Thursday, March 19, 2009

ရင်ငြိမ်းပန်းလေး သိပါစေ



နင့်မျက်လုံးတစ်ချက်အဝေ့မှာ
ကမ္ဘာပေါ်က မီးတောင်အားလုံး ပေါက်ကွဲလုမတက်
တဒုန်းဒုန်း မည်တဲ့ ငါရဲ့ ဘယ်ဘက်ရင်ခွင်ဗုံက
နတ်တို့ရဲ့ စစ်ချီတေး
ကောင်မလေးရေ ...
အိုဇုန်းလွှာကြီးပေါက်ထွက်သွားအောင် နင့်ကိုငါ ချစ်တယ် ... ။

နင်ဟာ ငါ့အတွက်တော့ လကဖွားတဲ့ နတ်သမီး
ပူလောင်ခြင်း မီးတို့ ချုပ်ငြိမ်းရာ
လောကနတ်ရဲ့ သမီးတော်တစ်ပါးလည်း ဖြစ်တယ်...
လမင်းလေးရေ ...
ရေအောက်ကြမ်းပြင် အဝီစိရောက်သွားလောက်အောင် နင့်ကိုငါချစ်တယ် ....။

နင့်အချစ်တွေက ငါ့ကမ္ဘာအတွက်
ညဘက်ပါလင်းတဲ့ နေမင်း
နွေးထွေးခြင်း အပြည့်နဲ့ကောင်းကင်
နတ်ဆိုးတို့ မဝင်နိုင်တဲ့ မြို့တော်
ဧဒင်ထက်ပျော်စရာကောင်းတဲ့ ဥယျာဉ်
ဖန်ဆင်းရှင်မလေးရေ ....
ကမ္ဘာကြီးတုန်သွားအောင် နင့်ကိုငါချစ်တယ် .....။

နင့်ရယ်သံတစ်ချက်မှာ
ဓါတုဗေဒ သဘောတရားမဖက်ပဲ
ငါ့နှလုံးသား အရည်တွေပျော်ကုန်တယ်
နင်ဟာ သိုးမည်းတစ်ကောင်ကို အရောင်ပြောင်းနိုင်တဲ့
မှော်အောင်ထားသူပေါ့ ...
ချစ်သူရေ ....
သက်ရှိတွေအားလုံးထက် နင့်ကိုငါချစ်တယ် .....။

သဲလွန်းတယ် မပြောကြပါနဲ့
နိုဗယ်လ် ဆုထဲမှာတောင် အချစ်နဲ့ ပတ်သတ်တာ မပါလို့
နို့မဟုတ်ရင် ....
နင်နဲ့ ဆက်စပ်သမျှ အဲဒီဆုကို ငါပဲရလိမ့်မယ်
မာယာမဲ့ ဒေဝီရေ ...
လကမ္ဘာထက် နင့်ကိုငါချစ်တယ် .....။

ငါ့လက်ကို ကိုက်လည်း ကိုက်စေတော့
ဖမ်းမိထားတဲ့ ရွှေငါးလေးကို
ဘယ်တော့မှ ပြန်မလွတ်တော့ဘူး
ငါ့လက်ခုပ်လေးထဲမှာ နင့်နန်းတော်ကိုတည်ဆောက်ပါ
အသဲသခင်မရေ ...
စင်္ကြာဝဠာအထိ လွင့်ထွက်သွားလောက်အောင် နင့်ကိုငါချစ်တယ် ....။

အိုးနင်းခွက်နင်း ကံကြမ္မာနဲ့
ခြောက်ကပ်တဲ့ ငါ့ဘ၀က
နင့်ကြောင့် ပန်းတို့ပျော်တဲ့တော ဖြစ်ခဲ့ပြီ
ငါ့ရင်ခွင်ထက်မှာလည်း နင်တစ်ပွင့်တည်း ရိုက်ကပ်
ထာဝရအတွက်ပေါ့
ရင်ငြိမ်းပန်းလေးရေ ...
ကမ္ဘာမြေတစ်လျှောက်
ပန်းတွေပေါက်သွားလောက်အောင် နင့်ကိုငါချစ်တယ် ....။
ဖြိုးငယ်

14 comments:

မသက်ဇင် on March 19, 2009 at 4:24 PM said...

ွှဲအော်----အဲလောက်တောင်လားကွယ်----
ကာယကံရှင်တော့မသိဘူး---
ကဗျာဖတ်နေရတာ--လေ ထုထဲ လွင့်နေသကဲ့သို့ပါ--

Anonymous said...

