင်းတို့အထပ် ပြောင်းလာမိဒယ် :P
ကဗျာက လန်းတယ်ဗျ

ဝေလေး on March 16, 2009 at 5:42 AM said...

လိုပါသေးတယ်

၃၆၅ ရက်ကြီးများတောင်......

ဒီကြားထဲ အားထပ်ပြင်းနိုင်ချေရှိမရှိ သတင်းထပ်ထုတ်ဦးနော်...

Anonymous said...

ဟာ.. အလွမ်းတွေ ပြင်းထန် နေတယ် ဆိုပါလား။ ပေါက်ကွဲဖို့ ၃၆၅ ရက် ပဲ လိုတော့တယ်။ တားဆီး ရပ်တန့်လို့ မရနိုင်တော့ဘူးလား။ ဒီကြားထဲ အလွမ်းတွေ စဲနိုင်ပါစေ။ အလွမ်းကြီးခြင်း ကဗျာလေး ဖတ်ပြီး ကြက်သီး ထလို့ ပြန်ပြီ..။ :P

မသက်ဇင် on March 16, 2009 at 1:07 PM said...

တကယ်တော့ ..
ငါက အချစ်ကြူးတဲ့ ဘီလူးတစ်ကောင်ပါ
ဒါပေမဲ့ ဒဿ တော့ မဟုတ်ဘူး
တာနောယက္ခ လိုကောင်

ကဗျာလေးကောင်းတယ်--

molay88 on March 17, 2009 at 3:34 PM said...

ချစ်ကိုကြီးတို့လွမ်းချက်ကတော့မိုက်တယ်ဗျာ.. လွမ်းအားကောင်းလို့ ပုသိမ်ထိတောင်ရောက်သွားနိုင်တယ်..။
နာဂစ်ထက်တော့ မဆိုးလိုက်ပါနဲ့ အစ်ကိုရယ်..
မခံနိုင်ဘူးနော်...။ :-)

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template