ပန်းတွေကြွေတဲ့ အလှ
ကြယ်တွေကြွေတဲ့ ည
ကျွန်တော်ကြွေတဲ့ သူမ ...
ပန်းတွေကို လေပြေက ခြွေတယ်
ကြယ်တွေကို ဘယ်သူက ခြွေသလဲ
( သေချာတာက )
ကျွန်တော့်နှလုံးသားကို သူမက ခြွေချတယ် ....
အသင်္ချေမက တစ်သွင်သွင်ကျလာတဲ့
ကျွန်တော့်နှလုံးသွေးတို့ရဲ့ တောင်းဆိုမှုက
သူမရဲ့ ရင်ခုန်သံ ရမ်သမ်တွေကလွဲပြီး အခြားမရှိခဲ့ ....
ထိုသို့သော အကြောင်းများကြောင့်
ပန်းကြွေတဲ့ အလှကိုငေး
ကျွန်တော့်ကြွေတဲ့ သူမအကြောင်းတွေး
ကြယ်ကြွေတဲ့ ညတွေမှာပဲ ဆုလေးတွေပဲတောင်းတော့မယ် ....
ဖြိုးငယ်

7 comments:
ပန်းတွေကြွေတဲ့ အလှ
ကြယ်တွေကြွေတဲ့ ည
ကျွန်တော်ကြွေတဲ့ သူမ ...
အကိုရေ..အစမှာတည်းကိုက
ပန်းဝင်နေပြီ...စာသားက
ပန်းတွေကြွေတဲ့ အလှ
ကြယ်တွေကြွေတဲ့ ည
ကျွန်တော်ကြွေတဲ့ သူမ ...
စလိုက်ကတည်းက ဖတ်မိတဲ့သူပါ ကြွေသွားပြီ :)
ကြယ်ကြွေသွားပြီ...။ ဆုတောင်းလေ ဘာလုပ်နေတာလဲ။ :D :P
ကဗျာက လန်းတယ်.....
ကြွေတဲ့ပန်း မြေ၀ယ်သမ်းပေမယ့်
ကြွေတဲ့အချစ် ရင်မှာဖြစ်တဲ့
နှိုင်းယှဉ်မှုက ကြွယ်ကြွေညတောင်
ဘယ်နေ မရအောင်
ရေးစပ်လေတဲ့ ဖြစ်ရိုးဖြစ်စဉ်
ကဗျာသံစဉ်လေးကို....ချီးကျူးပါတယ်.
အမောင်ဖြိုးငယ်..
အကို့ စာသားတွေကလဲ ကြွေလောက်ပါတယ်
ဒါမို့ တခြားအကိုတွေက ဆရာတင်တာပေါ့
:) ယုံပါပီ ဆရာကြီးဆိုတာ
ဒီကဗျာတော့ Heart ထိတယ်... ဟုတ်ဟုတ်မဟုတ်ဟုတ် ဒါမျိုးကဗျာလေးနဲ့ ရည်းစားစာလာပေးရင် ရင်ခုန်မိမှာပဲ.. ဟား... ဟား...
Post a Comment