Monday, June 22, 2009

သက်ဆိုင်သူ ... သို့




အချစ်ကို မူပိုင်ခွင့်တင်ပြီး
ငါ .. မင်းကို မချုပ်နှောင်ချင်ဘူး
ဒါပေမဲ့ ...
နိုဗယ်ဆုရလောက်အောင်လည်း
ငါ ... မလွမ်းချင်ဘူး
အချစ်ဟာ
ပန်းသီးတစ်လုံးလို
လွယ်လွယ်နဲ့ ဝါးစားလို့ရခဲ့ရင်တော့
ငါ့ရင်ထဲက
နှောင်ကြိုးအစ အန တွေနဲ့
သံယောဇဉ် မကျေလည်မှုလေးတွေကို
ချေဖျက်နိုင်မှာပါ
မင်းသိရဲ့လား
ကမ္ဘာဦးအစက အာဒံနဲ့ဧဝ
ပန်းသီးတစ်လုံးကြောင့်
သမုဒ.နွံထဲ ညွတ်ဆင်းခဲ့ရတယ်လေ
ငါ လည်း လူထဲကလူပဲလေ
ဘယ်မှာ မချစ်တက်ပဲနေပါ့မလဲ
ရှေးရိုးအစ ပညတ်ထားတဲ့
သဘာဝကရှိလေတော့
ဂွကျလှတဲ့ အတွေးတွေနဲ့
အိပ်ဖြစ်ခဲ့ရတဲ့ ညတွေမှာ
တိတ်တခိုး မျက်ရည်မိုးတိုကနဲ့
နှလုံးသားက ထွက်ပေါက်ရှာနေရတယ်
ခံစားချက်က နွမ်းနယ်လာတဲ့အခါ
မှီနွဲရာ ပခုံးတစ်ဖက်က
မင်းထဲမှာပဲရှိနေစေချင်တယ်
ငါ .. ပြောပြလို့ရနိုင်ခဲ့ရင်
မင်းကလည်း သိနေမယ်ဆို
မျက်ဝန်းရိပ်မှာ
မထင်မရှားနဲ့ ဖွင့်ဟခဲ့တဲ့
ရင်ခုန်သံ တစ်ပိုင်းတစ်စကို
မင်းနှလုံးသားမှာ လှည့်ဖျားမှု
ကင်းစင်နေမယ်ဆို
နားလည်နိုင်မှာပါနော် ..။

P. S ==> ဒီကဗျာလေးကလည်း ကျွန်တော်ရေးထားတာ မဟုတ်ပါဘူး ..
တစ်ယောက်သောသူက ကျွန်တော့်အတွက်ပေးပို့ထားတာပါ ..

ဘာပဲဖြစ်ဖြစ် စာမေးပွဲတွေနဲ့ မအားလို့ မရေးနိုင်ဖြစ်နေတာ ။
အခုတော့ ဒါလေးကိုပဲ အားပေးသွားကြပါဦးဗျာ .. နောက်တစ်ပုဒ်လည်း
လာပါဦးမယ် ။
အားလုံးကိုကျေးဇူးတင်ပါတယ် ။



6 comments:

မီးငယ် on June 22, 2009 4:35 AM said...

မာဖီးယား ကိုက်တာနဲ့... ကဗျာတောင်မရေးနိုင်တဲ့ဘ၀ ပါလားနော် :D

အလင်းရောင် on June 22, 2009 5:48 AM said...

ကိုဖြိုးငယ် လာလည်သွားတဲ့ အတွက် အရမ်းကိုကျေးဇူးတင်မိပါတယ်။ ဒါကြောင့်လာတော့ မသိဘူးဗျ...ဒီနေ့နေသာတယ်...အဲ ဟုတ်ပါဘူး... ကျွန်တော့်ဘလော့လေး စိုပြေလာတယ်ပေါ့နော်...ဟဲဟဲ။
ကျွန်တော့်ဘလော့ကလည်း အရင်ကတော့ သူငယ်ချင်းတွေ အကြောင်းဆိုပြီး လုပ်ရင်း မိဘပြီးတော့ ခံစားချက်သံစဉ်တွေ ရောလာတော့ ဘယ်သူမှမလာတော့ဘူးလေ... မသက်ဇင်ပဲ လာတယ်... အစ်ကိုရောဆို နှစ်ယောက်ပေါ့ အထူးဆုပေးမယ်ဗျာ...။ ငါ့အစ်ကိုကြီး စားမေးပွဲတွေ အမှတ်များများဖြင့် အောင်မြင် ပါစေဗျာ...။ ကျွန်တော့်ကတော့ ရုန်းလိုက်ပါဦးမယ်ဗျာ...။

မသက်ဇင် on June 23, 2009 6:53 PM said...

"သက်ဆိုင်သူ ... သို့"
ကဗျာလေးကို
မသက်ဆိုင်သူက လာဖတ်သွားပါတယ်
ပျော်ရွှင်ပါစေ

အိုင်လွယ်ပန် on June 24, 2009 10:21 AM said...

ခံစားသွားပါတယ်ဗျာ ...

Apprenticeship on June 24, 2009 6:23 PM said...

တစ်ယောက်သောသူကလဲ ရေးတတ်သားနော့် :P

ကဗျာမလေး on June 25, 2009 7:35 PM said...

သက်ဆိုင်သူ ... သို့
အားပေးသွားပါတယ် :)

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template