Tuesday, October 13, 2009

နှစ်ဦးပိုင် နှလုံးသားဗေဒ




တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ သင်္ချာ မှာ
တစ် နဲ့ တစ် ပေါင်းရင် နှစ်
( ဒါမှမဟုတ် )
သုည ဆိုတဲ့ အဖြေပဲ ရတယ်
နင်နဲ့ ငါ နှစ်ယောက်ရဲ့ သင်္ချာမှာ
တစ် နဲ့ တစ် ပေါင်းရင်
တစ် ပဲ ရတယ် ချစ်သူ ...

အများက ပြောကြတယ် ...
အချစ် နဲ့ အချစ် ပေါင်းရင်
အချစ် ပဲ ရတယ်တဲ့ ...
ငါတို့ နှစ်ယောက်ရဲ့ နှလုံးသားဗေဒ မှာ
အချစ် နဲ့ အချစ် ပေါင်းရင်
နားလည်မှု နဲ့ ယုံကြည်မှုတွေ ရတယ် ချစ်သူ ...

တစ်ချို့က ပြောသေးတယ် ...
အချစ်ဆိုတာ အာဒံ နဲ့ ဧဝ က စ တယ်တဲ့
ငါကတော့ မထင်ပါဘူးချစ်သူ ...
ငါတို့နှစ်ယောက်အတွက်
အချစ်ဆိုတာ နင် နဲ့ ငါ ကပဲ စ တယ် ချစ်သူ ...

လူတိုင်း လိုလိုက အရာရာကို
လောကဗေဒ နဲ့ နှိုင်းဆလှုပ်ရှားကြတယ်
နင် နဲ့ ငါ ကတော့
နှစ်ဦးပိုင် နှလုံးသားဗေဒ နဲ့ ရှင်သန်ကြမယ်
မနက်ဖြန်တိုင်း ပွင့်မယ့် အချစ်ပန်း
နင်ရော ငါရော နမ်းခွင့်ရစေမယ် ....
အချိန်တိုင်း ဆန်းတင့်ရစေမယ်
ရင်ခုန်တိုင်း လန်းပွင့်ရစေမယ်
လန်းပွင့်ရစေမယ် ....
လန်းပွင့်ရစေမယ် ..
လန်းပွင့်ရစေမယ်
လန်းပွင့်ရစေ ..
လန်းပွင့်ရ ..
လန်းပွင့် ..
လန်း ..



ဖြိုးငယ်

7 comments:

အိုင်လွယ်ပန် on October 13, 2009 at 10:47 AM said...

ဒါပေါ့ဗျာ ..
နှစ်ဦးနှစ်ဖက် နားလည်မှုသာ
ရှိနေရင် ....
ပူလောင်နေတဲ့ မီးဆိုတာကတောင်
အေးမြလို့ :)

မီမို on October 14, 2009 at 2:08 AM said...

သိပ်လှတဲ့ကဗျာလေးတစ်ပုဒ်ပါပဲ

emayarKhin on October 14, 2009 at 2:43 AM said...

နှစ်ဦးပိုင်နှလုံးသားဗေဒတွေ..
အချိန်တိုင်း..လန်းပွင့်နိုင်ပါစေ..

ဆောင်းယွန်းလ on October 15, 2009 at 9:17 PM said...

ကဗျာလေးခံစားသွားတယ်ညီလေးရေ...

အဆင်ပြေပါစေ

ဆောင်းယွန်းလ on October 15, 2009 at 9:17 PM said...

ကဗျာလေးခံစားသွားတယ်ညီလေးရေ...

အဆင်ပြေပါစေ

အလင်းရောင် on October 31, 2009 at 12:03 AM said...

အချိန်တိုင်းပွင့်လန်းနေလို့ထင်ပါရဲ့ အချိန်တိုင်းကဗျာတွေရေး နေတယ်နေမှာ...။

သိင်္ဂါကျော် on November 6, 2009 at 6:52 AM said...

နှလုံးသားဗေဒ ဆိုတာ နှစ်ဦးနှစ်ဖက် ခံစားချက်ညီဖို့ပဲ လိုတာပါ။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template