Friday, June 27, 2008

နှစ်ပါးသွားလေး က ချင်ပြီ


အလွမ်းတွေချွေ မပျက်ကွက်ခဲ့ပါဘူး
ပန်းတွေကြွေ နေ့ရက်တွေဆက်ခဲ့
တွေ့တက်တဲ့ မနက်တွေကိုပဲတမ်းတ
အဲဒီညတွေမအိပ်ရလည်း ကိစ္စမရှိဘူး
လွမ်းရတာ ကျေနပ်ခဲ့သူပါ .....


အဖြေခက်တဲ့ဝေဒနာတစ်ပိုင်းတစ်စ
မနေတက် နွေမှာလှိုင်းထလည်း
တစ်နေထွက် တစ်နေ၀င်လို့
သူ့မျက်နှာ တစ်ခါ မြင်ချင်ခဲ့
တွယ်ရာမဲ့ ရင်ခွင်ရဲ့ သောက ….


အလွမ်းတို့နဲ့ မနေတက်
ပန်းတို့ကကြွေပျက်
အနမ်းတို့ သွေတက်လို့
အဲဒီ အားလုံးဖောက်ထွက်သွားအောင်
လမင်းရယ် …
ဒီည ဒီရေတက်ပေးပါ ....


ယောက်ယက်ခက်အတွေးတို့ကိုဖြုတ်သိမ်း
ကိုယ့်စိတ်ကို ထိန်းထားတဲ့ကြားက
အလွမ်းက ထကြွတယ်
က ရတဲ့ဇာတ်လွမ်းခန်းချည်းဆက်နေပါ့
ဇာတ်ဆရာရယ် ……..
တစ်ရက်ပဲ ဖြစ်ဖြစ်
တစ်ချက်ပဲ ဖြစ်ဖြစ်
နှစ်ပါးသွားခွင့်ပေးသင့်ပါတယ် ….


ဖြိုးငယ်

5 comments:

Dream on June 28, 2008 at 7:53 AM said...

ကပါ။နှစ်ပါးသွားကခွင့်ပေးပါတယ်။ပရိတ်သတ်တွေလည်းငိုက်
ကုန်ပြီ။
ဟားဟား..နောက်တာနော်..

ဒီဇင်ဘာနှင်း on June 28, 2008 at 9:23 AM said...

ခံစားချက်တွေပေါက်ကွဲလာပြီထင်တယ်နော

ကြယ်စင်နတ်သမီး on June 28, 2008 at 1:19 PM said...

နှစ်ပါးသွားကချင်တယ်ဆိုရင် မင်းသမီးကိုခေါ်လေ... မင်းသမီးကိုမခေါ်ရင် ဟိုကဘယ်ထွက်လာမလဲ...း)
စာမေးပွဲဖြေပြီးတာနဲ့ ခံစားချက်တွေပေါက်ကွဲကုန်ပြီ...

ရွှန်းမီ on June 29, 2008 at 5:33 AM said...

:-) က နိုင်ပါစေ..

Anonymous said...

ပေါက်ကွဲသံစဉ်လေး......ဖတ်လို့ကောင်းတယ်..:D
ကနိုင်ပါစေနော်....

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template