Sunday, June 8, 2008

ကဝေနဲ့စီးချင်းထိုးတဲ့ည



ဘ၀ကို ပြဒါးသုတ်
ငါ့ရင်ခွင်ကို မီးမှုတ်တဲ့နဂါး
အသည်းကြားက ဓါးကိုထုတ်
ငါ့ဝိဥာဉ်ကိုနှုတ်သွားတယ်…


နတ်စောင်းသံ သဲသဲကြားမှ
ပဲ့ပဲ့သွားတဲ့ ဒဏ်ရာရဲ့တစ်ရေးနိုး
ငါပြေးထိုးတဲ့ မနက်ဖြန်
ငါ့ရင်ကိုတစ်ချက်ကန်သွားတယ်….


အနောက်မြို့ရိုးမှာ မိုးရွာတော့
ရင်ဘတ်ထဲက ပိုးတွေ က ကြတယ်
တန်ခိုးမရှိတဲ့ရာသီက
နာရီကို လှည့်မကြည့်ဘူး….


ဒီည
နတ်ကျောင်းက ခေါင်းလောင်းသံကြားမှ
ရင်ခွင်ကို ငုံ့ကြည့်မိတယ်
ဘယ်ဘက်တစ်ခြမ်းကို
ကဝေမလေး နမ်းသွားတယ်….


တိုက်ပွဲကတော်တော်ကြမ်းတယ်
ကဗျာတွေထမ်းတဲ့ နှလုံးသားက
ညကိုစီးချင်းထိုးတယ်
အလွမ်းကတော့ တိုးတိုးလေးငိုနေရဲ့….


ဒီလိုနဲ့…
အတ္တတွေသဂြိုလ်လိုက်တဲ့ည
ကဝေမနဲ့စီးချင်းထိုးတယ်
နှင်းခါးဖြိုင်ဖြိုင်ကျပါစေ…..



ဖြိုးငယ်

5 comments:

Unknown on June 9, 2008 at 7:35 AM said...

ဟာ.....လာလာချင်း ကဝေမနဲ့ စီးချင်းထိုး နေပါလားဟ။ နိုင်ပါစေဗျာ။ ဆုသာတောင်းတယ် သူက ၀ိညာဉ် ပါသွားပြီဆိုပဲ။D;

Unknown on June 16, 2008 at 5:29 AM said...

မြန်မာပြည်က နအဖ ကြီးကြီး MASTER များနဲ့ပါတ်သတ်တဲ့ နေရာတကာလျှောက်လည်ထွက် ဂျိုးတန်းလန်းနဲ့ ကိုဖိုးကွက်ခေါ်စိုးထက် နှင့် လိုးသမျှခံမယ့်ကြက်ဖင် စိုးမြနန္ဒာသက်လွင် တို့အား ဒီနေရာကနေ“လုံးဝရှုံ့ချပါတယ်”။

မင်းကျန်စစ်။ on June 26, 2008 at 2:31 PM said...

ဟားဟား ကဗျာက ဖလန်းဖလန်း ထလောက်အောင် ကောင်းတယ်ဗျာ။

ရွှေပြည်သူ (ShwePyiThu) on July 21, 2008 at 8:12 PM said...

“တိုက်ပွဲကတော်တော်ကြမ်းတယ်
ကဗျာတွေထမ်းတဲ့ နှလုံးသားက
ညကိုစီးချင်းထိုးတယ်
အလွမ်းကတော့ တိုးတိုးလေးငိုနေရဲ့...”

စကားလုံး အသုံးအနှုန်းလေးတွေ သိပ်ကိုကောင်းပါတယ် မောင်လေး။ ကဗျာကောင်းတွေ အများကြီး ထပ်ရေးနိုင်ပါစေ...

Harry on August 24, 2008 at 10:03 AM said...

လန်ထွက်နေအောင်ကို မိုက်တယ်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template