Saturday, July 18, 2009

သူရဲကောင်းတို့ သွေးမြေကျတဲ့နေ့ ....

4 comments















ဇူလိုင်ရယ်တဲ့ တစ်ဆယ့်ကိုး
ဘယ်တော့မှ မပုပ်သိုးတဲ့
ရာဇဝင်ရဲ့ အထုပ်အပိုးတစ်ခုက
ရင်ထဲမှာ အုပ်မိုးနေဆဲပါ ....


သခင်မျိုးဟေ့ ဒို့ဗမာလို့
အကြင်ပျိုးခဲ့တဲ့ မျိုးစေ့က
နောင်တစ်နေ့ ကမ္ဘာတည်သ၍
မြန်မာပြည် ခေါင်းမော့နိုင်အောင်ပါ ...

ခွေးလောက်မှ သခင် မချစ်တက်
အသားထဲက လောက်ထွက်
စကောလောက်မှ စောက် မ နက်
ဒေဝဒတ်နဲ့ အမျိုးတော်
ပထွေးကို အဖေခေါ်ဖို့
ဂဠုန်စော ရယ်
သင်တို့မို့ မစဉ်းမစား
မြန်မာပြည်ကို ရေစုန်မျှောစေချင်တာလား ...

ပြန်ပြောရင် အသဲထဲက နာတယ်
ရင်ထဲမှာ မျက်ရည်မိုးက ရွာတယ်
နိုင်ငံတော်ရဲ့ အလံအနီဟာ
ဘာမဏီတဲ့ အာဇာနည်တို့ရဲ့ သွေးတွေနဲ့
ဆေးခြယ်ထားခဲ့သလိုပါပဲ ....

တစ်ဆယ့်ကိုးရယ်တဲ့ ဇူလိုင်
သမိုင်းရဲ့ မိုင်တိုင်တစ်ကွေ့
ဒီနေ့ဒီအချိန်ရောက်ရင်
အာဇာနည်တွေကို ပိုသတိရ
အလံတော်ကို တစ်ဝက်ချလို့
ဦးညွတ်ကြပါစို့ ..........

ဖြိုးငယ်

Wednesday, July 15, 2009

နွေညနေခင်းထဲ ပျံ့လွင့်ခြင်း

5 comments



ညနေခင်း
လေညင်းကသင်းသင်း
ဘယ်သူဖန်ဆင်းလိုက်မှန်းမသိတဲ့ နတ်သမီးတစ်ပါးကြောင့်
ဝေဝေဝါးဝါး
တစ်လောကလုံးအသက်ရှုမှားသွားကြတယ် ....

လူပျိုတစ်သိုက်
ကျန်းမာရေးလိုက်စားကြပုံများ
ခြင်းလုံးကစားသူ ကစား
ဘောလုံးကစားသူ ကစား
အရာအားလုံးဟာ အသက်ဝင်ခဲ့တယ် ....

မျက်မမြင်တစ်ယောက်တောင်မှ
လွင့်စင်လာတဲ့ လေညင်း
အဆုပ်တွင်း ခပ်ပြင်းပြင်းသွင်းရှိုက်
ပန်းရနံ့လေးတွေ ခိုးလိုက်သေးတယ် .....

ပင်ပန်းပြီထင်ရဲ့ ...
နေမင်းက သီချင်းမဆိုပဲ
ကျွန်းညိုဆီကို ကွန်းခိုတယ်
ကျေးငှက်တို့ကလည်း အချစ်ပိုလိုက်ပုံများ
မောင်နှံလိုက် ပျံသန်းသွားသေးတယ် ....

နွေရဲ့ညနေခင်း
ကြွေလဲ့မျက်ရည် မဆင်းကောင်းပါဘူး
အတွင်းဟောင်း လွမ်းငွေ့တစ်ချို့က
လှမ်းတွေ့နေရတဲ့ အရာအားလုံးကိုလည်း စိတ်မဝင်စားခဲ့ဘူး ...
သူတို့သခင်မအပါးမှာပဲ ခိုနားချင်ကြသတဲ့ ....

အပိုစကားတွေလို့
နွေပျော်ငှက်တို့က ဆိုချင်ဆိုမယ်
လိုနေတဲ့ ကွက်လပ်
ဘယ်အရာနဲ့ဖြည့်စွက်ရမယ်မှန်း သူတို့မှ မသိခဲ့တာ ....

သတိထပ်ခါ မရချင်လို့
ခပ်ပြင်းပြင်းတစ်ခါ ရှိုက်
မီးခိုးတွေလွင့်လိုက်ပါရဲ့
ငါ့ရဲ့မိုက်ပြစ်အောက်မှာ
ပြာကြွေတို့ရဲ့ မျက်ရည်ချပ်များ ....

ခါးသက်သက် ကော်ဖီတစ်ခွက်နဲ့ပဲ
မလျှော်ညီတဲ့ အရပ်မှာ အသားကျ
ခပ်ဖွဖွတိုက်နေတဲ့ နွေလေညင်းက
ငါ့ရင်တွင်းအပူကို
ငြိမ်းချမ်းအောင် မကူနိုင်သေးဘူးလေ ....

အလွမ်း .. အလွမ်း .. အလွမ်း ...
ဘာကြောင့်လွမ်းရသလဲ ...
ဘာကိုလွမ်းရသလဲ ...
စကားလုံး ကြမ်းကြမ်းတွေ
မေးခွန်း ဆန်းဆန်းတွေ မမေးပါနဲ့
အလွမ်းဆိုတာ ရာသီလိုက်ပွင့်တဲ့ ပန်းမဟုတ်ဘူး ....
ထာဝရ လန်းဆန်းနေတဲ့ သစ်ပင်ပါ ....

မွေးမြေကို လွမ်းတယ်
အိမ်ကို လွမ်းတယ်
မိဘကို လွမ်းတယ်
ချစ်သူကို လွမ်းတယ်
တော်ပါတော့ လေသရမ်းတွေရယ်
ငါ့ကို ထပ်မနမ်းကြပါနဲ့
ငါ့ရင်လည်း အလွမ်းတွေထမ်းရတာ မောပန်းနေပြီ ...

နွေညနေချမ်းရဲ့အလှကို
ငါ့ဘက်ကလည်း တက်နိုင်သမျှဖြည့်ဆည်းဖို့
အိပ်တန်းတက် ငှက်တွေကို ငေး
သီချင်းလေးတစ်ပုဒ်ကိုတွေးရင်း
လေပြေတိုက်တိုင်း ဆုတောင်းမယ် ....

ဖြိုးငယ်

Friday, July 3, 2009

ရင်ခွင်တံခါးက ပေါက်ကွဲသံ ( ၁ )

9 comments




တစ်တောလုံးကြွေခဲ့တာတောင်
အလွမ်းတွေ မသေသေးဘူး ...

တစ်ဝုန်းဝုန်း သည်းခဲ့တာတောင်
ကဗျာတွေ မကွဲသေးဘူး ...

တစ်ခါတည်းပါ ဆိုရင်တောင်
အသည်းက နာလှပြီ

ကဗျာထဲမှာ ဆိုရင်တောင်
မဲက ဗလာကျသည်

ဟော ဟိုမှာကြားလား ...
အလွမ်းနဲ့ကဗျာ စီးချင်းထိုး
( အဲဒီရင်ခွင်မှာ )
ဘယ်တန်ခိုးရှင်က သခွတ်ပန်း ပွင့်ပေးနိုင်မလဲ ....

ဖြိုးငယ်



 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template