Tuesday, October 6, 2009

ဖြစ်ရိုးဖြစ်စဉ်




ပန်းတွေကြွေတဲ့ အလှ
ကြယ်တွေကြွေတဲ့ ည
ကျွန်တော်ကြွေတဲ့ သူမ ...

ပန်းတွေကို လေပြေက ခြွေတယ်
ကြယ်တွေကို ဘယ်သူက ခြွေသလဲ
( သေချာတာက )
ကျွန်တော့်နှလုံးသားကို သူမက ခြွေချတယ် ....

အသင်္ချေမက တစ်သွင်သွင်ကျလာတဲ့
ကျွန်တော့်နှလုံးသွေးတို့ရဲ့ တောင်းဆိုမှုက
သူမရဲ့ ရင်ခုန်သံ ရမ်သမ်တွေကလွဲပြီး အခြားမရှိခဲ့ ....

ထိုသို့သော အကြောင်းများကြောင့်
ပန်းကြွေတဲ့ အလှကိုငေး
ကျွန်တော့်ကြွေတဲ့ သူမအကြောင်းတွေး
ကြယ်ကြွေတဲ့ ညတွေမှာပဲ ဆုလေးတွေပဲတောင်းတော့မယ် ....



ဖြိုးငယ်


7 comments:

emayarKhin on October 6, 2009 at 5:31 AM said...

ပန်းတွေကြွေတဲ့ အလှ
ကြယ်တွေကြွေတဲ့ ည
ကျွန်တော်ကြွေတဲ့ သူမ ...
အကိုရေ..အစမှာတည်းကိုက
ပန်းဝင်နေပြီ...စာသားက

လွမ်းသုရင် on October 8, 2009 at 6:14 AM said...

ပန်းတွေကြွေတဲ့ အလှ
ကြယ်တွေကြွေတဲ့ ည
ကျွန်တော်ကြွေတဲ့ သူမ ...

စလိုက်ကတည်းက ဖတ်မိတဲ့သူပါ ကြွေသွားပြီ :)

က+ဗျာ+လှည်း on October 9, 2009 at 1:33 PM said...

ကြယ်ကြွေသွားပြီ...။ ဆုတောင်းလေ ဘာလုပ်နေတာလဲ။ :D :P

ရောင်ပြန် on October 10, 2009 at 11:43 AM said...

ကဗျာက လန်းတယ်.....

Army Soul on November 18, 2009 at 2:02 AM said...

ကြွေတဲ့ပန်း မြေ၀ယ်သမ်းပေမယ့်
ကြွေတဲ့အချစ် ရင်မှာဖြစ်တဲ့
နှိုင်းယှဉ်မှုက ကြွယ်ကြွေညတောင်
ဘယ်နေ မရအောင်
ရေးစပ်လေတဲ့ ဖြစ်ရိုးဖြစ်စဉ်
ကဗျာသံစဉ်လေးကို....ချီးကျူးပါတယ်.
အမောင်ဖြိုးငယ်..

Unknown on November 23, 2009 at 7:56 PM said...

အကို့ စာသားတွေကလဲ ကြွေလောက်ပါတယ်
ဒါမို့ တခြားအကိုတွေက ဆရာတင်တာပေါ့
:) ယုံပါပီ ဆရာကြီးဆိုတာ

mabaydar on December 18, 2011 at 6:01 PM said...

ဒီကဗျာတော့ Heart ထိတယ်... ဟုတ်ဟုတ်မဟုတ်ဟုတ် ဒါမျိုးကဗျာလေးနဲ့ ရည်းစားစာလာပေးရင် ရင်ခုန်မိမှာပဲ.. ဟား... ဟား...

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template