စိတ်ကောက်ကြတဲ့
နှာစေးချောင်းဆိုးနေ့ရက်များမှာ
အနာနဲ့ဆေး တည့်
လှည့်ပြန်ခဲ့ရတဲ့
မရိုးနိုင်တဲ့ရင်ခွင်ဆီမှာ
အတိတ်တွေကို Exp .. date ဖတ်
စွဲချက်တွေနဲ့ ၊ ပစ္စုပ္ပန်မှာ ယိမ်းထိုး
ဒါဆို ...
အနာဂတ်ကို ပလာစတာကပ်ထားရမှာလား
ချွဲပိုတာဆိုး ၊ ပြန်ချော့ခ က ဆယ်ဆတိုးတယ်
ညိုတိုတို မျက်နှာထားနဲ့
အူဝဲလေးလို ငိုလိုက်ချင်တယ်
ကလေးကလားလို့ ဇီးပြားကျွေးနေမှာ စိုးရပြန်တော့
မာန်ဘဝင်က အင်တင်တင်ရယ်နဲ့
ကိုးဖြာသော သဲတစ်ဝက်ခွဲလို့
မာယာလက်တစ်ဆစ်နဲ့ မူနေရတဲ့အဖြစ်က
အချိန်မှန် ဖုန်းသံမြည်လာရင်တော့
သုံးလွန်းတင်တဲ့ မာနကြိုး ပြတ်
ပီတိရောစွက် အသံထွက်က
ဟယ်လို “ မောင် ” လားတဲ့
ဒါကြောင့်ပေါ့
( တစ်ခါတစ်ရံ ) အချစ်ဆိုတာ
ဘာမှန်းမသိတဲ့
“ What ?? ” တွေချည်းပဲလေ ... ။
P.S ==> ဒါလည်း ကျွန်တော်ရေးတာမဟုတ်ပါဘူးခင်ဗျာ ။
