Saturday, August 15, 2009

ရင်ကွဲ





ခွမ်း .......
..............
..............


တစ်စုံတစ်ခု ထိခိုက်မှုဖြစ်သွားနိုင်သလို
တစ်စုံတစ်ခု ကွဲရှသွားသည်လည်း ဖြစ်နိုင်သည် ...


ပတ်ဝန်းကျင်ကို စေ့စပ်သေချာသော
စူးစမ်းရှာဖွေမှုပြုပြီးသည်နောက်
ထိုအသံကို အဖြေပေးနိုင်သည့်
တစ်စုံတရာသော အကြောင်းအရာမှ မတွေ့ခဲ့ရ ....


သင်္ကာမကင်း ...
သူ့ရင်တွင်း ငုံအကြည့်
တိခနဲ မဟုတ်သော အက်ကွဲကြောင်းတစ်ခုနှင့်
ဘယ်ဘက်ရင်အုံမှ နှလုံးသား ....


မေ့လိုက်ပါတော့ ဆိုတာ
မြန်မာလို ရေတွက်ကြည့်တော့
စာကားလုံး လေးလုံးတည်းရယ်ပါ ...
ဒါပေမဲ့ ...
အဲဒီစကားလုံး လေးလုံးရဲ့အောက်
လူတစ်ယောက်မှာ
အ သက် ပျောက် လု မ တက် .... ။



ဖြိုးငယ်


11 comments:

ဝေလေး on August 15, 2009 5:59 AM said...

ခပ်မြန်မြန် ပြန်ချုပ်လိုက်....
သွေးထွက်လွန်ရင်သေတတ်တယ်.. အသစ်အတိုင်းမဟုတ်တောင်မှ နှလုံးသား တပတ်ရစ်လေးပေါ့.... :)

အမရာ on August 15, 2009 7:07 AM said...

လက်စသတ်တော့
လက်စသတ်တော့ကိုး......

ဧရာဝတီသား on August 15, 2009 8:11 AM said...

စကားလုံး လေးလုံးတည်းနဲ့
ခွမ်း ..ကနဲကွဲတယ့်နှလုံးသားက
ခံစားတတ်လို့ ဖြစ်မယ်နော်

ဘာပဲဖြစ်ဖြစ် ကဗျာလေး လန်းတယ်ဗျာ။
အားပေးသွားပါတယ်။
ခင်မင်လျက်

နွေးနွေးသဲမွန် on August 15, 2009 10:31 AM said...

မေ့လိုက်ပါတော့ ဆိုတာ
မြန်မာလို ရေတွက်ကြည့်တော့
စာကားလုံး လေးလုံးတည်းရယ်ပါ ...
ဒါပေမဲ့ ...
အဲဒီစကားလုံး လေးလုံးရဲ့အောက်
လူတစ်ယောက်မှာ
အ သက် ပျောက် လု မ တက် ....<--- ခံစားမိပါတယ်...ဖြိုးငယ်

သက်ထွန်းညိမ်း on August 15, 2009 12:29 PM said...

ငါ့ဆရာ ကွဲပြဲနေပြီလားး)

ဆောင်းယွန်းလ on August 15, 2009 5:04 PM said...

ရင်ကွဲတဲ့အသံတော်တော်ကျယ်ပုံရတယ်
အဆင်ပြေမယ့်ရင်ကြားစေ့နည်းလမ်းလေးတွေမရှိတော့
ဘူးလားညီလေးရေ

mgngal on August 15, 2009 7:03 PM said...

အဲလို မဖြစ်ပါစေနဲ့ ဗျာ ။
ဒါပဲ ပြောတတ်တော့တယ် ကဗျာခံစားမိသမျှ ။

မောင်ခင်လေး on August 16, 2009 3:54 AM said...

ကိုဖြိုး ရေ ခပ်များများတော့မဟုတ်ဘူး ရင်လေးကွဲသွားရုံပါ
:) အားလုံးချစ်သောသူနဲ့ အဆင်ပြေပါစေ :P

အိုင်လွယ်ပန် on August 16, 2009 1:26 PM said...

ချစ်ရဲခဲ့တာ ကွဲရဲ ဖို့မဟုတ်လားတဲ့ ...
အေးဗျာ ...
ပြောတော့သာ လွယ်တာ .....

မောင်နွေသစ် on August 16, 2009 2:04 PM said...

စကားလုံးလေးလုံးရဲ့အောက်
လူတစ်ယောက်မှာ အသက်ပျောက်လုမတက်

လှတယ်အကိုရေ...
အားပေးလျက်ပါဗျာ...

Apprenticeship on August 17, 2009 7:51 AM said...

ဒါဆိုရင် ဆက်ချစ်ပါလို့ အားပေးလိုက်မယ်... ချစ်တယ် ဆိုတာ နှစ်ဦးနှစ်ဖက်ပါမှ ချစ်နေလို့ရတာ မဟုတ်ဘူးလေ.... ချစ်နေတယ်ဆိုတဲ့ရသနဲ့တင် ပြည့်စုံနေတတ်တာ :P ဟုတ်လားတော့မသိဝူး မှားသွားလဲ ပြောပေါ့ ကဗျာဆရာ :D :P

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template