Sunday, June 7, 2009

အလွမ်းနွေ




အလွမ်းဆိုတာ
ခူးယူစားသုံးလို့ကောင်းတဲ့ အရာမဟုတ်ဘူးဆိုတာ သိခဲ့ရင်
လမင်းရေ ...
နင့်မျက်နှာကို ခဏ၀ှက်ပေးထားသင့်တယ် ...

သတိရခြင်းဆိုတာ
ဖက်လှဲတကင်း ပေါင်းသင်းလို့ကောင်းတဲ့အရာမဟုတ်မှန်း သိခဲ့ရင်
လေညင်းရေ ...
ငါရှေ့ကမင်း ကွေကွင်းသွားသင့်တယ် ...

အခုတော့လည်း
လမင်းကသာ
လေညင်းကသင်း
ငါ့ရင်တွင်းမှာလည်း အမှောင်ထူနေပြီ ...

ဗလောင်ဘယ်လိုပဲဆူဆူ
မရှောင်လိုလို့ အတင်းတိုးဝင်ခဲ့မှတော့
သန်းခေါင်ကျော် မိုးလင်းလဲ
အဲဒီအလွမ်းသီချင် ဘယ်ပျင်းနိုင်ပါ့မလဲ ....

လည်စင်းကာခံပါ့မယ်လေ
ဒီတွင်းဟာတော်တော်နက်သမို့
ဘယ်လိုပင် လှမ်းတက်တက်ကွယ်
လွမ်းဂယက်မှာပဲ တစ်ဝဲလည်လည် ...

ပဌာန်းဆက်ရယ် မှန်းသက်ရွယ်
လွမ်းရက်ကယ် ရှည်ကြာလိုက်ပုံများ
ရော်ဝါတွေတောင် ပြန်စိမ်း
နွေလည်မှာ ဖြေမဆယ်နိုင်ဘူး
ဒီမောင်မှာ ရူး ....


ဖြိုးငယ်

11 comments:

GreenGirl on June 7, 2009 6:59 AM said...

မရူးပါနဲ့ဦး မောင်လေးရယ်...

ဝေလေး on June 7, 2009 7:20 AM said...

ဖယောင်းတိုင်... ဟဲ ထပ်မမေးတော့ပါဘူး... :P
ဟုတ်တယ် အဲဒီတွင်းက တော်တော်နက်တာ.... ဘယ်လိုတက်တက်မရ....
နွေလည်မှာရူး ဆိုတော့ကာ..... နေပူလို့နေမှာ... နော့..
:P

မွန် on June 7, 2009 7:38 AM said...

အဲဒီတွင်းဘယ်လောက်နက်နက် လမင်းနဲ့ လေညှင်းနဲ့ ဒီလိုနဲ့ပဲ ဗလောင်ဆူချင်သလောက်ဆူ ရင်ပူချင်သလောက်ပူ နွေမှာပျော်ရဦးမှာပေါ့လေ
ကာရံလေးတွေယူသွားတာ သိပ်သဘောကျမိတယ်

mgngal on June 7, 2009 11:29 AM said...

မပျင်းရင်လည်း မပျင်းနဲ့ 
လည်ရင်လည်း လည်
ရူးရင်လည်း သွက်သွက်ခါအောင်ရူး ။ :P

နွေရောက်ပြီကိုး ။:D

အိုင်လွယ်ပန် on June 7, 2009 12:52 PM said...

တစ်ဝဲလည်လည်ပေါ့ ...
ကောင်းသဗျာ ...

ကဗျာမလေး on June 7, 2009 7:51 PM said...

“နွေလည်မှာ ဖြေမဆယ်နိုင်ဘူး
ဒီမောင်မှာ ရူး ....”
ရူးပြီလားးးးး :P

နေမင်းသံစဉ် on June 11, 2009 12:49 PM said...

နွေဦးက သုန်သုန် လေရူးတွေကတိုက်
နေမြင့်လေ အရူးရင့်လေဖြစ်နေပြီလား :P
အဆင်ပြေရဲ့လား အကို

မသက်ဇင် on June 13, 2009 6:01 AM said...

ပဌာန်းဆက်ရယ် မှန်းသက်ရွယ်
လွမ်းရက်ကယ် ရှည်ကြာလိုက်ပုံများ
ရော်ဝါတွေတောင် ပြန်စိမ်း
နွေလည်မှာ ဖြေမဆယ်နိုင်ဘူး
ဒီမောင်မှာ ရူး ....

ဖြိုးငယ်ရေ
"အလွမ်းနွေ"
နူးညံ့လှပနေပါလား
ခင်မင်လျက်

သက်ထွန်းညိမ်း on June 13, 2009 6:50 AM said...

လွယ်ဘူး လွယ်ဘူး ဟူးးးး
ဒီနှစ်နွေရာသီ လာလည်ရဲတော့ဝူးး)

Apprenticeship on June 16, 2009 12:36 PM said...

အင်း မကောင်းမှန်း သိသိနဲ့ အလွမ်းသီးတွေ ခူးခူးစားနေတော့ ရင်မောရပီပေါ့ :P

myooo.nyan on July 10, 2009 9:22 AM said...

ကဗျာလေးကွာ ဖတ်ရတာ ရင်ထဲမှာ မောသွားတယ်.. ဖတ်တဲ့သူကို ရင်ထဲမှာ တော်တော်လေး ပြည့်ပြည့်၀၀ လွမ်းမောသွားစေတယ်.. ငါ့ညီရေ... အရမ်းကောင်းညီရာ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template