Saturday, July 18, 2009

သူရဲကောင်းတို့ သွေးမြေကျတဲ့နေ့ ....

















ဇူလိုင်ရယ်တဲ့ တစ်ဆယ့်ကိုး
ဘယ်တော့မှ မပုပ်သိုးတဲ့
ရာဇဝင်ရဲ့ အထုပ်အပိုးတစ်ခုက
ရင်ထဲမှာ အုပ်မိုးနေဆဲပါ ....


သခင်မျိုးဟေ့ ဒို့ဗမာလို့
အကြင်ပျိုးခဲ့တဲ့ မျိုးစေ့က
နောင်တစ်နေ့ ကမ္ဘာတည်သ၍
မြန်မာပြည် ခေါင်းမော့နိုင်အောင်ပါ ...

ခွေးလောက်မှ သခင် မချစ်တက်
အသားထဲက လောက်ထွက်
စကောလောက်မှ စောက် မ နက်
ဒေဝဒတ်နဲ့ အမျိုးတော်
ပထွေးကို အဖေခေါ်ဖို့
ဂဠုန်စော ရယ်
သင်တို့မို့ မစဉ်းမစား
မြန်မာပြည်ကို ရေစုန်မျှောစေချင်တာလား ...

ပြန်ပြောရင် အသဲထဲက နာတယ်
ရင်ထဲမှာ မျက်ရည်မိုးက ရွာတယ်
နိုင်ငံတော်ရဲ့ အလံအနီဟာ
ဘာမဏီတဲ့ အာဇာနည်တို့ရဲ့ သွေးတွေနဲ့
ဆေးခြယ်ထားခဲ့သလိုပါပဲ ....

တစ်ဆယ့်ကိုးရယ်တဲ့ ဇူလိုင်
သမိုင်းရဲ့ မိုင်တိုင်တစ်ကွေ့
ဒီနေ့ဒီအချိန်ရောက်ရင်
အာဇာနည်တွေကို ပိုသတိရ
အလံတော်ကို တစ်ဝက်ချလို့
ဦးညွတ်ကြပါစို့ ..........

ဖြိုးငယ်

4 comments:

mikozan on July 18, 2009 7:41 PM said...

ပြန်လည်ကူးယူမျှဝေခွင့်တောင်းပါတယ်
link လဲချိတ်ထားပါ.မယ်

ပြင်စင်ချင်းလဲမပြူပါဘူး

ဧရာဝတီသား on July 18, 2009 11:35 PM said...

အလေးပြုသွားပါတယ် ဗျာ၊ ကဗျာလေးကိုလည်းကူးသွားပါတယ်။

အိုင်လွယ်ပန် on July 19, 2009 11:48 AM said...

နှလုံးသားထဲက ကျလာတဲ့ ကဗျာကောင်းလေးကို
လာရောက် အလေးပြုသွားပါတယ် ။

Apprenticeship on July 22, 2009 9:02 PM said...

ထာဝရ အလေးစားရဆုံး အာဇာနည်တွေပါ....

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template