အားး..ရိုးရိုး ချစ်တတ်လိုက်တာဗျာ...
ချစ်တဲ့အကြောင်းဆန်းးဆန်းးပြားပြား ဥပမာလေးတွေနဲ့ပြောထားတာလေးကြိုက်တယ် ။

ညိမ်းညို on March 19, 2009 at 8:30 PM said...

ကဖြိုးငယ်ရေ
သက်ဆိုင်သူလေးတော့ သိဝူး
ငါတော့ အတော်ကြွေသွားသဟေ့ :D

ရေးတတ်လိုက်ပုံများ လွန်ရောကွာ
ကဖြိုးငယ်ကြီးကို အားကျတယ်ဗျို့ :)

မမသီရိ on March 19, 2009 at 8:37 PM said...

ချစ်တတ်လှချည်လား ဖြိုးရေ

Unknown on March 19, 2009 at 11:04 PM said...

ကိုဖြိုးရေ ညီတို့ချစ်ဖို့လည်းနဲနဲချန်ဦးဗျနော ကမ္ဘာပေါ်ရှိသမျှ
အချစ်တွေ တယောက်တည်းသိမ်းကျုံးယူလို့ဘယ်ရမတုန်း
:)
ကိုဖြိုးချစ်သူတော့တော်တော်ကံကောင်းတယ်ပြောရမယ်
ဒီလူကြီး ချစ်တတ်လွန်းလို့ :D
ကောင်းသောနေ့ ကိုဖြိုး :)

Anonymous said...

Wow! ကဗျာလေးအရမ်းမိုက်တယ်..
ခံစားချက်အပြည့်နဲ့ ရေးထားပုံပဲ :)

thihanyein on March 20, 2009 at 4:34 AM said...

စာသားတွေ လှတယ်ဗျာ...

knight on March 20, 2009 at 5:15 AM said...

နင့်ရယ်သံတစ်ချက်မှာ
ဓါတုဗေဒ သဘောတရားမဖက်ပဲ
ငါ့နှလုံးသား အရည်တွေပျော်ကုန်တယ်... ရယ်သံမှာ အပူလှိုင်းတွေ ပါတယ် ထင်ပ ။ :P
ကဗျာလေး လွှတ်လှ ။ လွှတ်ချစ်ပြနေပါလား ။ တခုခုတော့ တခုခုပဲ ။ :D

GreenGirl on March 20, 2009 at 5:19 AM said...

ဟော... သေချာနားထောင်...
ကြားရလား မောင်ဖြိုးငယ်
ပန်းကလေး ကြွေသွားတဲ့ အသံလေး
တဖြုတ် ဖြုတ်နဲ့ :)

အိုင်လွယ်ပန် on March 20, 2009 at 11:41 AM said...

အားပါးပါး ...

ကြွေတယ် ကြွေတယ် ...

ကောင်းတယ်ဗျာ ....

မသက်ဇင် on March 25, 2009 at 11:30 PM said...

အသစ်မတွေ့လို့ အဟောင်းပြန်ဖတ်သွားပါတယ်---
ပျော်ရွှင်ပါစေ--ဖြိုးငယ်---

မီးငယ် on March 29, 2009 at 11:35 AM said...

OZone လွှာမှာ အပေါက်တွေ တွေ့တယ်ဆိုတာ...
လက်စသတ်တော့ တရားခံက နာ့အကိုကြီးကိုး.. :D

Forever Army on April 1, 2009 at 2:57 PM said...

ဘုရားဘုရား.. Ozone ပေါက်တဲ့အထိ ချစ်မယ်ဆိုတာ နံမည်ကြီးနေလို့ လာကြည့်ကာမှ Chemistry တွေရော၊ ဗဒင်ရဲ့သိုးမည်းဟောင်းတွေရော၊ အိုးတွေပလုံးတွေရောနဲ့ ချစ်နေတာတွေ့ရမှ ကိုယ့်ချစ်သူကို ဘယ်လို ဒန်အိုးနဲ့ချစ်ရမလည်း အတော်စဉ်းစားလိုက်ရတယ်။

သူငယ်ချင်း ချစ်ချက်ကပြင်းတယ်။ အိုဇုန်းတောင် အပေါက်ခံလိုက်ပုံများ :D

Army Soul

ဝေလေး on April 7, 2009 at 8:21 AM said...

ချစ်တတ်လွန်းပါလား.......
ကောင်းကင်ရော ရေပြင်ရောစုံလို့.....
ကဗျာကလန်းတယ်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template